Spots news

ကလော့ပ်ကို ပြန်လည်တုံ့ပြန်လိုက်တဲ့ အနေအေးတဲ့ မြွေပွေး ဆိုလ်းရှား

Unicode Version

ဆောက်သမ်တန် အသင်းကို တစ်ဂိုး ဂိုးမရှိရလဒ် ဖြင့် ရှုံးနိမ့်ပြီး နောက် ပွဲပြီး အင်တာဗျူး မှာ မန်ချက်စတာ ယူနိုက်တက် ကို မဆီမဆိုင် ဝေဖန်ခဲ့တဲ့ လီဗာပူးနည်းပြ ကလော့်ပ် ကို မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုလ်းရှားက ပညာသားပါပါ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ကလော့်ပ်က “မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ရခဲ့တဲ့ ပင်နယ်တီ အရေအတွက်က ကျွန်တော် ၅ နှစ်ခွဲအတွင်းရခဲ့တဲ့ အရေအတွက် ထက် များပါတယ်။ ဒါပေမယ့်  ဒီညအတွက်တော့ အကြောင်းပြချက်တွေပေးနေမှာ မဟုတ်ပါဘူး ” ဆောက်သမ်တန် နှင့် ပွဲစဉ်အပြီး မှာ ပြောကြားသွားတာပါ။

သို့ပေမယ့် Daily Mail က ဖော်ပြခဲ့တဲ့ အချက်အလက် မှတ်တမ်းအရ ဆောက်သမ်တန်နဲ့ပွဲအပြီး ကလော့ပ်ပြောခဲ့သလို ပြီးခဲ့တဲ့ ၂နှစ်ခွဲတာ ကာလအတွင်း နဲ့ သူ့ရဲ့ ၅ နှစ်ခွဲသက်တမ်းအတွင်း ပယ်နယ်တီပိုမို ရရှိခဲ့တဲ့အသင်းဟာ ယူနိုက်တက်မဟုတ်ဘဲ လီဗာပူးဖြစ်နေတယ် လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ကလော့ပ်ရဲ့ ပြောဆိုမှုဟာ မှားယွင်းနေတယ်လို့ Daily Mail က ရေးသားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားကလဲ လီဗာပူး မန်နေဂျာကလော့ပ်ဟာ အဓိပ္ပာယ် မရှိသော စကားများ ဖြစ်ပြီး မန်ယူနိုက်တက် ရရှိသော ပင်နယ်တီ အရေအတွက်အကြောင်းကို ပြောဆိုခြင်းဖြင့် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်ရန် ကြိုးစားနေကြောင်း ပြောဆိုတုံ့ပြန်ခဲ့ပါတယ်။

“ ကျွန်တော်တို့ အသင်း ပင်နယ်တီ ဘယ်လောက်ရရှိနေလဲ ဆိုတာကို သူတို့အနေနဲ့ စိုးရိမ်တကြီး ရေတွက်နေစရာ မလိုဘူး လို့ထင်ပါတယ်။ သူတို့အသင်း ပင်နယ်တီ ‌ဘယ်လောက်ရနေလဲ ကျွန်တော် မသိဘူး။ ယူနိုက်တက်ကို ဧရိယာ ထဲမှာ ပြစ်ဒဏ်ကျူးလွန် ခံရတဲ့ အကြိမ်အရေ အတွက် ကိုသူတို့ စိတ်ဝင်တစား ရေတွက်နေတာပါ ”

“ အဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော် မစိုးရိမ်ပါဘူး။ ကစားသမားတစ်ယောက်ကို Box ထဲမှာ ပြစ်ဒဏ်ကျူးလွန်ရင် ပင်နယ်တီ ပေးရမှာပါပဲ။ သူတို့ အနေနဲ့ ယူနိုက်တက်ရဲ့ ပင်နယ်တီအကြောင်းကို ပြောပီး ဒိုင်ကို လွှမ်းမိုးဖို့ ပြောဆိုနေကြတာပါ ” ဟု ဆိုလ်းရှားက ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ အချိန်မှာ ပွဲမတိုင်ခင် ပြောကြားလေးရှိတဲ့ နည်းပြ များအကြား ပြိုင်ဆိုင်မှုတွေ ဟာ စိတ်ဝင်စားစရာ အပြည့်ရှိနေပါတယ်။

ဇယားထိပ်မှာ အမှတ်တူနေတဲ့ မန်ချက်စတာ ယူနိုက်တက် ကို ပစ်မှတ်ထား နေတဲ့ နည်းပြ နှစ်ယောက် ကတော့ လီဗာပူး မန်နေဂျာ ကလော့ပ် နဲ့ စပါးမန်နေရာ မော်ရင်ဟိုတို့ ဖြစ်ကြပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ပင်နယ်တီများပြားမှုကို အဓိကပြောကြားကာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးဖို့ ကြိုးစားလာတာပါ။

Zawgyi Version

ေဆာက္သမ္တန္ အသင္းကို တစ္ဂိုး ဂိုးမရွိရလဒ္ ျဖင့္ ရႈံးနိမ့္ၿပီး ေနာက္ ပြဲၿပီး အင္တာဗ်ဴး မွာ မန္ခ်က္စတာ ယူနိုက္တက္ ကို မဆီမဆိုင္ ေဝဖန္ခဲ့တဲ့ လီဗာပူးနည္းျပ ကေလာ့္ပ္ ကို မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုလ္းရွားက ပညာသားပါပါ ျပန္လည္တုံ႕ျပန္ခဲ့ပါတယ္။

