Spots news

ချဲလ်ဆီးကို ပြောင်းရွေ့ခွင့်မပေးလို့ ဆီဗီလာကို စိတ်ဆိုးနေတဲ့ နောက်ခံလူ ကွန်ဒီ

Unicode Version

ဆီဗီလာအသင်းရဲ့ နောက်ခံကစားသမား ပြင်သစ် နောက်ခံလူ ကွန်ဒီဟာ ချဲလ်ဆီးအသင်းသို့ အပြောင်းအရွှေ့ မအောင်မြင်ဖြစ်ခဲ့ရခြင်းအတွက် ဆီဗီလာအသင်းရဲ့ တာဝန်ရှိသူများကို မကျေမနပ်ဖြစ်နေကြောင်း သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ အလားအလာကောင်းနဲ့ ခြေစွမ်းကောင်းတွေရှိတဲ့ နောက်ခံလူ ကွန်ဒီကို နွေရာသီ အပြောင်းအရွှေ့ကာလ မပြီးဆုံးမီ အရခေါ်ယူရန် ကြိုးစားသော်လည်း ဆီဗီလာက ပယ်ချခဲ့ခြင်းဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင် နောက်ခံလူ ကွန်ဒီဟာ ချဲလ်ဆီးအသင်းသို့ ပြောင်းရွေ့ခွင့် မပြုခဲ့တဲ့ ဆီဗီလာကို မကျေမနပ်ဖြစ်နေပြီး မန်နေဂျာ လိုပက်တီဂူနှင့် ဘောလုံးဒါရိုက်တာ မွန်ချီတို့ကို ဖုန်းပြန်ဖြေရန် ငြင်းဆန်နေကြောင်း စပိန်အားကစား မီဒီယာ တစ်ခုက ထုတ်ဖော်ရေးသား ထားပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးနှင့် ဆီဗီလာအသင်းတို့ဟာ ပြောင်းရွှေ့ကြေး ပေါင် ၄၂.၇ သန်းနှင့် ကွန်ဒီအတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းများထွက်‌ ပေါ်လာပေမယ့် ဆီဗီလာက ကွန်ဒီရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၆၇ သန်းအထိ မြှင့်တင်ခဲ့ခြင်းကြောင့် ချဲလ်ဆီးက မခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ကွန်ဒီရဲ့ အသင်းဖော် ရာကီတစ်ကအပြောင်း အရွှေ့ ပျက်ခဲ့ရခြင်းကြောင့် စိတ်မပျက်ရန် ကွန်ဒီကို အားပေးမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ရာကီတစ်က “ကွန်ဒီ နိုင်ငံတကာပွဲတွေက ပြန်လာရင် စကားပြောခွင့်ရဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က သူ့ရဲ့ဒုတိယမိသားစုတွေဖြစ်ပြီး သူယုံကြည်ဖို့လိုတယ်။ ဒီအချက်က သိပ်အရေးကြီးပါတယ်။ ”

“ကွန်ဒီက အသက် ၂၂ ပဲရှိသေးပြီး အများကြီး ငယ်ပါသေးတယ်။ အလားအလာကောင်းတွေရှိလို့လည်း အသင်းကြီးတွေက ခေါ်ချင်တာပေါ့။ ဒါတွေကို ပွဲကြီးတွေမှာ ခြေစွမ်းပြနိုင်ဖို့ လိုပါတယ်။ ကွန်ဒီက ငယ်ပေမယ့် အတွေ့အကြုံလည်း ကောင်းနေပြီ။ ”

“ သူ့အနေနဲ့ ဆက်ပြီးတိုးတက်စရာရှိပြီး ဘောလုံးကစားရာမှာလည်း ပျော်နေဖို့လိုတယ်။ အခုအချိန်မှာ စိတ်ဓာတ်ကျ ဝမ်းနည်း ဒေါသဖြစ်နေဖို့ မသင့်ပါဘူး။ ကိုယ့်စိတ်ကိုယ် ပြန်ပြင်မှရမယ်”ဟု ရာကီတစ်က သူ့ရဲ့အ‌တွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုခဲ့ပါတယ်။

Zawgyi Version

ဆီဗီလာအသင္းရဲ႕ ေနာက္ခံကစားသမား ျပင္သစ္ ေနာက္ခံလူ ကြန္ဒီဟာ ခ်ဲလ္ဆီးအသင္းသို႔ အေျပာင္းအေ႐ႊ႕ မေအာင္ျမင္ျဖစ္ခဲ့ရျခင္းအတြက္ ဆီဗီလာအသင္းရဲ႕ တာဝန္ရွိသူမ်ားကို မေက်မနပ္ျဖစ္ေနေၾကာင္း သိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အလားအလာေကာင္းနဲ႕ ေျခစြမ္းေကာင္းေတြရွိတဲ့ ေနာက္ခံလူ ကြန္ဒီကို ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလ မၿပီးဆုံးမီ အရေခၚယူရန္ ႀကိဳးစားေသာ္လည္း ဆီဗီလာက ပယ္ခ်ခဲ့ျခင္းျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံလူ ကြန္ဒီဟာ ခ်ဲလ္ဆီးအသင္းသို႔ ေျပာင္းေ႐ြ႕ခြင့္ မျပဳခဲ့တဲ့ ဆီဗီလာကို မေက်မနပ္ျဖစ္ေနၿပီး မန္ေနဂ်ာ လိုပက္တီဂူႏွင့္ ေဘာလုံးဒါရိုက္တာ မြန္ခ်ီတို႔ကို ဖုန္းျပန္ေျဖရန္ ျငင္းဆန္ေနေၾကာင္း စပိန္အားကစား မီဒီယာ တစ္ခုက ထုတ္ေဖာ္ေရးသား ထားပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ခ်ဲလ္ဆီးႏွင့္ ဆီဗီလာအသင္းတို႔ဟာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၂.၇ သန္းႏွင့္ ကြန္ဒီအတြက္ သေဘာတူညီမႈ ရရွိခဲ့ေၾကာင္း သတင္းမ်ားထြက္‌ ေပၚလာေပမယ့္ ဆီဗီလာက ကြန္ဒီရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၆၇ သန္းအထိ ျမႇင့္တင္ခဲ့ျခင္းေၾကာင့္ ခ်ဲလ္ဆီးက မေခၚယူနိုင္ခဲ့ျခင္းျဖစ္ပါတယ္။

ကြန္ဒီရဲ႕ အသင္းေဖာ္ ရာကီတစ္ကအေျပာင္း အေ႐ႊ႕ ပ်က္ခဲ့ရျခင္းေၾကာင့္ စိတ္မပ်က္ရန္ ကြန္ဒီကို အားေပးမွာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ရာကီတစ္က “ကြန္ဒီ နိုင္ငံတကာပြဲေတြက ျပန္လာရင္ စကားေျပာခြင့္ရဖို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔က သူ႕ရဲ႕ဒုတိယမိသားစုေတြျဖစ္ၿပီး သူယုံၾကည္ဖို႔လိုတယ္။ ဒီအခ်က္က သိပ္အေရးႀကီးပါတယ္။ ”

“ကြန္ဒီက အသက္ ၂၂ ပဲရွိေသးၿပီး အမ်ားႀကီး ငယ္ပါေသးတယ္။ အလားအလာေကာင္းေတြရွိလို႔လည္း အသင္းႀကီးေတြက ေခၚခ်င္တာေပါ့။ ဒါေတြကို ပြဲႀကီးေတြမွာ ေျခစြမ္းျပနိုင္ဖို႔ လိုပါတယ္။ ကြန္ဒီက ငယ္ေပမယ့္ အေတြ႕အႀကဳံလည္း ေကာင္းေနၿပီ။ ”

“ သူ႕အေနနဲ႕ ဆက္ၿပီးတိုးတက္စရာရွိၿပီး ေဘာလုံးကစားရာမွာလည္း ေပ်ာ္ေနဖို႔လိုတယ္။ အခုအခ်ိန္မွာ စိတ္ဓာတ္က် ဝမ္းနည္း ေဒါသျဖစ္ေနဖို႔ မသင့္ပါဘူး။ ကိုယ့္စိတ္ကိုယ္ ျပန္ျပင္မွရမယ္”ဟု ရာကီတစ္က သူ႕ရဲ႕အ‌ေတြ႕အႀကဳံေတြနဲ႕ ႏွိုင္းယွဥ္ၿပီး ေျပာဆိုခဲ့ပါတယ္။