Spots news

စပိန်လာလီဂါကို တစ်ကျော့ပြန်ရောက်လာတဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဖယ်လ်ကာအို

Unicode Version

စပိန်လာလီဂါ ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဗယ်လက်ကာနို အသင်းဟာ ကိုလံဘီယာ ဝါရင့်တိုက်စစ်မှူး ဖယ်လ်ကာအိုကို (၂)နှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ဖယ်လ်ကာအိုဟာ ကစားသမားဘဝမှာ ပေါ်တို၊ အက်သလက်တီကို၊ မိုနာကို၊ မန်ယူ၊ ချယ်လ်ဆီးစတဲ့ ဥရောပအသင်းကြီးများတွင် ကစားခဲ့ဖူးပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ တူရကီကလပ် ဂါလာတာစာရေးအသင်းမှာ

ကစားနေသူဖြစ်ပါတယ်။ ဖယ်လ်ကာအိုဟာ ယခုနွေရာသီမှာ ဂါလာတာစာရေးအသင်းနှင့် နှစ်ဦးသဘောတူ စာချုပ်ရပ်ဆိုင်းပြီးနောက် ဗယ်လက်ကာနိုအသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။

ဖယ်လ်ကာအိုဟာ ကစားသမားဘဝတွင် မက်ဒရစ် မြို့ခံကလပ် အက်သလက်တီကို မက်ဒရစ်အသင်းမှာ ၂ ရာသီကြာ (၂၀၁၁-၁၂၂၀၁၂-၁၃) ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၉၁ ပွဲကစားရာမှာ

၇၀ ဂိုးအထိသွင်းကာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ မက်ဒရစ်မြို့ခံကလပ်အသင်း တစ်သင်းပင်ဖြစ်တဲ့ ဗယ်လက်ကာနိုနှင့်အတူ စပိန်လာလီဂါသို့ တစ်ကျော့ပြန်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။

Zawgyi Version

စပိန္လာလီဂါ ကလပ္အသင္း တစ္သင္းျဖစ္တဲ့ ဗယ္လက္ကာနို အသင္းဟာ ကိုလံဘီယာ ဝါရင့္တိုက္စစ္မႉး ဖယ္လ္ကာအိုကို (၂)ႏွစ္စာခ်ဳပ္ျဖင့္ေခၚယူခဲ့ေၾကာင္း အတည္ျပဳ ေၾကညာခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိ ဖယ္လ္ကာအိုဟာ ကစားသမားဘဝမွာ ေပၚတို၊ အက္သလက္တီကို၊ မိုနာကို၊ မန္ယူ၊ ခ်ယ္လ္ဆီးစတဲ့ ဥေရာပအသင္းႀကီးမ်ားတြင္ ကစားခဲ့ဖူးၿပီး ၂၀၁၉ ခုႏွစ္မွစတင္ကာ တူရကီကလပ္ ဂါလာတာစာေရးအသင္းမွာ

ကစားေနသူျဖစ္ပါတယ္။ ဖယ္လ္ကာအိုဟာ ယခုေႏြရာသီမွာ ဂါလာတာစာေရးအသင္းႏွင့္ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ရပ္ဆိုင္းၿပီးေနာက္ ဗယ္လက္ကာနိုအသင္းက အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူခဲ့ျခင္းျဖစ္ပါတယ္။

ဖယ္လ္ကာအိုဟာ ကစားသမားဘဝတြင္ မက္ဒရစ္ ၿမိဳ႕ခံကလပ္ အက္သလက္တီကို မက္ဒရစ္အသင္းမွာ ၂ ရာသီၾကာ (၂၀၁၁-၁၂၂၀၁၂-၁၃) ကစားခဲ့ၿပီး ၿပိဳင္ပြဲစုံ ၉၁ ပြဲကစားရာမွာ

၇၀ ဂိုးအထိသြင္းကာ ေျခစြမ္းျပနိုင္ခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္မွာ မက္ဒရစ္ၿမိဳ႕ခံကလပ္အသင္း တစ္သင္းပင္ျဖစ္တဲ့ ဗယ္လက္ကာနိုႏွင့္အတူ စပိန္လာလီဂါသို႔ တစ္ေက်ာ့ျပန္ေရာက္ရွိလာခဲ့ျခင္းျဖစ္ပါတယ္။