Spots news

ရော်နယ်ဒို ပါဝင်လာပြီဖြစ်တဲ့ မန်ယူရဲ့ချန်ပီယံလိဂ် ၂၅ ယောက် အပြီးသတ်လူစာရင်း

Unicode Version

ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာတာ ယူနိုက်တက် အသင်းဟာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားရန် အတွက် အသင်းရဲ့ ရွေးချယ်ထားတဲ့ ကစားသမား ၂၅ ယောက် စားရင်းအား တရား‌၀င် register ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

 

မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ယှဉ်ပြိုင် ကစားမည့် ကစားသမား ၂၅ ယောက် စာရင်းမှာ ဂိုးသမားအနေနဲ့ ဒေးဗစ်ဒီဂီယာ ၊ လူငယ်ဂိုးသမား ဟန်ဒါဆန် နှင့် ယခုနွေရာသီမှာ အသစ်ခေါ်ယူထားတဲ့ တွမ်ဟီတန် တို့ ပါဝင်လာပါတယ်။

ခံစစ်ကစားသမားများ အနေနဲ့ ကတော့ ညာနောက်ခံကစားသမားများ အနေနဲ့ ဒါးလော့ ၊ ဝမ်ဘစ်ဆာကာ တို့ကိုရွေးချယ်ထားပြီး ဗဟိုခံစစ်မှူးများ ဖြစ်ကြတဲ့ အဲရစ်ဘိုင်လီ ၊ ရီးရဲလ်မက်ဒရစ် အသင်းမှ ပြောင်းရွေ့လာတဲ့ ခံစစ်မှူး အသစ် ဗာရန်း ၊ မက်ဂွိုင်းယား နဲ့ လင်ဒီလော့ဖ် တို့ဖြစ်ပြီး ဘယ်ခြမ်းအတွက် အဲလက်စ်တဲလက်စ် နဲ့ လုရှော တို့ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ကွင်းလယ်နေရာအတွက် ဝါရင့် ကွင်းလယ်ကစားသမား မာတစ် ၊ တော်မီနေး ၊ ဖရက်ဒ် တို့နဲ့အတူ ဗန်ဒီဘိခ် ၊ ဝါရင့်ကွင်းလယ်လူ မာတာ ၊ ဂျက်စီ လင်ဂတ် တို့နဲ့အတူ အဓိက ကွင်းလယ်ကစားသမား နှစ်ဦးဖြစ်တဲ့ ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ် တို့ပါဝင်ပါတယ်။

တိုက်စစ်အတွက်တော့ ယူနိုက်တက်ကို အသစ်ရောက်ရှိလာတဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချို ၊ လူငယ်ကစားသမား အာမက်ဒီယာလို ၊ မားကပ်ရက်ရှ်ဖိုဒ့် ၊ မာရှယ် ၊ ဝါရင့်တိုက်စစ်မှူး ကာ‌ဗာနီ တို့အနဲ့ အတူ အသင်းဟောင်းကို ပြန်လည် ပြောင်းရွေ့လာတဲ့ ဝါရင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော််နယ်ဒိုလဲ ပါဝင်ပါတယ်။ Home Grown Player အဖြစ် ဂရင်းဝုဒ်လဲ ပါဝင်ပါတယ်။

Home Grown Player ဆိုတာက အင်္ဂလန်ရှိ မည်သည့်ကလပ်တွင်မဆို အသက် ၁၆ မှ ၂၁ နှစ်အထိ (စီနီယာ or လူငယ် လက်ရွေးစင်) တို့မှာ အနည်းဆုံး ၃ နှစ် ကစားခဲ့ဖူးသော ကစားသမားကို ဆိုလိုတာပါ။ အသင်းတိုင်းဟာ ၎င်းတို့ရဲ့

ကစားသမား ၂၅ ယောက်စာရင်းမှာ Home Grown Player အနည်းဆုံး ၈ ဦး ထည့်သွင်းရမည် ဖြစ်ပြီး အသက် ၂၁ နှစ်အောက် လူငယ်ကစားသမားများကိုမူ လူစာရင်းတွင် ထည့်သွင်းစရာမလိုပဲ စိတ်ကြိုက်ခေါ်ယူ ကစားခွင့်ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် အုပ်စု F တွင်ကျရောက်နေပြီး မနှစ်က ယူရိုပါလိဂ် ဖိုင်နယ်မှာ တွေ့ဆုံခဲ့တဲ့ ဗီလာရီးရဲလ် ၊ အတ္တလန္တာ ၊ Young Boys အသင်းတို့နဲ့ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ မန္ခ်က္စတာတာ ယူနိုက္တက္ အသင္းဟာ ဥေရာပ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ကစားရန္ အတြက္ အသင္းရဲ႕ ေ႐ြးခ်ယ္ထားတဲ့ ကစားသမား ၂၅ ေယာက္ စားရင္းအား တရား‌၀င္ register ျပဳလုပ္ခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ခ်န္ပီယံလိဂ္ ယွဥ္ၿပိဳင္ ကစားမည့္ ကစားသမား ၂၅ ေယာက္ စာရင္းမွာ ဂိုးသမားအေနနဲ႕ ေဒးဗစ္ဒီဂီယာ ၊ လူငယ္ဂိုးသမား ဟန္ဒါဆန္ ႏွင့္ ယခုေႏြရာသီမွာ အသစ္ေခၚယူထားတဲ့ တြမ္ဟီတန္ တို႔ ပါဝင္လာပါတယ္။

