Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ရော်နယ်ဒို ပထမဆုံးပြန်လည်ကစားပေးဖွယ်ရာရှိနေတဲ့ နယူးကာဆယ်နဲ့ပွဲစဉ်လက်မှတ်တွေဟာ ကုန်စင်အောင်ရောင်းချပြီးခဲ့ပြီလို့ သိရပါတယ်။ ယူနိုက်တက်ကို ၁၂ နှစ်အကြာမှာ ပြန်လည်ရောက်ရှိလာတဲ့
ရော်နယ်ဒိုရဲ့ခြေစွမ်းကို ကြည့်ရှုဖို့အတွက် ပရိသတ်တွေက စိတ်အားထက်သန်နေကြတာဖြစ်ပြီး ဝက်ဘ်ဆိုက်တချို့မှာ လက်မှတ်တစ်စောင်ကို ပေါင် ၂၅၀၀ ( မြန်မာငွေ သိန်း ၄၀ ကျော် ) အထိ ဖြစ်ခဲ့တယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။
အဆိုပါပွဲစဉ်ကိုတော့ စက်တင်ဘာလ ၁၁ ရက်နေ့မှာကစားရမှာဖြစ်ပြီး ရော်နယ်ဒိုပါဝင်ကစားပေးမယ်လို့ သေချာပေါက်ယုံကြည်ရပါတယ်။ နိုင်ငံတကာပွဲစဉ်တွေရှိနေပေမယ့်လည်း ရော်နယ်ဒိုဟာ အိုင်ယာလန်ကို
အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးသွင်းပြီးနောက် ဂျာစီချွတ်အောင်ပွဲခံခဲ့လို့ အဝါကတ်ပြားပြသခံခဲ့ရပြီး ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလိုက်ရပြီဖြစ်လို့ အဇာဘိုင်ဂျန်နဲ့ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။
လက်ရှိမှာလည်း ရော်နယ်ဒိုကို လက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ မရှိတော့တာကြောင့် ယူနိုက်တက်နဲ့ အမြန်ဆုံးပူးပေါင်းနိုင်စေဖို့ ပေါ်တူဂီအသင်းက ခွင့်ပြုချက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ပေါ်တူဂီတိုက်စစ်မှူးဟာ နယူးကာဆယ်နဲ့ပွဲကို အင်အားပြည့်၊ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားပေးနိုင်ဖို့ရှိနေပြီး သူ ပါဝင်ကစားမယ်လို့လည်း အားလုံးက မျှော်လင့်နေကြတာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် လက်မှတ်တန်ဖိုးဟာ ပေါင် ၂၃၀ သာ ရှိပေမယ့်လည်း တချို့ဝက်ဘ်ဆိုက်တွေမှာ ပေါင် ၅၀၀ နဲ့ ရောင်းချနေခဲ့ကြပါတယ်။ အမေရိကန်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ StubHub မှာတော့ ကွင်းနဲ့အနီးဆုံးနေရာအတွက်
လက်မှတ်တွေကို ပေါင် ၂၅၁၄ နဲ့ ရောင်းချနေတယ်လို့လည်း The Times က ဖော်ပြခဲ့ကာ ယူနိုက်တက်အသင်းကတော့ အဆိုပါဝက်ဘ်ဆိုက်တွေကနေ မဝယ်ယူဖို့အတွက် တိုက်တွန်းမှုတွေပြုလုပ်ခဲ့ပါတယ်။
Zawgyi Version
မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ေရာ္နယ္ဒို ပထမဆုံးျပန္လည္ကစားေပးဖြယ္ရာရွိေနတဲ့ နယူးကာဆယ္နဲ႕ပြဲစဥ္လက္မွတ္ေတြဟာ ကုန္စင္ေအာင္ေရာင္းခ်ၿပီးခဲ့ၿပီလို႔ သိရပါတယ္။ ယူနိုက္တက္ကို ၁၂ ႏွစ္အၾကာမွာ ျပန္လည္ေရာက္ရွိလာတဲ့
ေရာ္နယ္ဒိုရဲ႕ေျခစြမ္းကို ၾကည့္ရႈဖို႔အတြက္ ပရိသတ္ေတြက စိတ္အားထက္သန္ေနၾကတာျဖစ္ၿပီး ဝက္ဘ္ဆိုက္တခ်ိဳ႕မွာ လက္မွတ္တစ္ေစာင္ကို ေပါင္ ၂၅၀၀ ( ျမန္မာေငြ သိန္း ၄၀ ေက်ာ္ ) အထိေတာင္မွ ျဖစ္ခဲ့တယ္လို႔ Daily Star က ေဖာ္ျပခဲ့ပါတယ္။
အဆိုပါပြဲစဥ္ကိုေတာ့ စက္တင္ဘာလ ၁၁ ရက္ေန႕မွာကစားရမွာျဖစ္ၿပီး ေရာ္နယ္ဒိုပါဝင္ကစားေပးမယ္လို႔ ေသခ်ာေပါက္ယုံၾကည္ရပါတယ္။ နိုင္ငံတကာပြဲစဥ္ေတြရွိေနေပမယ့္လည္း ေရာ္နယ္ဒိုဟာ အိုင္ယာလန္ကို
အနိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္ အနိုင္ဂိုးသြင္းၿပီးေနာက္ ဂ်ာစီခြၽတ္ေအာင္ပြဲခံခဲ့လို႔ အဝါကတ္ျပားျပသခံခဲ့ရၿပီး ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရၿပီျဖစ္လို႔ အဇာဘိုင္ဂ်န္နဲ႕ပြဲကို လြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။
လက္ရွိမွာလည္း ေရာ္နယ္ဒိုကို လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးဖို႔မရွိေတာ့တာေၾကာင့္ ယူနိုက္တက္နဲ႕ အျမန္ဆုံးပူးေပါင္းနိုင္ေစဖို႔ ေပၚတူဂီအသင္းက ခြင့္ျပဳခ်က္ေပးခဲ့တယ္လို႔ သိရပါတယ္။
ဒါေၾကာင့္ ေပၚတူဂီတိုက္စစ္မႉးဟာ နယူးကာဆယ္နဲ႕ပြဲကို အင္ျပည့္အားျပည့္၊ ႀကံ့ခိုင္မႈအျပည့္နဲ႕ ကစားေပးနိုင္ဖို႔ရွိေနၿပီး သူ ပါဝင္ကစားမယ္လို႔လည္း အားလုံးက ေမွ်ာ္လင့္ေနၾကတာျဖစ္ပါတယ္။
ပုံမွန္အားျဖင့္ လက္မွတ္တန္ဖိုးဟာ ေပါင္ ၂၃၀ သာ ရွိေပမယ့္လည္း တခ်ိဳ႕ဝက္ဘ္ဆိုက္ေတြမွာ ေပါင္ ၅၀၀ နဲ႕ ေရာင္းခ်ေနခဲ့ၾကပါတယ္။ အေမရိကန္ဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ StubHub မွာေတာ့ ကြင္းနဲ႕အနီးဆုံးေနရာအတြက္
လက္မွတ္ေတြကို ေပါင္ ၂၅၁၄ နဲ႕ ေရာင္းခ်ေနတယ္လို႔လည္း The Times က ေဖာ္ျပခဲ့ကာ ယူနိုက္တက္အသင္းကေတာ့ အဆိုပါဝက္ဘ္ဆိုက္ေတြကေန မဝယ္ယူဖို႔အတြက္ တိုက္တြန္းမႈေတြျပဳလုပ္ခဲ့ပါတယ္။