Spots news

ယခုရာသီမှာ ဂိုး ၃၀ အထိသွင်းယူဖို့ ကြိုးစားမယ်ဆိုတဲ့ လီဗာပူးတိုက်စစ်မှူး မာနေ

Unicode Version

ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး မာနေက  ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ဂိုး ၃၀ အထိ သွင်းနိုင်ရန် ပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဆီနီဂေါတိုက်စစ်ကစားသမား မာနေဟာ ၂၀၁၆ နွေရာသီအပြောင်းအရွှေ့ကာလက ဆောက်သမ်တန်အသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွေ့ကြေး ပေါင် ၃၄ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

မာနေဟာ လီဗာပူးအသင်းနဲ့အတူ  ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ် ချန်ပီယံဆုများကို ရယူနိုင်ခဲ့ပြီး လီဗာပူးအသင်းမှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ သို့ပေမယ့်ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၄၈ ပွဲမှာ ၁၆ ဂိုးသာ သွင်းနိုင်ခဲ့ကာ နောက်ဆုံး ၄ ရာသီအတွင်း သွင်းဂိုး အနည်းဆုံး ဖြစ်ခဲ့ပါတယ်။

မာနေက “ကျွန်တော် ဂိုးတွေသွင်းချင်သလို၊ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးပေးချင်ပါတယ်။ ဒီရာသီမှာ ကျွန်တော် ဂိုး ၃၀ အထိ သွင်းယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က

အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ဖြစ်ပြီး အဲဒီအတွက် တစ်သင်းလုံး ဆာလောင်နေကြပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော့်အတွက် စိတ်ပျက်စရာဖြစ်ခဲ့တာကြောင့် ဒီရာသီမှာ ကျွန်တော် ပိုကြိုးစားရမှာပါ”ဟု ပြောကြားခဲ့ပါတယ်။

မာနေဟာ လီဗာပူး ကစားသမားဘဝတွင် တစ်ရာသီ ဂိုးသွင်းအများဆုံးဖြစ်ခဲ့တဲ့ ၂၀၁၈-၁၉ ရာသီက ပြိုင်ပွဲစုံ ပွဲ ၅၀ မှာ ၂၆ ဂိုး သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။ ယခုရာသီမှာတော့ လီဗာပူး အသင်းအတွက် ပြိုင်ပွဲစုံ ၃ ပွဲကစားထားရာ ၁ ဂိုးသာ သွင်းယူ ထားနိုင်သေးပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ကလပ္ လီဗာပူးအသင္းရဲ႕ အဓိက တိုက္စစ္မႉး မာေနက  ယခုႏွစ္ ေဘာလုံးရာသီမွာ လီဗာပူးအသင္းအတြက္ ၿပိဳင္ပြဲစုံ သြင္းဂိုး ဂိုး ၃၀ အထိ သြင္းနိုင္ရန္ ပစ္မွတ္ထားေနေၾကာင္း ေျပာၾကားခဲ့သည္။

အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ ဆီနီေဂါတိုက္စစ္ကစားသမား မာေနဟာ ၂၀၁၆ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလက ေဆာက္သမ္တန္အသင္းမွ လီဗာပူးအသင္းသို႔ ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၃၄ သန္းျဖင့္ ေျပာင္းေ႐ႊ႕လာခဲ့သူ ျဖစ္ပါတယ္။

မာေနဟာ လီဗာပူးအသင္းနဲ႕အတူ  ခ်န္ပီယံလိဂ္ႏွင့္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုမ်ားကို ရယူနိုင္ခဲ့ၿပီး လီဗာပူးအသင္းမွာ အဓိကကစားသမားအျဖစ္ ေျခစြမ္းျပခဲ့သူ ျဖစ္ပါတယ္။ သို႔ေပမယ့္ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ႐ုန္းကန္ခဲ့ရၿပီး ၿပိဳင္ပြဲစုံ ၄၈ ပြဲမွာ ၁၆ ဂိုးသာ သြင္းနိုင္ခဲ့ကာ ေနာက္ဆုံး ၄ ရာသီအတြင္း သြင္းဂိုး အနည္းဆုံး ျဖစ္ခဲ့ပါတယ္။

မာေနက “ကြၽန္ေတာ္ ဂိုးေတြသြင္းခ်င္သလို၊ အသင္းေဖာ္ေတြ ဂိုးသြင္းနိုင္ေအာင္လည္း ဖန္တီးေပးခ်င္ပါတယ္။ ဒီရာသီမွာ ကြၽန္ေတာ္ ဂိုး ၃၀ အထိ သြင္းယူနိုင္ဖို႔ ပစ္မွတ္ထားေနပါတယ္။ ကြၽန္ေတာ့္ရဲ႕ ရည္မွန္းခ်က္က

အသင္းနဲ႕အတူ ဆုဖလားေတြ ရယူနိုင္ဖို႔ျဖစ္ၿပီး အဲဒီအတြက္ တစ္သင္းလုံး ဆာေလာင္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ရာသီက ကြၽန္ေတာ့္အတြက္ စိတ္ပ်က္စရာျဖစ္ခဲ့တာေၾကာင့္ ဒီရာသီမွာ ကြၽန္ေတာ္ ပိုႀကိဳးစားရမွာပါ”ဟု ေျပာၾကားခဲ့ပါတယ္။

မာေနဟာ လီဗာပူး ကစားသမားဘဝတြင္ တစ္ရာသီ ဂိုးသြင္းအမ်ားဆုံးျဖစ္ခဲ့တဲ့ ၂၀၁၈-၁၉ ရာသီက ၿပိဳင္ပြဲစုံ ပြဲ ၅၀ မွာ ၂၆ ဂိုး သြင္းယူခဲ့ျခင္းျဖစ္ပါတယ္။ ယခုရာသီမွာေတာ့ လီဗာပူး အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃ ပြဲကစားထားရာ ၁ ဂိုးသာ သြင္းယူ ထားနိုင္ေသးပါတယ္။