Spots news

အကြံတစ်ခုကြောင့် အဝါကဒ်ရယူခဲ့ကြောင်း သတ်မှတ်ခံနေရတဲ့ ရော်နယ်ဒို

Unicode Version

ယမန်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အိုင်ယာလန်နဲ့ပွဲမှာ ပေါ်တူဂီကို ပွဲပြီးခါနီးမှာ ခေါင်းတိုက်ဂိုးနှစ်ဂိုးနဲ့ ကယ်တင်ပေးခဲ့တဲ့ ရော်နယ်ဒိုဟာ ဂျာစီချွတ်အောင်ပွဲခံခဲ့ပြီးနောက် အဇာဘိုင်ဂျန်နဲ့ကစားရမယ့် ပွဲကို ပွဲပယ်ခံခဲ့ရပါတယ်။

နောက်ဆုံးခြောက်မိနစ်အတွင်းမှာ ရော်နယ်ဒိုက ၂ ဂိုးသွင်းကာ ပေါ်တူဂီကို ၂-၁ နဲ့ အနိုင်ရရှိစေခဲ့သလို နိုင်ငံတကာသွင်းဂိုးအများဆုံးရတဲ့ ကစားသမားအဖြစ်နဲ့လည်း စံချိန်တင်ခဲ့ပြီဖြစ်ပါတယ်။

အနိုင်ဂိုးရရှိပြီးနောက် ရော်နယ်ဒိုဟာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်တော့ဘဲ ဂျာစီချွတ်ကာ အောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။ ပရိသတ်တွေရှေ့မှာ ရော်နယ်ဒိုက ဆန္ဒပြင်းပြတဲ့အောင်ပွဲခံမှုမျိုးနဲ့

သွားရောက်အောင်ပွဲခံခဲ့ပြီး အဝါကတ်ပြသခံခဲ့ရပါတယ်။ ဒီလိုပြသခံခဲ့ရတာကြောင့် နောက် ၆ ရက်အကြာမှာ ကစားရမယ့် အဇာဘိုင်ဂျန်နဲ့ပွဲကို ရော်နယ်ဒို လွဲချော်ခဲ့တာပါ။

အဆိုပါပွဲမတိုင်ခင် ပေါ်တူဂီဟာ ကာတာနဲ့ စက်တင်ဘာ ၄ ရက်နေ့မှာ ခြေစမ်းပွဲကစားသွားဦးမှာဖြစ်ပါတယ်။ အဆိုပါပွဲကိုတော့ ရော်နယ်ဒို ပါဝင်ကစားပေးရဖွယ်ရှိနေပြီး

အဇာဘိုင်ဂျန်နဲ့ပွဲကိုတော့ စင်ပေါ်ကနေသာ ကြည့်ရတော့မှာဖြစ်တဲ့ အတွက် ပေါ်တူဂီ အသင်းဟာ ရော်နယ်ဒိုကို လက်လွှတ်လိုက်ပြီး ကလပ်အသင်း မန်ချက်စတာ ယူနိုက်တက်ကို ပူးပေါင်းခွင့်ပြုလိုက်ပါတယ်။

ဒါကြောင့် စက်တင်ဘာ ၁၁ မှာ ယှဉ်ပြိုင်မယ့် နယူးကာဆယ်နဲ့ပွဲကို ကြံ့ခိုင်မှုအပြည့်နဲ့ ရော်နယ်ဒိုက ပါဝင်ကစားပေးနိုင်မှာဖြစ်ပြီး ပရိသတ်တချို့ကတော့ ရော်နယ်ဒိုဟာ တမင်သက်သက်အဝါကတ်ထိအောင်တောင် လုပ်ခဲ့သလားလို့ မေးခွန်းထုတ်နေခဲ့ကြပါတယ်။

အဇာဘိုင်ဂျန်နဲ့ပွဲကို သူမပါဝင်နိုင်လည်း ကျန်ကစားသမားတွေရဲ့ ခြေစွမ်းက အနိုင်ယူနိုင်စွမ်းရှိနေပြီး ယူနိုက်တက်အတွက် ပွဲဦးထွက်ပွဲကို အင်ပြည့်အားပြည့်နဲ့ ကစားပေးနိုင်အောင် ဘောင်ထဲကနေ ရော်နယ်ဒို လုပ်ဆောင်ခဲ့သလားလို့ ယူဆနေကြတာလည်းဖြစ်ပါတယ်။

