Spots news

ထရာအိုရေးကို လစာနှစ်ဆပေးကာ ပြိုင်ဘက်တွေရဲ့ရန်က ကာကွယ်မယ့် ဝုဗ်

Unicode Version

ဝုဗ်အသင်းဟာ တောင်ပံကစားသမား အဒါမာထရာအိုရေးကို အသင်းရဲ့ လစာအမြင့်ဆုံး ကစားသမား ဖြစ်လာစေမယ့် တစ်ပတ်ပေါင် ၁၂၀၀၀၀ အထိ ပေးပြီးစာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ထရာအိုရေးရဲ့ လက်ရှိစာချုပ်ဟာ ၂ နှစ်သာ ကျန်ရှိတော့တာကြောင့် အသင်းရဲ့ အဓိက ကစားသမား တစ်ယောက်ကို ပရီးမီးယားလိဂ် ပြိုင်ဘက်တွေထံ လက်မလွှတ်ရစေဖို့အတွက်

လစာ ၂ ဆလောက် တိုးပေးသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ထရာအိုရေးရဲ့ စာချုပ်အသစ်ဟာ လေးနှစ်သက်တမ်းရှိပြီး ပေါင် ၂၅ သန်းကျသင့်မှာပဲ ဖြစ်ပါတယ်။

စပိန်သားဟာ ၂၀၂၁-၂၂ ရာသီကို အကောင်းဆုံးခြေစွမ်းနဲ့ စတင်ခဲ့ပေမယ့် ဝုဗ်အသင်းကတော့ ၃ ပွဲကစားပြီးချိန်မှာ ၃ ပွဲစလုံးကို ၁-၀ စီနဲ့ အရေးနိမ့်ထားပါတယ်။ လက်ရှိဝုဗ်အသင်းရဲ့

ပွဲထွက် ၁၁ ယောက်မှာလည်း ထရာအိုရေးက မရှိမဖြစ်ကစားသမားဖြစ်တာကြောင့် အသင်းဖက်ကနေ ကစားသမားကို နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုလိုနေတာလည်း ဖြစ်ပါတယ်။

လာမယ့်ရက်သတ္တပတ်အတွင်းမှာ ထရာအိုရေးရဲ့ စာချုပ်သစ်အတွက် စတင်ဆွေးနွေးသွားဖွယ် ရှိနေပြီး ကစားသမားကတော့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ဂျော်ဂျီယာ၊ ကိုဆိုဗိုတို့နဲ့ ကစားရမယ့် စပိန်အသင်းနဲ့ ပူးပေါင်းလျက်ရှိပါတယ်။

ထရာအိုရေးဟာ တစ်ပတ်ကို ပေါင် ၅၅၀၀၀ ရရှိနေပေမယ့် ဝုဗ်ကတော့ လက်ရှိလစာကို နှစ်ဆတိုးကာ တော့တင်ဟမ်၊ လီဗာပူးတို့ရဲ့ ကမ်းလှမ်းမှုတွေကို ရှောင်ရှားနိုင်ဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ထရာအိုရေးကို ပစ်မှတ်ထားနေတဲ့ အသင်းတွေက ပရီးမီးယားလိဂ်တင်မကပဲ အခြားဥရောပ ထိပ်တန်းအသင်းတွေလည်း ပါဝင်လျက်ရှိပါတယ်။ တော့တင်ဟမ်ကတော့ သြဂုတ်လက

ထရာအိုရေးကို စိတ်ဝင်စားခဲ့ပြီး အပြောင်းအရွှေ့ နောက်ဆုံးမိနစ်လောက်မှာ ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဝုဗ်က ၂၅ နှစ်သားအတွက် ပေါင်သန်း ၅၀ အလိုရှိတာကြောင့် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။

Zawgyi Version

ဝုဗ္အသင္းဟာ ေတာင္ပံကစားသမား အဒါမာထရာအိုေရးကို အသင္းရဲ႕ လစာအျမင့္ဆုံး ကစားသမား ျဖစ္လာေစမယ့္ တစ္ပတ္ေပါင္ ၁၂၀၀၀၀ အထိ ေပးၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ထရာအိုေရးရဲ႕ လက္ရွိစာခ်ဳပ္ဟာ ၂ ႏွစ္သာ က်န္ရွိေတာ့တာေၾကာင့္ အသင္းရဲ႕ အဓိက ကစားသမား တစ္ေယာက္ကို ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ေတြထံ လက္မလႊတ္ရေစဖို႔အတြက္

လစာ ၂ ဆေလာက္ တိုးေပးသြားဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ထရာအိုေရးရဲ႕ စာခ်ဳပ္အသစ္ဟာ ေလးႏွစ္သက္တမ္းရွိၿပီး ေပါင္ ၂၅ သန္းက်သင့္မွာပဲ ျဖစ္ပါတယ္။

စပိန္သားဟာ ၂၀၂၁-၂၂ ရာသီကို အေကာင္းဆုံးေျခစြမ္းနဲ႕ စတင္ခဲ့ေပမယ့္ ဝုဗ္အသင္းကေတာ့ ၃ ပြဲကစားၿပီးခ်ိန္မွာ ၃ ပြဲစလုံးကို ၁-၀ စီနဲ႕ အေရးနိမ့္ထားပါတယ္။ လက္ရွိဝုဗ္အသင္းရဲ႕

ပြဲထြက္ ၁၁ ေယာက္မွာလည္း ထရာအိုေရးက မရွိမျဖစ္ကစားသမားျဖစ္တာေၾကာင့္ အသင္းဖက္ကေန ကစားသမားကို ႏွစ္ရွည္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုေနတာလည္း ျဖစ္ပါတယ္။

လာမယ့္ရက္သတၱပတ္အတြင္းမွာ ထရာအိုေရးရဲ႕ စာခ်ဳပ္သစ္အတြက္ စတင္ေဆြးေႏြးသြားဖြယ္ ရွိေနၿပီး ကစားသမားကေတာ့ ၂၀၂၂ ကမာၻ႔ဖလား ေျခစစ္ပြဲအျဖစ္ ေဂ်ာ္ဂ်ီယာ၊ ကိုဆိုဗိုတို႔နဲ႕ ကစားရမယ့္ စပိန္အသင္းနဲ႕ ပူးေပါင္းလ်က္ရွိပါတယ္။

ထရာအိုေရးဟာ တစ္ပတ္ကို ေပါင္ ၅၅၀၀၀ ရရွိေနေပမယ့္ ဝုဗ္ကေတာ့ လက္ရွိလစာကို ႏွစ္ဆတိုးကာ ေတာ့တင္ဟမ္၊ လီဗာပူးတို႔ရဲ႕ ကမ္းလွမ္းမႈေတြကို ေရွာင္ရွားနိုင္ဖို႔ ႀကိဳးစားတာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ ထရာအိုေရးကို ပစ္မွတ္ထားေနတဲ့ အသင္းေတြက ပရီးမီးယားလိဂ္တင္မကပဲ အျခားဥေရာပ ထိပ္တန္းအသင္းေတြလည္း ပါဝင္လ်က္ရွိပါတယ္။ ေတာ့တင္ဟမ္ကေတာ့ ၾသဂုတ္လက

ထရာအိုေရးကို စိတ္ဝင္စားခဲ့ၿပီး အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးမိနစ္ေလာက္မွာ ေပါင္သန္း ၃၀ နဲ႕ ကမ္းလွမ္းခဲ့ေပမယ့္ ဝုဗ္က ၂၅ ႏွစ္သားအတြက္ ေပါင္သန္း ၅၀ အလိုရွိတာေၾကာင့္ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ပါတယ္။