Spots news

ပြင်သစ်မှာဂိုးသွင်းပြရင်း မန်ယူက ‌ရော်နယ်ဒိုတို့ကို ပွဲထွက်ခွင့် သတိပေးလိုက်တဲ့ မာရှယ်

Unicode Version

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူကရိန်း နဲ့ ပြင်သစ်တို့ရဲ့ ပွဲစဉ်မှာ

ပြင်သစ်အတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ပြင်သစ်လက်ရွေးစင် အသင်းမှာ ၅ နှစ်ကြာ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

အဆိုပါ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ယူကရိန်းအသင်းဟာ ၄၄မိနစ်မှာပဲ တန်ပြန်တိုက်စစ် ကနေ ရှာပရန်ကို သွင်းယူပေးခဲ့တဲ့ သွင်းဂိုးနဲ့ ပြင်သစ်အသင်းကို ဦးဆောင်နိုင်ခဲ့ပြီး

ပြင်သစ်အသင်း အတွက် ချေပဂိုးကို ပွဲကစားချိန် ၅၀မိနစ်မှာ ဂိုးပေါက်ပျောက်ဆုံးနေတာ ကြာပြီ ဖြစ်တဲ့ မာရှယ်က သွင်းယူပေးခဲ့ပြီး တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

အဆိုပါ သွင်းဂိုးဟာ မန်ယူနိုက်တက် တိုက်စစ်မှူး အတွက် ၂၀၁၆ခုနှစ် စက်တင်ဘာ နောက်ပိုင်း ပြင်သစ် လက်ရွေးစင် အသင်း အတွက် သွင်းယူပေးနိုင်ခဲ့တဲ့

ပထမဦးဆုံး သွင်းဂိုး ဖြစ်ပြီး ၅နှစ်နီးပါး ကြာအောင် နိုင်ငံအတွက် ဂိုးပေါက် ပျောက်ဆုံးနေမှုကို မာရှယ်က အဆုံးသတ်ပြနိုင် ခဲ့ပါတယ်။

မာရှယ်က “အသင်းအတွက် သွင်းဂိုး ပြန်လည် သွင်းယူပေးနိုင်တဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဂိုးမသွင်းနိုင်တာက အတော်လေးကို ကြာနေပြီလေ။ဒီနေ့က ကျွန်တော်တို့ အတွက်

အတော်ကို ခက်ခဲပေမယ့် ကျွန်တော်တို့တွေ ချေပဂိုးကို ပြန်လည် ရှာဖွေနိုင်ခဲ့တယ်။နောက်ထပ် တပွဲမှာတော့ ကျွန်တော်တို့ အနိုင်ရဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။