Spots news

ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ပိုမိုပြင်းထန်လာပြီဖြစ်တဲ့ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီး

Unicode Version

ယခုနှစ်ဘောလုံးရာသီဟာ ဝက်စ်ဟမ်းအသင်းမှာ နောက်ဆုံးဘောလုံးရာသီဟု ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ထုတ်ဖော်ပြောဆိုပြီးနောက် ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ ကစားသမားကိုခေါ်ယူရေးအတွက် အပြိုင်အဆိုင် ကြိုးစားသွားဖွယ်ရှိ နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ ယခုနှစ်နွေရာသီ အပြောင်းအရွေ့အတွင်း ဒီကလန်ရိုက်စ်ကို ခေါ်ယူလိုသော်လည်း ကစားသမားရဲ့ မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေး မတတ်နိုင်သဖြင့် မခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ရိုက်စ်ဟာ ဟန်ဂေရီကို ၄-၀ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူရို-၂၀၂၁ ပြိုင်ပွဲတွင်လဲ အင်္ဂလန်အသင်းနှင့်အတူ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။ ရိုက်စ်ရဲ့ လက်ရှိခြေစွမ်းနဲ့ စာချုပ်သက်တမ်းအရ ဝက်စ်ဟမ်းအသင်းက ကစားသမားအတွက် ပြောင်းရွေ့ကြေး ပေါင် သန်း ၁၀၀ သတ်မှတ်ထားပါတယ်။

သို့ပေမယ့် ဒီကလန်ရိုက်စ်ဟာ အဆိုပါ ပြောင်းရွှေ့ကြေး ပမာဏကို မကျေမနပ်ဖြစ်နေပြီး အသင်းပြောင်းရွှေ့ရန် အတွက် အနှောင့် အယှက်ဖြစ်သည်ဟု ယူဆနေပါတယ်။ ရိုက်စ်ဟာ ချန်ပီယံလိဂ် ကစားလိုကြောင်း ပြောဆိုထားပြီး ဝက်စ်ဟမ်းနှင့် စာချုပ်သက်တမ်းတိုးရေးကိုလည်း အချိန်ဆွဲနေပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ရိုက်စ်နှင့် ၂၀၂၅ အထိ စာချုပ်သက်တမ်းရှိနေပြီး လစာငွေ သိသိသာသာတိုးပေးကာ သက်တမ်းကမ်းလှမ်းနေပါတယ်။ သို့ပေမယ့် ရိုက်စ်က ၂၀၂၂ နွေရာသီတွင် အသင်းပြောင်းရန် အလိုရှိနေပါတယ်။ ဒါ့အပြင် ရိုက်စ်ဟာ ဝက်စ်ဟမ်းမှ သက်တမ်းတိုးရန် ကမ်းလှမ်းမှုနှစ်ကြိမ်ကို ငြင်းပယ်ထားပါတယ်။

ထို့ကြောင့် လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်ခံစစ် ကစားသမား လိုအပ်နေသော မန်ယူနိုက်တက် နှင့် ချဲလ်ဆီးတို့ဟာ ရိုက်စ်ကိုခေါ်ယူရေး အပြင်းအထန် ကြိုးစားလာဖွယ်ရှိ‌ နေပါတယ်။ ချဲလ်ဆီးဟာ အပြောင်းအရွေ့နောက်ဆုံးရက်မှာတော့ အက်သလက်တီကိုမှ ဆာအူလ်ကို တစ်ရာသီအငှားဖြင့် ခေါ်ယူထားပါတယ်။

