Spots news

နည်းပြဆိုးလ်ရှားကို ‌အပြည့်အဝပျော်ခွင့်မပေးတဲ့ ဆန်ချိုရဲ့ ဒဏ်ရာ အခြေအနေ

Unicode Version

ယူနိုက်တက်တောင်ပံကစားသမားဆန်ချိုဟာ အသေးစားဒဏ်ရာရရှိခဲ့တာကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ

ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း ဆန်ချိုဟာ အန်ဒိုရာ၊ ပိုလန်တို့နဲ့ပွဲတွေကို ပါဝင်မှာမဟုတ်တော့ဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဝုလ်ဗ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပွဲထွက်ပါဝင်ကစားခဲ့တဲ့ ဆန်ချိုဟာ လက်ရွေးစင်အသင်းမှာလည်း ထပ်မံရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဟန်ဂေရီနဲ့ပွဲကို ဆန်ချိုပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ

အဆိုပါပွဲမှာတော့ ၄-၀ နဲ့ အင်္ဂလန်က အနိုင်ရရှိခဲ့ပါတယ်။ အသေးစားဒဏ်ရာရရှိတာကြောင့်လည်း စက်တင်ဘာလ ၁၁ ရက်နေ့မှာကစားရမယ့် နယူးကာဆယ်နဲ့ပွဲအမီ ပြန်လည်သက်သာလာမယ်လို့ မျှော်လင့်ရပါတယ်။

ဒေါ့မွန်ကနေ ယူနိုက်တက်ကို ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ဆန်ချိုဟာ အသင်းသစ်မှာတော့ ခြေစွမ်းပြနိုင်ခြင်းမရှိသေးသူဖြစ်ပါတယ်။ အသင်းပရိသတ်တွေရဲ့ မျှော်လင့်မှုအများအပြားကို

ရရှိထားသလို နည်းပြဆိုးလ်ရှားရဲ့ အဓိကကစားသမားဖြစ်လာမယ်လို့လည်း ယူဆခံထားရတာကြောင့် သူ့အတွက်တော့ ဖိအားတွေက ရှိနေခဲ့ပြီး ခြေစွမ်းပြဖို့ အချိန်ယူရဖွယ်ရှိနေပါတယ်။

လက်ရှိမှာ ယူနိုက်တက်က ရော်နယ်ဒိုကိုလည်း ခေါ်ယူထားပြီးဖြစ်ကာ နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိနေပါတယ်။ ဆိုးလ်ရှားအတွက်တော့ ရော်နယ်ဒိုကြောင့် ကျေနပ်နေရမှုဟာ

ဆန်ချိုရဲ့ သတင်းကြောင့် စိတ်သောကဖြစ်စရာရှိလာခဲ့ပါတယ်။ အင်္ဂလန်ကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အုပ်စုတွင်းမှာ ၄ ပွဲကစားပြီး ၄ ပွဲစလုံးအနိုင်ရရှိထားကာ အုပ်စုထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

Zawgyi Version

ယူနိုက္တက္ေတာင္ပံကစားသမားဆန္ခ်ိဳဟာ အေသးစားဒဏ္ရာရရွိခဲ့တာေၾကာင့္ အဂၤလန္အသင္းလူစာရင္းကေန ႏုတ္ထြက္သြားခဲ့တယ္လို႔ သိရပါတယ္။ The Athletic ရဲ႕ ေဖာ္ျပခ်က္အရ

ဆန္ခ်ိဳဟာ ေလ့က်င့္ေရးကြင္းမွာ ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္း ဆန္ခ်ိဳဟာ အန္ဒိုရာ၊ ပိုလန္တို႔နဲ႕ပြဲေတြကို ပါဝင္မွာမဟုတ္ေတာ့ဘူးလို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဝုလ္ဗ္နဲ႕ပြဲစဥ္မွာ ယူနိုက္တက္အတြက္ ပြဲထြက္ပါဝင္ကစားခဲ့တဲ့ ဆန္ခ်ိဳဟာ လက္ေ႐ြးစင္အသင္းမွာလည္း ထပ္မံေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း ဟန္ေဂရီနဲ႕ပြဲကို ဆန္ခ်ိဳပါဝင္နိုင္ခဲ့ျခင္းမရွိဘဲ

အဆိုပါပြဲမွာေတာ့ ၄-၀ နဲ႕ အဂၤလန္က အနိုင္ရရွိခဲ့ပါတယ္။ အေသးစားဒဏ္ရာရရွိတာေၾကာင့္လည္း စက္တင္ဘာလ ၁၁ ရက္ေန႕မွာကစားရမယ့္ နယူးကာဆယ္နဲ႕ပြဲအမီ ျပန္လည္သက္သာလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ေဒါ့မြန္ကေန ယူနိုက္တက္ကို ေပါင္ ၇၃ သန္းနဲ႕ ေျပာင္းေ႐ႊ႕လာတဲ့ ဆန္ခ်ိဳဟာ အသင္းသစ္မွာေတာ့ ေျခစြမ္းျပနိုင္ျခင္းမရွိေသးသူျဖစ္ပါတယ္။ အသင္းပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္မႈအမ်ားအျပားကို

ရရွိထားသလို နည္းျပဆိုးလ္ရွားရဲ႕ အဓိကကစားသမားျဖစ္လာမယ္လို႔လည္း ယူဆခံထားရတာေၾကာင့္ သူ႕အတြက္ေတာ့ ဖိအားေတြက ရွိေနခဲ့ၿပီး ေျခစြမ္းျပဖို႔ အခ်ိန္ယူရဖြယ္ရွိေနပါတယ္။

လက္ရွိမွာ ယူနိုက္တက္က ေရာ္နယ္ဒိုကိုလည္း ေခၚယူထားၿပီးျဖစ္ကာ နယူးကာဆယ္နဲ႕ပြဲမွာ ပါဝင္ကစားနိုင္ဖြယ္ရွိေနပါတယ္။ ဆိုးလ္ရွားအတြက္ေတာ့ ေရာ္နယ္ဒိုေၾကာင့္ ေက်နပ္ေနရမႈဟာ

ဆန္ခ်ိဳရဲ႕ သတင္းေၾကာင့္ စိတ္ေသာကျဖစ္စရာရွိလာခဲ့ပါတယ္။ အဂၤလန္ကေတာ့ ကမာၻ႔ဖလားေျခစစ္ပြဲအတြက္ အုပ္စုတြင္းမွာ ၄ ပြဲကစားၿပီး ၄ ပြဲစလုံးအနိုင္ရရွိထားကာ အုပ္စုထိပ္ဆုံးေနရာမွာ ရပ္တည္ေနပါတယ္။