Spots news

စာချုပ်သက်တမ်းတိုးဖို့ တနင့်တပိုးလစာတောင်းဆိုလိုက်တဲ့ ဆာလက်

Unicode Version

လီဗာပူး အသင်းရဲ့ အီဂျစ်လက်ရွေးစင် အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလက်ဟာ လီဗာပူးမှာ ကာလရှည် စာချုပ်သက်တမ်းတိုးဖို့ တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ အထိ တောင်းဆိုထားကြောင်း Mirror သတင်းဌာနက ဖော်ပြသွားပါတယ်။ ဆာလက်ဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး အသင်းက စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းနေသူပါ။

ဆာလက်ဟာ လီဗာပူးရဲ့ လစာအများဆုံး ကစားသမားတွေထဲ ပါဝင်ပြီး စာချုပ်သစ်သာ ချုပ်ဆိုမယ်ဆိုရင် နောက်ခံလူ ဗန်ဒိုက်ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၂၀၀၀၀ လစာကို ကျော်လွန်ကာ အသင်းရဲ့ လစာအများဆုံး ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။ လီဗာပူးဟာ အသင်းရဲ့ အဓိက ကစားသမား ဆာလက်ကိုအသင်းနဲ့ ကာလရှည် စာချုပ်သက်တမ်း ဆက်တိုးဖို့ အလိုရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ အသင်းနဲ့ ကာလရှည် သက်တမ်းတိုးကာ အနာဂတ်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို အဆုံးသတ်ခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ အသင်းမှာ စာချုပ်သစ်ချုပ်မှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ အင်္ဂလန်သားတစ်ယောက် ၃နှစ် စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။

လီဗာပူးဟာ  ယခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း အဓိက ကစားသမားတွေ ဖြစ်တဲ့ ဗန်ဒိုက်၊ ဖာဘင်ဟို၊ ရောဘတ်၊ အာနိုးလ်တို့ကိုလည်း ကာလရှည် သက်တမ်းတိုးစာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ တိုက်စစ်မှူး ဆာလက်ကိုလဲ လုပ်ခလစာတိုးပေးပြီး စာချုပ်သက်တန်း တိုးမြှင့်နိုင်ဖို့ မျှော်လင့်နေကြောင်းလဲ သိရပါတယ်။

Zawgyi Version

လီဗာပူး အသင္းရဲ႕ အီဂ်စ္လက္ေ႐ြးစင္ အဓိက တိုက္စစ္မႉး မိုဟာမက္ ဆာလက္ဟာ လီဗာပူးမွာ ကာလရွည္ စာခ်ဳပ္သက္တမ္းတိုးဖို႔ တစ္ပတ္လုပ္ခ ေပါင္ ၅၀၀၀၀၀ အထိ ေတာင္းဆိုထားေၾကာင္း Mirror သတင္းဌာနက ေဖာ္ျပသြားပါတယ္။ ဆာလက္ဟာ လီဗာပူးအသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၂ ႏွစ္သာ က်န္ရွိေတာ့တာျဖစ္ၿပီး အသင္းက စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းေနသူပါ။

ဆာလက္ဟာ လီဗာပူးရဲ႕ လစာအမ်ားဆုံး ကစားသမားေတြထဲ ပါဝင္ၿပီး စာခ်ဳပ္သစ္သာ ခ်ဳပ္ဆိုမယ္ဆိုရင္ ေနာက္ခံလူ ဗန္ဒိုက္ရဲ႕ တစ္ပတ္လုပ္ခ ေပါင္ ၂၂၀၀၀၀ လစာကို ေက်ာ္လြန္ကာ အသင္းရဲ႕ လစာအမ်ားဆုံး ကစားသမား ျဖစ္လာဖို႔ ရွိေနပါတယ္။ လီဗာပူးဟာ အသင္းရဲ႕ အဓိက ကစားသမား ဆာလက္ကိုအသင္းနဲ႕ ကာလရွည္ စာခ်ဳပ္သက္တမ္း ဆက္တိုးဖို႔ အလိုရွိေနပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ အသင္းနဲ႕ ကာလရွည္ သက္တမ္းတိုးကာ အနာဂတ္နဲ႕ ပတ္သက္တဲ့ ေကာလာဟလေတြကို အဆုံးသတ္ခဲ့ပါတယ္။ ဟန္ဒါဆန္ဟာ အသင္းမွာ စာခ်ဳပ္သစ္ခ်ဳပ္မွာ မဟုတ္ဘူးလို႔ သတင္းေတြ ထြက္ခဲ့ေပမဲ့ အဂၤလန္သားတစ္ေယာက္ ၃ႏွစ္ စာခ်ဳပ္သက္တမ္းတိုးခဲ့ပါတယ္။

လီဗာပူးဟာ  ယခုေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလအတြင္း အဓိက ကစားသမားေတြ ျဖစ္တဲ့ ဗန္ဒိုက္၊ ဖာဘင္ဟို၊ ေရာဘတ္၊ အာနိုးလ္တို႔ကိုလည္း ကာလရွည္ သက္တမ္းတိုးစာခ်ဳပ္ေတြ ခ်ဳပ္ဆိုခဲ့ပါတယ္။ တိုက္စစ္မႉး ဆာလက္ကိုလဲ လုပ္ခလစာတိုးေပးၿပီး စာခ်ဳပ္သက္တန္း တိုးျမႇင့္နိုင္ဖို႔ ေမွ်ာ္လင့္ေနေၾကာင္းလဲ သိရပါတယ္။