Spots news

မန်ယူကစားသမားတွေကို ဘရူနိုကနေတဆင့် ကြိုတင် သတိပေးထားတဲ့ ရော်နယ်ဒို

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ အသင်းရဲ့ ထိပ်သီး ကစားသမားဟောင်း ရော်နယ်ဒိုဟာ အသင်းကို ပြန်လည်ရောက်ရှိလာပြီးနောက် ယူနိုက်တက်ကစားသမားများကို ယခုရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ဖလားကိုအရယူဖို့ ကြိုးစားကြရန် သတိပေး ပြောဆိုလိုက်ပါတယ်

ရော်နယ်လ်ဒိုဟာ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းဝန်းကျင်ဖြင့် အသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ယင်းအပြောင်း အရွှေ့အတွက် အဓိကအခန်းကဏ္ဍမှာ ဆရာဟောင်း ဖာဂူဆန်က ပါဝင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဆာအဲလက်စ် ဖာဂူဆန် ကိုင်တွယ်နေစဉ် ၂၀၀၃ ခုနှစ်က စတင်ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၀၉ ခုနှစ်အထိကစားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၃ ကြိမ်အထိ ရယူထားတဲ့ ရော်နယ်ဒိုဟာ အခုရာသီမှာလည်း အသင်းကို ပြန်လည်ရောက်ရှိလာပြီး ယူနိုက်တက်နဲ့အတူ ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ထပ်မံရယူသွားဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။

အင်တာဗျူးမှာ ရော်နယ်ဒိုက ” ခမ်းနားတဲ့သမိုင်းကြောင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းကို ကျွန်တော် ပြန်ရောက်လာပါပြီ။ကျွန်တော် အရမ်းပျော်နေပြီး ပထမဆုံးပြန်ကစားပေးနိုင်မယ့်အချိန်ကို စောင့်နေပါတယ်။ ကျွန်တော်က ဒီအသင်းကို ဂိုး တွေသွင်းပေးဖို့၊ ဆုဖလားတွေ ရယူပေးဖို့ ပြန်ရောက်လာပါပြီ “ဟု ပြောကြားခဲ့ပါတယ်

ရော်နယ်ဒိုလို ကမ္ဘာ့အကောင်းဆုံး ကစားသမား အသင်းကို ပြန်ရောက်လာချိန်မှာ ယူနိုက်တက် အသင်းသား‌တွေဟာ စိတ်ဓါတ်တတ်ကြွနေပြီး လူစာရင်းက အတောင့်တင်းဆုံး ဖြစ်နေတာကြောင့် ဝေးကွာနေတဲ့ အမှတ်ပေးဆုဖလားကို ပြန်လည်ရယူဖို့အထိ အစွမ်းကုန်ကြိုးစား လာနိုင်ပါတယ်။

‌ဒါ့အပြင် ရော်နယ်ဒိုကိုယ်တိုင်ကလည်း နိုင်ငံ အသင်းဖော် ဘရူနိုဖာနန်ဒက်စ် ကနေတဆင့် သူ့အနေနဲ့ ဒီရာသီအတွင်း ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဆုဖလားကို အရယူသွားဖို့ ကြိုးစားကြစေချင်ကြောင်း အသင်းဖော်တွေကို အသိပေး ပြောဆိုမှုတွေ လုပ်ဆောင်ထားခဲ့ပါသေးတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းကို ျပန္လည္ေရာက္ရွိလာတဲ့ အသင္းရဲ႕ ထိပ္သီး ကစားသမားေဟာင္း ေရာ္နယ္ဒိုဟာ အသင္းကို ျပန္လည္ေရာက္ရွိလာၿပီးေနာက္ ယူနိုက္တက္ကစားသမားမ်ားကို ယခုရာသီမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု ဖလားကိုအရယူဖို႔ ႀကိဳးစားၾကရန္ သတိေပး ေျပာဆိုလိုက္ပါတယ္

ေရာ္နယ္လ္ဒိုဟာ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၅ သန္းဝန္းက်င္ျဖင့္ အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့ျခင္းျဖစ္ၿပီး ယင္းအေျပာင္းအေ႐ႊ႕အတြက္ အဓိကအခန္းက႑မွာ ဆရာေဟာင္း ဖာဂူဆန္က ပါဝင္ခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းကို ဆာအဲလက္စ္ ဖာဂူဆန္ ကိုင္တြယ္ေနစဥ္ ၂၀၀၃ ခုႏွစ္က စတင္ေရာက္ရွိခဲ့သူျဖစ္ၿပီး ၂၀၀၉ ခုႏွစ္အထိကစားခဲ့ပါတယ္။

ယူနိုက္တက္နဲ႕ အတူ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ၃ ႀကိမ္အထိ ရယူထားတဲ့ ေရာ္နယ္ဒိုဟာ အခုရာသီမွာလည္း အသင္းကို ျပန္လည္ေရာက္ရွိလာၿပီး ယူနိုက္တက္နဲ႕အတူ ၄ ႀကိမ္ေျမာက္ ပရီးမီးယားလိဂ္ဖလားကို ထပ္မံရယူသြားဖို႔ စိတ္အားထက္သန္လ်က္ ရွိေနပါတယ္။

အင္တာဗ်ဴးမွာ ေရာ္နယ္ဒိုက ” ခမ္းနားတဲ့သမိုင္းေၾကာင္းကို ပိုင္ဆိုင္ထားတဲ့ အသင္းကို ကြၽန္ေတာ္ ျပန္ေရာက္လာပါၿပီ။ကြၽန္ေတာ္ အရမ္းေပ်ာ္ေနၿပီး ပထမဆုံးျပန္ကစားေပးနိုင္မယ့္အခ်ိန္ကို ေစာင့္ေနပါတယ္။ ကြၽန္ေတာ္က ဒီအသင္းကို ဂိုး ေတြသြင္းေပးဖို႔၊ ဆုဖလားေတြ ရယူေပးဖို႔ ျပန္ေရာက္လာပါၿပီ “ဟု ေျပာၾကားခဲ့ပါတယ္

ေရာ္နယ္ဒိုလို ကမာၻ႔အေကာင္းဆုံး ကစားသမား အသင္းကို ျပန္ေရာက္လာခ်ိန္မွာ ယူနိုက္တက္ အသင္းသား‌ေတြဟာ စိတ္ဓါတ္တတ္ႂကြေနၿပီး လူစာရင္းက အေတာင့္တင္းဆုံး ျဖစ္ေနတာေၾကာင့္ ေဝးကြာေနတဲ့ အမွတ္ေပးဆုဖလားကို ျပန္လည္ရယူဖို႔အထိ အစြမ္းကုန္ႀကိဳးစား လာနိုင္ပါတယ္။

‌ဒါ့အျပင္ ေရာ္နယ္ဒိုကိုယ္တိုင္ကလည္း နိုင္ငံ အသင္းေဖာ္ ဘ႐ူနိုဖာနန္ဒက္စ္ ကေနတဆင့္ သူ႕အေနနဲ႕ ဒီရာသီအတြင္း ယူနိုက္တက္အသင္းနဲ႕အတူ ပရီးမီးယားလိဂ္ ဆုဖလားကို အရယူသြားဖို႔ ႀကိဳးစားၾကေစခ်င္ေၾကာင္း အသင္းေဖာ္ေတြကို အသိေပး ေျပာဆိုမႈေတြ လုပ္ေဆာင္ထားခဲ့ပါေသးတယ္။