ခံစစ္ကစားသမားမ်ား အေနနဲ႕ ကေတာ့ ညာေနာက္ခံကစားသမားမ်ား အေနနဲ႕ ဒါးေလာ့ ၊ ဝမ္ဘစ္ဆာကာ တို႔ကိုေ႐ြးခ်ယ္ထားၿပီး ဗဟိုခံစစ္မႉးမ်ား ျဖစ္ၾကတဲ့ အဲရစ္ဘိုင္လီ ၊ ရီးရဲလ္မက္ဒရစ္ အသင္းမွ ေျပာင္းေ႐ြ႕လာတဲ့ ခံစစ္မႉး အသစ္ ဗာရန္း ၊ မက္ဂြိုင္းယား နဲ႕ လင္ဒီေလာ့ဖ္ တို႔ျဖစ္ၿပီး ဘယ္ျခမ္းအတြက္ အဲလက္စ္တဲလက္စ္ နဲ႕ လုေရွာ တို႔ ျဖစ္ပါတယ္။

ယူနိုက္တက္ရဲ႕ ကြင္းလယ္ေနရာအတြက္ ဝါရင့္ ကြင္းလယ္ကစားသမား မာတစ္ ၊ ေတာ္မီေနး ၊ ဖရက္ဒ္ တို႔နဲ႕အတူ ဗန္ဒီဘိခ္ ၊ ဝါရင့္ကြင္းလယ္လူ မာတာ ၊ ဂ်က္စီ လင္ဂတ္ တို႔နဲ႕အတူ အဓိက ကြင္းလယ္ကစားသမား ႏွစ္ဦးျဖစ္တဲ့ ေပါ့ဘာနဲ႕ ဘ႐ူနို ဖာနန္ဒက္စ္ တို႔ပါဝင္ပါတယ္။

တိုက္စစ္အတြက္ေတာ့ ယူနိုက္တက္ကို အသစ္ေရာက္ရွိလာတဲ့ ေတာင္ပံကစားသမား ေဂ်ဒန္ဆန္ခ်ိဳ ၊ လူငယ္ကစားသမား အာမက္ဒီယာလို ၊ မားကပ္ရက္ရွ္ဖိုဒ့္ ၊ မာရွယ္ ၊ ဝါရင့္တိုက္စစ္မႉး ကာ‌ဗာနီ တို႔အနဲ႕ အတူ အသင္းေဟာင္းကို ျပန္လည္ ေျပာင္းေ႐ြ႕လာတဲ့ ဝါရင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္္နယ္ဒိုလဲ ပါဝင္ပါတယ္။ Home Grown Player အျဖစ္ ဂရင္းဝုဒ္လဲ ပါဝင္ပါတယ္။

Home Grown Player ဆိုတာက အဂၤလန္ရွိ မည္သည့္ကလပ္တြင္မဆို အသက္ ၁၆ မွ ၂၁ ႏွစ္အထိ (စီနီယာ or လူငယ္ လက္ေ႐ြးစင္) တို႔မွာ အနည္းဆုံး ၃ ႏွစ္ ကစားခဲ့ဖူးေသာ ကစားသမားကို ဆိုလိုတာပါ။ အသင္းတိုင္းဟာ ၎တို႔ရဲ႕

ကစားသမား ၂၅ ေယာက္စာရင္းမွာ Home Grown Player အနည္းဆုံး ၈ ဦး ထည့္သြင္းရမည္ ျဖစ္ၿပီး အသက္ ၂၁ ႏွစ္ေအာက္ လူငယ္ကစားသမားမ်ားကိုမူ လူစာရင္းတြင္ ထည့္သြင္းစရာမလိုပဲ စိတ္ႀကိဳက္ေခၚယူ ကစားခြင့္ရွိပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စု F တြင္က်ေရာက္ေနၿပီး မႏွစ္က ယူရိုပါလိဂ္ ဖိုင္နယ္မွာ ေတြ႕ဆုံခဲ့တဲ့ ဗီလာရီးရဲလ္ ၊ အတၱလႏၲာ ၊ Young Boys အသင္းတို႔နဲ႕ယွဥ္ၿပိဳင္သြားရမွာပဲ ျဖစ္ပါတယ္။