Spots news

ရာသီသစ်မှာ ပေါ့ဘာ၊ဟာလန်းနဲ့ ဘာပီ တို့ဖြင့်ကြယ်စင်စုအသင်း ပြန်ဖန်တီးမယ့် ရီးရဲလ်

Unicode Version

ရီးရဲလ်မက်ဒရစ်ဟာ နွေရာသီ အပြောင်းအရွေ့ကာလမှာ ကစားသမားခေါ်ယူမှု လက်နှေးခဲ့ပြီး အမ်ဘာပီ၊ ပေါ့ဘာ နဲ့ ဟာလန်းတို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့

ပေမယ့်လည်း အရာမထင်ခဲ့ပဲ ရင်းနက်စ် ကွင်းလယ်လူ ကာမာဗင်ဂါနဲ့ ဘိုင်ယန်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အလာဘာ တို့ကိုသာ ခေါ်ယူနိုင် ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပီအတွက် ပေါင် ၁၃၇ သန်း၊ ပေါင် ၁၄၅+၉ သန်း၊ ပေါင် ၁၈၉ သန်း စသဖြင့် သုံးကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအသင်းက ပယ်ချခဲ့ပါတယ်။

သို့ပေမယ့် အမ်ဘာပီရဲ့စာချုပ်က ယခုဘောလုံးရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး လာမယ့်ဇန်နဝါရီ ၁ ရက်မှာ ပြင်ပကလပ်တွေနဲ့ အကြိုစာချုပ် ချုပ်ဆိုနိုင်မှာဖြစ်ပါတယ်။ မန်ချက်စတာ နှစ်သင်းကလဲ ဘာပီကို ခေါ်ယူဖို့

စိတ်ဝင်စားနေတာ ဖြစ်ပေမယ့် ဘာပီဟာ ယခုနွေကတည်းက ရီးရဲလ် မက်ဒရစ်ဆီကို ပြောင်းရွေ့ချင်နေတာ ဖြစ်လို့ ရီးရဲလ်အနေနဲ့ ဘာပီလို ကစားသမားကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်ဖွယ်ရာ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဘာပီအပြင် လာမယ့်ရာသီအကုန်မှာ စာချုပ်ဖျက်သိမ်းကြေး အချက် အသက်ဝင်လာမယ့် ဒေါ့မွန်အသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းကိုလဲ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီအကုန်မှာ ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၆၄ သန်းအထိ လျော့ကျသွားမှာ ဖြစ်တဲ့အတွက် ရီးရဲလ်မက်ဒရစ် အသင်းဟာ အေးဂျင့်ရွိုင်အိုလာကို ဟာလန်းအတွက် ဆက်သွယ်မှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းဟာ အေးဂျင့်ရွိုင်အိုလာရဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ အသင်းရဲ့ ကာလရှည်ပစ်မှတ် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူဖို့ တစ်ပြိုင်နက် ပြင်ဆင်နေပါတယ်။

ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာရဲ့အေးဂျင့်ရိုင်အိုလာဟာ ပေါ့ဘာကို ယူနိုက်တက်ကနေ ပြောင်းရွေ့ဖို့ ကြိုးစားနေသူဖြစ်ပြီး ဟာလန်းအတွက် မက်ဒရစ်နဲ့ ဆွေးနွေးရင်း ပေါ့ဘာရဲ့ အပြောင်းအရွေ့ကိုပါ လုပ်ဆောင်ဖွယ်ရှိကြောင်း စပိန် သတင်းမီဒီယာ များက ဖော်ပြထားပါတယ်