Zawgyi Version

ယခုႏွစ္ေဘာလုံးရာသီဟာ ဝက္စ္ဟမ္းအသင္းမွာ ေနာက္ဆုံးေဘာလုံးရာသီဟု ကြင္းလယ္လူ ဒီကလန္ရိုက္စ္က ထုတ္ေဖာ္ေျပာဆိုၿပီးေနာက္ ယူနိုက္တက္နဲ႕ ခ်ဲလ္ဆီးအသင္းတို႔ဟာ ကစားသမားကိုေခၚယူေရးအတြက္ အၿပိဳင္အဆိုင္ ႀကိဳးစားသြားဖြယ္ရွိ ေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ခ်ဲလ္ဆီးတို႔ဟာ ယခုႏွစ္ေႏြရာသီ အေျပာင္းအေ႐ြ႕အတြင္း ဒီကလန္ရိုက္စ္ကို ေခၚယူလိုေသာ္လည္း ကစားသမားရဲ႕ ျမင့္မားလွတဲ့ ေျပာင္းေ႐ႊ႕ေၾကး မတတ္နိုင္သျဖင့္ မေခၚယူနိုင္ခဲ့ျခင္း ျဖစ္ပါတယ္။

ရိုက္စ္ဟာ ဟန္ေဂရီကို ၄-၀ ျဖင့္ အနိုင္ရတဲ့ ကမာၻ႔ဖလားေျခစစ္ပြဲမွာ တစ္ဂိုးသြင္းယူနိုင္ခဲ့ၿပီး ယူရို-၂၀၂၁ ၿပိဳင္ပြဲတြင္လဲ အဂၤလန္အသင္းႏွင့္အတူ ဗိုလ္လုပြဲတက္ေရာက္နိုင္ခဲ့ပါတယ္။ ရိုက္စ္ရဲ႕ လက္ရွိေျခစြမ္းနဲ႕ စာခ်ဳပ္သက္တမ္းအရ ဝက္စ္ဟမ္းအသင္းက ကစားသမားအတြက္ ေျပာင္းေ႐ြ႕ေၾကး ေပါင္ သန္း ၁၀၀ သတ္မွတ္ထားပါတယ္။

သို႔ေပမယ့္ ဒီကလန္ရိုက္စ္ဟာ အဆိုပါ ေျပာင္းေ႐ႊ႕ေၾကး ပမာဏကို မေက်မနပ္ျဖစ္ေနၿပီး အသင္းေျပာင္းေ႐ႊ႕ရန္ အတြက္ အေႏွာင့္ အယွက္ျဖစ္သည္ဟု ယူဆေနပါတယ္။ ရိုက္စ္ဟာ ခ်န္ပီယံလိဂ္ ကစားလိုေၾကာင္း ေျပာဆိုထားၿပီး ဝက္စ္ဟမ္းႏွင့္ စာခ်ဳပ္သက္တမ္းတိုးေရးကိုလည္း အခ်ိန္ဆြဲေနပါတယ္။

ဝက္စ္ဟမ္းအသင္းဟာ ရိုက္စ္ႏွင့္ ၂၀၂၅ အထိ စာခ်ဳပ္သက္တမ္းရွိေနၿပီး လစာေငြ သိသိသာသာတိုးေပးကာ သက္တမ္းကမ္းလွမ္းေနပါတယ္။ သို႔ေပမယ့္ ရိုက္စ္က ၂၀၂၂ ေႏြရာသီတြင္ အသင္းေျပာင္းရန္ အလိုရွိေနပါတယ္။ ဒါ့အျပင္ ရိုက္စ္ဟာ ဝက္စ္ဟမ္းမွ သက္တမ္းတိုးရန္ ကမ္းလွမ္းမႈႏွစ္ႀကိမ္ကို ျငင္းပယ္ထားပါတယ္။

ထို႔ေၾကာင့္ လာမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ကြင္းလယ္ခံစစ္ ကစားသမား လိုအပ္ေနေသာ မန္ယူနိုက္တက္ ႏွင့္ ခ်ဲလ္ဆီးတို႔ဟာ ရိုက္စ္ကိုေခၚယူေရး အျပင္းအထန္ ႀကိဳးစားလာဖြယ္ရွိ‌ ေနပါတယ္။ ခ်ဲလ္ဆီးဟာ အေျပာင္းအေ႐ြ႕ေနာက္ဆုံးရက္မွာေတာ့ အက္သလက္တီကိုမွ ဆာအူလ္ကို တစ္ရာသီအငွားျဖင့္ ေခၚယူထားပါတယ္။