Spots news

ဇန်နဝါရီလမှာ ဖြစ်ပေါ်လာနိုင်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွေ့ သုံးခု

Unicode Version

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာအတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့ ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့တာကြောင့် သုံးသပ်သူတွေရဲ့ သတ်မှတ်တဲ့ အကောင်းဆုံး အပြောင်းအရွှေ့တွေ ပြုလုပ်ခဲ့တဲ့ အသင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဂျေဒန်ဆန်ချို၊ ရာဖေးလ်ဗာရာနီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ကို ၂၀၂၁-၂၂ ရာသီအတွက် နည်းပြအိုလီဂန်နာဆိုးလ်ရှား ခေါ်ယူခဲ့ပေမယ့် ဒီကစားသမားတွေက ယူနိုက်တက်အတွက် ဘယ်လောက်ထိ လုပ်ပြနိုင်မှာလဲ မသိနိုင်သေးပါဘူး။ ယူနိုက်တက်ဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ လိဒ်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခွင့်ပေးခဲ့ပါတယ်။

ဒါပေမယ့် နွေရာသီအပြောင်းအရွှေ့အတွင်း မဖြစ်မြောက်ခဲ့တဲ့ အပြောင်းအရွှေ့တွေလည်း ရှိခဲ့ပါတယ်။ လက်ရှိယူနိုက်တက်ရဲ့ အဓိကကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပေါလ်ပေါ့ဂ်ဘာရဲ့ အနာဂတ်ကလည်း မတည်ငြိမ်သေးပါဘူး။

နွေရာသီက ထွက်ခွာဖို့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ယူနိုက်တက်မှာ ဆက်ရှိနေခဲ့ပြီး စာချုပ်သစ်အတွက်တော့ သဘောတူညီမှု မရရှိသေးပါဘူး။ အဲ့ဒါကြောင့် ပေါ့ဂ်ဘာကလည်း ဇန်နဝါရီမှာ အသင်းက ထွက်ခွာနိုင်တဲ့ ကစားသမားတစ်ယောက်အဖြစ် အလေးပေးခံခဲ့ရပါတယ်။

ပေါ့ဂ်ဘာရော၊ အန်တိုနီမာရှယ်ပါ ပီအက်စ်ဂျီနဲ့ သတင်းတွေထွက်ပေါ်လျက်ရှိပြီး ယူနိုက်တက်က ဒီကစားသမားတွေကို ရောင်းချပြီး ကွင်းလယ်အဖျက် ကစားသမားတစ်ယောက်ကို ခေါ်ယူဖွယ်ရှိပါတယ်။

လက်ရှိဖော်ပြလိုက်တဲ့ အပြောင်းအရွှေ့ ၃ ခုကတော့ SkyBet ကနေ ကောက်ယူခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဖြစ်ပေါ်လာနိုင်တဲ့ ယူနိုက်တက်ရဲ့ ကစားသမား အဝင်အထွက် အလေးပေးမှုပဲ ဖြစ်ပါတယ်။

အန်တိုနီမာရှယ်

ပီအက်စ်ဂျီ – ၈ လေး ၁ လေး
အာဆင်နယ် – ၁၆ လေး ၁ လေး
ရီးရဲလ်မက်ဒရစ် – ၁၆ လေး ၁ လေး
အဲဗာတန် – ၂၅ လေး ၁ လေး

ပေါလ်ပေါ့ဂ်ဘာ

ယူနိုက်တက်မှာ ဆက်နေနိုင်ခြေ – မဖော်ပြ
ပီအက်စ်ဂျီ – ၉ လေး ၁ လေး
ဂျူဗင်တပ်စ် – ၁၆ လေး ၁ လေး
ရီးရဲလ်မက်ဒရစ် – ၂၀ လေး ၁ လေး

ဒီကလန်ရိုက်စ် (ဝက်စ်ဟမ်း)

ချဲလ်ဆီး – ၇ လေး ၁ လေး
မန်ချက်စတာယူနိုက်တက် – ၈ လေး ၁ လေး
လီဗာပူး – ၁၆ လေး ၁ လေး
မန်ချက်စတာစီးတီး – ၁၆ လေး ၁ လေ