Spots news

ရေစက်ကုန်လို့ လမ်းခွဲရတော့မယ့် အီဂါလို နဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

မန်ချက်စတာယူနိုက်တက် နဲ့ အီဂါလိုတို့ ဟာ  ဇန်နဝါရီ 31 မှာ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပြီး ယူနိုက်တက်ဘက်မှ ဆက်လက် အငှားခေါ်ယူရန် ကမ်းလှမ်းမှူ ပြုလုပ်သွားမှာ မဟုတ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ ဇန်နဝါရီ အပြောင်းအရွေ့ ကာလမှာ ယူနိုက်တက်သို့ လေးလ အငှားစာချုပ်ဖြင့် ရောက်လာခဲ့သူ ဖြစ်ပေမယ့် ယူနိုက်တက် အတွက် ငါးဂိုးသွင်းယူကာ ခြေစွမ်းပြသ နိုင်ခဲ့တာဖြစ်လို့ နောက်ထပ် အငှားစာချုပ် သက်တမ်းတိုးခဲ့ခြင်း ဖြစ်ပါတယ်။

အီဂါလိုအနေနဲ့ ယူနိုက်တက်သို့ အငှားသွားရောက် ကစားရင် လစာလျော့ယူရနိုင်ကြောင်း အပြောင်းအရွေ့ တာဝန်ရှိသူများမှ အကြံပေးခဲ့ပေမယ့် ယူနိုက်တက် အတွက် ကစားခွင့် ရရှိဖို့က သူ့ရဲ့ အိမ်မက်ဖြစ်ကြောင်း ပြောဆိုခဲ့သူပါ။

“ ကျွန်တော်တို့ ဒေသက ပူတယ်။ ဘောလုံးပွဲပြတဲ့ ရုံလေးမှာ လူ100 လောက် ကြပ်ငြပ်ပီး ကြည့်ရတယ်ဗျ။ ပန်ကာလေး တစ်ခုတောင်မရှိဘူး။ ကျွန်တော်ကတော့ အကျီချွတ် ကြည့်တာပဲ။ အဓိကက ယူနိုက်တက်ပွဲကို ကြည့်ရဖို့ပဲလေ

ယူနိုက်တက်ပွဲ ရှိရင် ကျောင်းဆင်းပြီဆိုတာနဲ့ ယူနိုက်တက် အကျီကို ဝတ်ပြီး ဘောလုံးပွဲကြည့်ဖို့  မစောင့်နိုင်အောင် ဖြစ်နေတာဗျ။မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂျာစီဝတ်ပြီး ဘောလုံးပွဲကြည့်ခဲ့တဲ့ အချိန်တွေက ဘဝရဲ့ ဂုဏ်အယူရဆုံး အချိန်တွေပါပဲ ။ အခုတော့ ကျွန်တော့်အိမ်မက်တွေ တကယ် ဖြစ်ခဲ့ပါပြီ ။

ယူနိုက်တက်က ကျွန်တော့်ကို အငှားခေါ်ယူဖို့ ကမ်းလှမ်းလာတဲ့ အကြောင်း အေးဂျင့်ကပြောတယ် ၊ အကယ်၍ အငှားကစားဖြစ်ရင် လစာ လျော့ယူရ နိုင်ကြောင်း ပြောခဲ့တယ်။ ကျွန်တော် တစ်ခွန်းပဲ ပြန်ပြောခဲ့တယ် ။ ဘယ်လောက်လျော့ယူရ ယူရ အဲ့ဒီအပြောင်းအရွေ့ ဖြစ်အောင်လုပ်ကွာ ဆိုပြီးတော့ ပြောခဲ့ပါတယ် ၊ ယူနိုက်တက်မှာ ရှိနေခဲ့တာ ဂုဏ်အယူရဆုံးအချိန်တွေပါပဲ ” ဆိုပြီး အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ယခုရာသီ မှာ ပွဲထွက်ခွင့် လေးကြိမ်ရရှိထားသူ ဖြစ်ပြီး တိုက်စစ်မှူး ကာဗာနီ ရောက်ရှိလာပြီးနောက် ပွဲထွက်ခွင့်လျော့ပါးသွားတဲ့ အီဂါလိုကို ခေါ်ယူရန် ကာတာ နဲ့ ဆော်ဒီ အာရေးဘီးယား နိုင်ငံမှ ကလပ်အသင်းများ က စိတ်ဝင်စားလျက် ရှိနေပါတယ်။