ကေလာ့္ပ္က “မန္ခ်က္စတာ ယူနိုက္တက္ဟာ ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း ရခဲ့တဲ့ ပင္နယ္တီ အေရအတြက္က ကြၽန္ေတာ္ ၅ ႏွစ္ခြဲအတြင္းရခဲ့တဲ့ အေရအတြက္ထက္မ်ားပါတယ္။ ဒါေပမယ့္ ဒီညအတြက္ေတာ့ အေၾကာင္းျပခ်က္ေတြေပးေနမွာမဟုတ္ပါဘူး ” ေဆာက္သမ္တန္ ႏွင့္ ပြဲစဥ္အၿပီး မွာေျပာၾကားသြားတာပါ။

သို႔ေပမယ့္ Daily Mail က ေဖာ္ျပခဲ့တဲ့ အခ်က္အလက္မွတ္တမ္းအရ ေဆာက္သမ္တန္နဲ႕ပြဲအၿပီး ကေလာ့ပ္ေျပာခဲ့သလို ၿပီးခဲ့တဲ့ ၂ႏွစ္ခြဲတာ ကာလအတြင္း နဲ႕ သူ႕ရဲ႕ ၅ ႏွစ္ခြဲသက္တမ္းအတြင္း ပယ္နယ္တီပိုမို ရရွိခဲ့တဲ့အသင္းဟာ ယူနိုက္တက္မဟုတ္ဘဲ လီဗာပူးျဖစ္ေနတယ္ လို႔ သတင္း ထုတ္ျပန္ခဲ့ပါတယ္။ ကေလာ့ပ္ရဲ႕ ေျပာဆိုမႈဟာ မွားယြင္းေနတယ္လို႔ Daily Mail က ေရးသားသြားခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားကလဲ လီဗာပူး မန္ေနဂ်ာကေလာ့ပ္ဟာ အဓိပၸာယ္ မရွိေသာ စကားမ်ား ျဖစ္ၿပီး မန္ယူနိုက္တက္ ရရွိေသာ ပင္နယ္တီ အေရအတြက္အေၾကာင္းကို ေျပာဆိုျခင္းျဖင့္ ကြင္းလယ္ဒိုင္၏ ဆုံးျဖတ္ခ်က္ကို လႊမ္းမိုးနိုင္ရန္ ႀကိဳးစားေနေၾကာင္း ေျပာဆိုတုံ႕ျပန္ခဲ့ပါတယ္။

“ ကြၽန္ေတာ္တို႔ အသင္း ပင္နယ္တီ ဘယ္ေလာက္ရရွိေနလဲ ဆိုတာကို သူတို႔အေနနဲ႕ စိုးရိမ္တႀကီး ေရတြက္ေနစရာ မလိုဘူး လို႔ထင္ပါတယ္။ သူတို႔အသင္း ပင္နယ္တီ ‌ဘယ္ေလာက္ရေနလဲ ကြၽန္ေတာ္မသိဘူး။ ယူနိုက္တက္ကို ဧရိယာ ထဲမွာ ျပစ္ဒဏ္က်ဴးလြန္ ခံရတဲ့ အႀကိမ္အေရ အတြက္ ကိုသူတို႔ စိတ္ဝင္တစား ေရတြက္ေနတာပါ ”

“ အဲ့တာနဲ႕ ပတ္သက္ၿပီး ကြၽန္ေတာ္ မစိုးရိမ္ပါဘူး။ ကစားသမားတစ္ေယာက္ကို Box ထဲမွာ ျပစ္ဒဏ္က်ဴးလြန္ရင္ ပင္နယ္တီ ေပးရမွာပါပဲ။ သူတို႔ အေနနဲ႕ ယူနိုက္တက္ရဲ႕ ပင္နယ္တီအေၾကာင္းကို ေျပာပီး ဒိုင္ကို လႊမ္းမိုးဖို႔ ေျပာဆိုေနၾကတာပါ ” ဟု ဆိုလ္းရွားက ေျပာၾကားသြားခဲ့ပါတယ္။

လက္ရွိ အခ်ိန္မွာ ပြဲမတိုင္ခင္ ေျပာၾကားေလးရွိတဲ့ နည္းျပ မ်ားအၾကား ၿပိဳင္ဆိုင္မႈေတြ ဟာ စိတ္ဝင္စားစရာ အျပည့္ရွိေနပါတယ္။

ဇယားထိပ္မွာ အမွတ္တူေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ ကို ပစ္မွတ္ထား ေနတဲ့ နည္းျပ ႏွစ္ေယာက္ ကေတာ့ လီဗာပူး မန္ေနဂ်ာ ကေလာ့ပ္ နဲ႕ စပါးမန္ေနရာ ေမာ္ရင္ဟိုတို႔ ျဖစ္ၾကၿပီး မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ပင္နယ္တီမ်ားျပားမႈကို အဓိကေျပာၾကားကာ ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ကို လႊမ္းမိုးဖို႔ ႀကိဳးစားလာတာပါ။