Spots news

မန်ချက်စတာယူနိုက်တက်ရဲ့ ဇန်နဝါရီပစ်မှတ် ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆူးမား

Unicode Version

မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွေ့ စျေးကွက် ပြန်ဖွင့်ချိန်မှာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘစ်ဆူးမားကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

ယူနိုက်တက် အသင်းဟာ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ လိုအပ်နေပြီး ယူနိုက်တက်အသင်းနဲ့အပြိုင် ပြိုင်ဘက် ပရီးမီးယားလိဂ် ကလပ်အသင်းတွေ ဖြစ်တဲ့ လီဗာပူး အသင်းနဲ့ အာဆင်နယ်အသင်းတို့ကလဲ ဘစ်ဆူးမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မာလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဘစ်ဆူးမားဟာ ၂၀၁၈ ခုနှစ်ကမှ လိုင်လီအသင်းကနေ ဘရိုက်တန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘရိုက်တန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ

ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် ဇန်နဝါရီ အပြောင်းအရွေ့မှာ လီဗာပူး ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေက ကမ်းလှမ်းမှုတွေ အပြိုင်အဆိုင် လုပ်ဆောင်သွားကြဖွယ် ရှိနေပါတယ်။

ဘစ်ဆူးမားရဲ့ လက်ရှိတန်ကြေးက ပေါင်သန်း ၂၀ ဝန်းကျင်လောက်သာ ရှိနေတယ်ဆိုပေမယ့် ဘရိုက်တန်မှာ စာချုပ်သက်တမ်း ၂နှစ် ကျန်ရှိ‌ နေသေးသလို ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေက အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့်

ဘရိုက်တန်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားကို ရောင်းချလိုခြင်း မရှိပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအရ ပေါင်သန်း ၄၀ အထိ ပေးချေလာမယ့် ကလပ် အသင်းကို ရောင်းချဖွယ် ရှိတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်ခံစစ်ပိုင်း အင်အား ဖြည့်တင်းဖို့ သိသိသာသာ လိုအပ်နေတာ ဖြစ်ကြီး ဘစ်ဆူးမားဟာလဲ ကွင်းလယ်ဗဟိုအပြင် လိုအပ်ရင် ကွင်းလယ်ခံစစ်နေရာမှာလည်း ကစားတတ်သူဖြစ်လို့ ယူနိုက်တက်အသင်းဟာ ဆောင်းဈေးကွက်မှာ အရခေါ်ယူနိုင်ဖွယ်ရှိပါတယ်။

ယူနိုက်တက်အသင်းဟာ ယခုပိတ်သိမ်းသွားပြီဖြစ်တဲ့ နွေစျေးကွက်အတွင်း ရော်နယ်ဒို ဆန်ချို ဗာရန်းတို့ကို ခေါ်ယူ အင်အားဖြည့်တင်းထားပြီး ဇန်နဝါရီမှာ ဘစ်ဆူးမား ကို လီဗာပူး အာဆင်နယ်တို့နဲ့ အပြိုင် ‌ခေါ်ယူဖွယ်ရှိတယ်လို့ Mirror သတင်းစာက ဖော်ပြပါတယ်။

Zawgyi Version

မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက် ပြန်ဖွင့်ချိန်မှာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘစ်ဆူးမားကို အပြိုင်ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။







ယူနိုက်တက်အသင်းဟာ ယခုပိတ်သိမ်းသွားပြီဖြစ်တဲ့ နွေဈေးကွက်အတွင်း ရော်နယ်ဒို ဆန်ချို ဗာရန်းတို့ကို ခေါ်ယူ အင်အားဖြည့်တင်းထားပြီး ဇန်နဝါရီမှာ ဘစ်ဆူးမား ကို လီဗာပူး အာဆငိနယ်တို့နဲ့ အပြိုင် ‌ခေါ်ယူဖွယ်ရှိတယ်လို့ Mirror သတင်းစာက ဖော်ပြပါတယ်။