Unicode Version
လက်ရှိ ဥရောပချန်ပီယံလိဂ် ချန်ပီယံ ချဲလ်ဆီးအသင်းကတော့ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ခံစစ်အင်အား ဖြည့်တင်းမှု အဖြစ် နာပိုလီနောက်ခံလူ ကူလီဘာလီကို ခေါ်ယူဖို့ကြိုးပမ်းသွားမယ်လို့သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီအပြောင်းအရွေ့မှာ ဇူးမားကို ဝက်စ်ဟမ်းအသင်းကို ရောင်းချခဲ့ပြ အလားအလာကောင်းနဲ့ ခြေစွမ်းကောင်းတွေရှိတဲ့ ဆီဗီလာ နောက်ခံလူ ကွန်ဒီကို နွေရာသီ အပြောင်းအရွှေ့ကာလ မပြီးဆုံးမီ အရခေါ်ယူရန် ကြိုးစားသော်လည်း ဆီဗီလာက ပယ်ချခဲ့ပါတယ်။
ချဲလ်ဆီးနှင့် ဆီဗီလာအသင်းတို့ဟာ ပြောင်းရွှေ့ကြေး ပေါင် ၄၂.၇ သန်းနှင့် ကွန်ဒီအတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းများထွက် ပေါ်လာပေမယ့် ဆီဗီလာက ကွန်ဒီရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၆၇ သန်းအထိ မြှင့်တင်ခဲ့ခြင်းကြောင့် ချဲလ်ဆီးက မခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါကြောင့်မို့ ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ထိပ်တန်းခံစစ်ကစားသမား တစ်ယောက်ကို ခေါ်ယူဖို့ အလိုရှိနေပြီး အသင်းရဲ့ ကလရှည်ပစ်မှတ် နာပိုလီနောက်ခံလူ ကူလီဘာလီကို အဓိကပစ်မှတ်နဲ့ခေါ်ယူသွားမယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။
နာပိုလီအသင်းရဲ့ အဓိက နောက်ခံကစားသမား ကူလီဘာလီဟာ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ် လီဗာပူးအသင်းရဲ့ ကာလရှည်ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်းခံစစ်မှူးထဲက တစ်ဦးလို့သတ်မှတ်ခံထားရတာပါ။
နာပိုလီအသင်းဘက်က သတ်မှတ်တန်ကြေး တစ်ခုရရင် ရောင်းဖို့ပြင်ဆင်ထားပြီး ဖြစ်သလို ကစားသမားဘက်က အသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေတာမို့ ပရီးမီးယားလိဂ်မှာ မကြာခင်မြင်ရ မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။
Zawgyi Version
လက္ရွိ ဥေရာပခ်န္ပီယံလိဂ္ ခ်န္ပီယံ ခ်ဲလ္ဆီးအသင္းကေတာ့ လာမယ့္ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ ခံစစ္အင္အား ျဖည့္တင္းမႈ အျဖစ္ နာပိုလီေနာက္ခံလူ ကူလီဘာလီကို ေခၚယူဖို႔ႀကိဳးပမ္းသြားမယ္လို႔သိရပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ယခုေႏြရာသီအေျပာင္းအေ႐ြ႕မွာ ဇူးမားကို ဝက္စ္ဟမ္းအသင္းကို ေရာင္းခ်ခဲ့ျပ အလားအလာေကာင္းနဲ႕ ေျခစြမ္းေကာင္းေတြရွိတဲ့ ဆီဗီလာ ေနာက္ခံလူ ကြန္ဒီကို ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလ မၿပီးဆုံးမီ အရေခၚယူရန္ ႀကိဳးစားေသာ္လည္း ဆီဗီလာက ပယ္ခ်ခဲ့ပါတယ္။
ခ်ဲလ္ဆီးႏွင့္ ဆီဗီလာအသင္းတို႔ဟာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၂.၇ သန္းႏွင့္ ကြန္ဒီအတြက္ သေဘာတူညီမႈ ရရွိခဲ့ေၾကာင္း သတင္းမ်ားထြက္ ေပၚလာေပမယ့္ ဆီဗီလာက ကြန္ဒီရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၆၇ သန္းအထိ ျမႇင့္တင္ခဲ့ျခင္းေၾကာင့္ ခ်ဲလ္ဆီးက မေခၚယူနိုင္ခဲ့ျခင္းျဖစ္ပါတယ္။
ဒါေၾကာင့္မို႔ ဇန္နဝါရီလ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ ေဈးကြက္မွာ ထိပ္တန္းခံစစ္ကစားသမား တစ္ေယာက္ကို ေခၚယူဖို႔ အလိုရွိေနၿပီး အသင္းရဲ႕ ကလရွည္ပစ္မွတ္ နာပိုလီေနာက္ခံလူ ကူလီဘာလီကို အဓိကပစ္မွတ္နဲ႕ေခၚယူသြားမယ္လို႔ သတင္းရင္းျမစ္ေတြကဆိုပါတယ္။
နာပိုလီအသင္းရဲ႕ အဓိက ေနာက္ခံကစားသမား ကူလီဘာလီဟာ ခ်ဲလ္ဆီးရဲ႕ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ကလပ္ လီဗာပူးအသင္းရဲ႕ ကာလရွည္ပစ္မွတ္ ကစားသမား တစ္ဦး ျဖစ္ခဲ့ၿပီး ကမာၻ႔ထိပ္တန္းခံစစ္မႉးထဲက တစ္ဦးလို႔သတ္မွတ္ခံထားရတာပါ။
နာပိုလီအသင္းဘက္က သတ္မွတ္တန္ေၾကး တစ္ခုရရင္ ေရာင္းဖို႔ျပင္ဆင္ထားၿပီး ျဖစ္သလို ကစားသမားဘက္က အသင္းကေန ထြက္ခြာဖို႔ အဆင္သင့္ျဖစ္ေနတာမို႔ ပရီးမီးယားလိဂ္မွာ မၾကာခင္ျမင္ရ မလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါ။