Spots news

တိုမီယာဆုဟာ ရော်နယ်ဒိုထက် ပိုကောင်းတယ်ဆိုတဲ့ အာဆင်နယ် ပရိတ်သတ်များ

Unicode Version

အာဆင်နယ်အသင်းပရိသတ်တွေက သူတို့အသင်းအသစ်ခေါ်ယူခဲ့တဲ့ နောက်ခံလူတိုမီယာဆုဟာ ရော်နယ်ဒိုထက်တောင်မှ ပိုကောင်းတဲ့ကစားသမားလို့ ယုံကြည်နေကြောင်း The Sun က ဖော်ပြလိုက်ပါတယ်။

စီးရီးအေမှာ ဂျူဗင်တပ်စ်နဲ့ ဘိုလော့ဂ်နာတို့တွေ့ဆုံခဲ့စဉ်က ရော်နယ်ဒိုကို ထိန်းချုပ်ခဲ့တဲ့ တိုမိယာဆုရဲ့ ကစားဟန်ကိုကြည့်ကာ ယုံကြည်နေတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂျပန်နောက်ခံလူဟာ အာဆင်နယ်ကို အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ရော်နယ်ဒိုကလည်း အသင်းဟောင်းယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး

ပရီးမီးယားလိဂ်မှာ သူတို့နှစ်ဦးက ပြိုင်ဘက်တွေအဖြစ် ထပ်မံရင်ဆိုင်ရဦးမှာဖြစ်ကာ အာဆင်နယ်ပရိသတ်တွေမျှော်လင့်နေသလိုမျိုး တိုမီယာဆုက စွမ်းဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။

Reddit မှာ ဖော်ပြခဲ့တဲ့ ဗီဒီယိုကလစ်အောက်မှာတော့ အာဆင်နယ်ပရိသတ်တစ်ဦးက “ရော်နယ်ဒိုက တိုမီယာဆုနဲ့ ဝေးရာဆီသွားဖို့ ပရီးမီးယားလိဂ်ကို လာခဲ့တာ” လို့ ရေးသားခဲ့ပါတယ်။ အခြားတစ်ဦးကတော့

“ကျွန်တော်ကတော့ယုံတယ်၊ သူက ရော်နယ်ဒိုထက် ပိုကောင်းတယ်” လို့ ပြောဆိုခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကလည်း “ရော်နယ်ဒိုက ယူနိုက်တက်ကိုရောက်ခဲ့တဲ့အတွက် ငါတို့က သူ့ကိုတုံ့ပြန်မှုတစ်ခုအနေနဲ့ ခေါ်ယူခဲ့တာပဲ” လို့ ဆိုပါတယ်။

ရော်နယ်ဒို နဲ့ တိုမီယာဆုတို့ဟာ ၂ ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီးတော့ ၂၀၂၀ ဇွန်လအတွင်းမှာ ဂျူဗီက ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ပင်နယ်တီကတဆင့် ရော်နယ်ဒိုက အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ ဒီနောက် ပြီးခဲ့တဲ့ရာသီက ဇန်နဝါရီလအတွင်းမှာလည်း

ဂျူဗီကပဲ ၂-၀ နဲ့ အနိုင်ရခဲ့ကာ ရော်နယ်ဒိုဂိုးမသွင်းယူနိုင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ရော်နယ်ဒိုကို ပေါင် ၁၂.၈၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး အာဆင်နယ်ကတော့ တိုမီယာဆုကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းပရိသတ္ေတြက သူတို႔အသင္းအသစ္ေခၚယူခဲ့တဲ့ ေနာက္ခံလူတိုမီယာဆုဟာ ေရာ္နယ္ဒိုထက္ေတာင္မွ ပိုေကာင္းတဲ့ကစားသမားလို႔ ယုံၾကည္ေနေၾကာင္း The Sun က ေဖာ္ျပလိုက္ပါတယ္။

စီးရီးေအမွာ ဂ်ဴဗင္တပ္စ္နဲ႕ ဘိုေလာ့ဂ္နာတို႔ေတြ႕ဆုံခဲ့စဥ္က ေရာ္နယ္ဒိုကို ထိန္းခ်ဳပ္ခဲ့တဲ့ တိုမိယာဆုရဲ႕ ကစားဟန္ကိုၾကည့္ကာ ယုံၾကည္ေနတာလည္းျဖစ္တယ္လို႔ ဆိုပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ဂ်ပန္ေနာက္ခံလူဟာ အာဆင္နယ္ကို အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႕မွာ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။ ေရာ္နယ္ဒိုကလည္း အသင္းေဟာင္းယူနိုက္တက္ကို ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့ၿပီး

ပရီးမီးယားလိဂ္မွာ သူတို႔ႏွစ္ဦးက ၿပိဳင္ဘက္ေတြအျဖစ္ ထပ္မံရင္ဆိုင္ရဦးမွာျဖစ္ကာ အာဆင္နယ္ပရိသတ္ေတြေမွ်ာ္လင့္ေနသလိုမ်ိဳး တိုမီယာဆုက စြမ္းေဆာင္နိုင္မလားဆိုတာ စိတ္ဝင္စားဖို႔ေကာင္းလာခဲ့ပါတယ္။

Reddit မွာ ေဖာ္ျပခဲ့တဲ့ ဗီဒီယိုကလစ္ေအာက္မွာေတာ့ အာဆင္နယ္ပရိသတ္တစ္ဦးက “ေရာ္နယ္ဒိုက တိုမီယာဆုနဲ႕ ေဝးရာဆီသြားဖို႔ ပရီးမီးယားလိဂ္ကို လာခဲ့တာ” လို႔ ေရးသားခဲ့ပါတယ္။ အျခားတစ္ဦးကေတာ့

“ကြၽန္ေတာ္ကေတာ့ယုံတယ္၊ သူက ေရာ္နယ္ဒိုထက္ ပိုေကာင္းတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ ေနာက္ထပ္တစ္ဦးကလည္း “ေရာ္နယ္ဒိုက ယူနိုက္တက္ကိုေရာက္ခဲ့တဲ့အတြက္ ငါတို႔က သူ႕ကိုတုံ႕ျပန္မႈတစ္ခုအေနနဲ႕ ေခၚယူခဲ့တာပဲ” လို႔ ဆိုပါတယ္။

ေရာ္နယ္ဒို နဲ႕ တိုမီယာဆုတို႔ဟာ ၂ ႀကိမ္ရင္ဆိုင္ခဲ့ဖူးၿပီးေတာ့ ၂၀၂၀ ဇြန္လအတြင္းမွာ ဂ်ဴဗီက ၂-၀ နဲ႕ အနိုင္ရခဲ့ၿပီး ပင္နယ္တီကတဆင့္ ေရာ္နယ္ဒိုက အနိုင္ဂိုးသြင္းယူခဲ့ပါတယ္။ ဒီေနာက္ ၿပီးခဲ့တဲ့ရာသီက ဇန္နဝါရီလအတြင္းမွာလည္း

ဂ်ဴဗီကပဲ ၂-၀ နဲ႕ အနိုင္ရခဲ့ကာ ေရာ္နယ္ဒိုဂိုးမသြင္းယူနိုင္ခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။ ယူနိုက္တက္ဟာ ေရာ္နယ္ဒိုကို ေပါင္ ၁၂.၈၅ သန္းနဲ႕ ေခၚယူခဲ့ၿပီး အာဆင္နယ္ကေတာ့ တိုမီယာဆုကို ေပါင္သန္း ၂၀ နဲ႕ ေခၚယူခဲ့တာျဖစ္ပါတယ္။