Zawgyi Version

ယမန္ေန႕က ယွဥ္ၿပိဳင္ခဲ့တဲ့ အိုင္ယာလန္နဲ႕ပြဲမွာ ေပၚတူဂီကို ပြဲၿပီးခါနီးမွာ ေခါင္းတိုက္ဂိုးႏွစ္ဂိုးနဲ႕ ကယ္တင္ေပးခဲ့တဲ့ ေရာ္နယ္ဒိုဟာ ဂ်ာစီခြၽတ္ေအာင္ပြဲခံခဲ့ၿပီးေနာက္ အဇာဘိုင္ဂ်န္နဲ႕ကစားရမယ့္ ပြဲကို ပြဲပယ္ခံခဲ့ရပါတယ္။

ေနာက္ဆုံးေျခာက္မိနစ္အတြင္းမွာ ေရာ္နယ္ဒိုက ၂ ဂိုးသြင္းကာ ေပၚတူဂီကို ၂-၁ နဲ႕ အနိုင္ရရွိေစခဲ့သလို နိုင္ငံတကာသြင္းဂိုးအမ်ားဆုံးရတဲ့ ကစားသမားအျဖစ္နဲ႕လည္း စံခ်ိန္တင္ခဲ့ၿပီျဖစ္ပါတယ္။

အနိုင္ဂိုးရရွိၿပီးေနာက္ ေရာ္နယ္ဒိုဟာ စိတ္လႈပ္ရွားမႈကို မထိန္းခ်ဳပ္ေတာ့ဘဲ ဂ်ာစီခြၽတ္ကာ ေအာင္ပြဲခံခဲ့တာလည္းျဖစ္ပါတယ္။ ပရိသတ္ေတြေရွ႕မွာ ေရာ္နယ္ဒိုက ဆႏၵျပင္းျပတဲ့ေအာင္ပြဲခံမႈမ်ိဳးနဲ႕

သြားေရာက္ေအာင္ပြဲခံခဲ့ၿပီး အဝါကတ္ျပသခံခဲ့ရပါတယ္။ ဒီလိုျပသခံခဲ့ရတာေၾကာင့္ ေနာက္ ၆ ရက္အၾကာမွာ ကစားရမယ့္ အဇာဘိုင္ဂ်န္နဲ႕ပြဲကို ေရာ္နယ္ဒို လြဲေခ်ာ္ခဲ့တာပါ။

အဆိုပါပြဲမတိုင္ခင္ ေပၚတူဂီဟာ ကာတာနဲ႕ စက္တင္ဘာ ၄ ရက္ေန႕မွာ ေျခစမ္းပြဲကစားသြားဦးမွာျဖစ္ပါတယ္။ အဆိုပါပြဲကိုေတာ့ ေရာ္နယ္ဒို ပါဝင္ကစားေပးရဖြယ္ရွိေနၿပီး

အဇာဘိုင္ဂ်န္နဲ႕ပြဲကိုေတာ့ စင္ေပၚကေနသာ ၾကည့္ရေတာ့မွာျဖစ္တဲ့ အတြက္ ေပၚတူဂီ အသင္းဟာ ေရာ္နယ္ဒိုကို လက္လႊတ္လိုက္ၿပီး ကလပ္အသင္း မန္ခ်က္စတာ ယူနိုက္တက္ကို ပူးေပါင္းခြင့္ျပဳလိုက္ပါတယ္။

ဒါေၾကာင့္ စက္တင္ဘာ ၁၁ မွာ ယွဥ္ၿပိဳင္မယ့္ နယူးကာဆယ္နဲ႕ပြဲကို ႀကံ့ခိုင္မႈအျပည့္နဲ႕ ေရာ္နယ္ဒိုက ပါဝင္ကစားေပးနိုင္မွာျဖစ္ၿပီး ပရိသတ္တခ်ိဳ႕ကေတာ့ ေရာ္နယ္ဒိုဟာ တမင္သက္သက္အဝါကတ္ထိေအာင္ေတာင္ လုပ္ခဲ့သလားလို႔ ေမးခြန္းထုတ္ေနခဲ့ၾကပါတယ္။

အဇာဘိုင္ဂ်န္နဲ႕ပြဲကို သူမပါဝင္နိုင္လည္း က်န္ကစားသမားေတြရဲ႕ ေျခစြမ္းက အနိုင္ယူနိုင္စြမ္းရွိေနၿပီး ယူနိုက္တက္အတြက္ ပြဲဦးထြက္ပြဲကို အင္ျပည့္အားျပည့္နဲ႕ ကစားေပးနိုင္ေအာင္ ေဘာင္ထဲကေန ေရာ္နယ္ဒို လုပ္ေဆာင္ခဲ့သလားလို႔ ယူဆေနၾကတာလည္းျဖစ္ပါတယ္။