Spots news

အဂွဲရိုးကို လာလီဂါပြိုင်ပွဲမှတ်ပုံတင်နိုင်ပြီ ဖြစ်ကြောင်း ဘာစီလိုနာကြေငြာ

Unicode Version

လာလီဂါ အင်အားကြီး ကလပ် ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင်များဖြစ်တဲ့ ဘူးစကွက်စ်နှင့် အယ်လ်ဘာတို့ လစာလျှော့ယူ ပေးခဲ့တဲ့ အတွက် နွေရာသီ အပြောင်းအရွေ့က ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး အဂွဲရိုးကို လာလီဂါပြိုင်ပွဲအတွက် မှတ်ပုံတင်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လာလီဂါရဲ့ လစာကန့်သတ်မှု စည်းမျဉ်းကြောင့် အသင်း‌ ခေါင်းဆောင် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိဘဲ လက်လွှတ်ခဲ့ရသလို၊ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်များကိုလည်း မှတ်ပုံတင်ရန် ရုန်းကန်နေခဲ့ရပါတယ်။

ထို့ကြောင့် ကစားသမားသစ်များကို မှတ်ပုံတင်နိုင်ရန်အတွက် အသင်းဝါရင့် နောက်ခံလူ ပီကေး က လစာလျှော့ယူခဲ့ပြီးဒီပိုင်းနှင့် အဲရစ်ဂါစီယာတို့ကို မှတ်ပုံတင်နိုင်ခဲ့ပါတယ် ။ ယခုအခါ ဘူးစကွက်စ်နှင့် အယ်လ်ဘာတို့ လစာလျှော့ယူခဲ့ခြင်းကြောင့် အဂွဲရိုးကို မှတ်ပုံတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်မှာ “အသင်းခေါင်းဆောင် ၄ ဦးထဲမှ ၂ ဦးဖြစ်တဲ့ ဘူးစကွက်စ်နှင့် အယ်လ်ဘာတို့ဟာ လစာလျှော့ယူခဲ့ခြင်းကြောင့် အဂွဲရိုးကို လာလီဂါပြိုင်ပွဲတွင် မှတ်ပုံတင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ အယ်လ်ဘာနှင့် ဘူးစကွက်စ်တို့ဟာ ယခုရာသီတွင် လစာလျှော့ယူမည်ဖြစ်ပြီး လာမည့်ရာသီတွင် အရစ်ကျစနစ်ဖြင့် လစာယူသွားရန် သဘောတူခဲ့ကြောင်း၊

အယ်လ်ဘာ နဲ့ ဘူးစကွက်စ်တို့ ၂ ဦးဟာ ပီကေးပြီးနောက် ကစားသမားသစ်များကို လာလီဂါမှာ မှတ်ပုံတင်နိုင်ရန် ကူညီပေးခဲ့သူဖြစ်ကြောင်း၊ ထို့ကြောင့် ဘာစီလိုနာအသင်း အနေဖြင့် ကစားသမားသစ်များကို လာလီဂါတွင် မှတ်ပုံတင်နိုင်ခဲ့ပြီဖြစ်ကြောင်း” ဖော်ပြပါ ထားပါတယ်

Zawgyi Version

လာလီဂါ အင္အားႀကီး ကလပ္ ဘာစီလိုနာအသင္းဟာ အသင္းေခါင္းေဆာင္မ်ားျဖစ္တဲ့ ဘူးစကြက္စ္ႏွင့္ အယ္လ္ဘာတို႔ လစာေလွ်ာ့ယူ ေပးခဲ့တဲ့ အတြက္ ေႏြရာသီ အေျပာင္းအေ႐ြ႕က ေခၚယူခဲ့တဲ့ တိုက္စစ္မႉး အဂြဲရိုးကို လာလီဂါၿပိဳင္ပြဲအတြက္ မွတ္ပုံတင္နိုင္ခဲ့ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ လာလီဂါရဲ႕ လစာကန႔္သတ္မႈ စည္းမ်ဥ္းေၾကာင့္ အသင္း‌ ေခါင္းေဆာင္ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ျခင္းမရွိဘဲ လက္လႊတ္ခဲ့ရသလို၊ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ေခၚယူခဲ့တဲ့ ကစားသမားသစ္မ်ားကိုလည္း မွတ္ပုံတင္ရန္ ႐ုန္းကန္ေနခဲ့ရပါတယ္။

ထို႔ေၾကာင့္ ကစားသမားသစ္မ်ားကို မွတ္ပုံတင္နိုင္ရန္အတြက္ အသင္းဝါရင့္ ေနာက္ခံလူ ပီေကး က လစာေလွ်ာ့ယူခဲ့ၿပီးဒီပိုင္းႏွင့္ အဲရစ္ဂါစီယာတို႔ကို မွတ္ပုံတင္နိုင္ခဲ့ပါတယ္ ။ ယခုအခါ ဘူးစကြက္စ္ႏွင့္ အယ္လ္ဘာတို႔ လစာေလွ်ာ့ယူခဲ့ျခင္းေၾကာင့္ အဂြဲရိုးကို မွတ္ပုံတင္နိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ဘာစီလိုနာအသင္းရဲ႕ ထုတ္ျပန္ခ်က္မွာ “အသင္းေခါင္းေဆာင္ ၄ ဦးထဲမွ ၂ ဦးျဖစ္တဲ့ ဘူးစကြက္စ္ႏွင့္ အယ္လ္ဘာတို႔ဟာ လစာေလွ်ာ့ယူခဲ့ျခင္းေၾကာင့္ အဂြဲရိုးကို လာလီဂါၿပိဳင္ပြဲတြင္ မွတ္ပုံတင္နိုင္ခဲ့ၿပီျဖစ္ေၾကာင္း၊ အယ္လ္ဘာႏွင့္ ဘူးစကြက္စ္တို႔ဟာ ယခုရာသီတြင္ လစာေလွ်ာ့ယူမည္ျဖစ္ၿပီး လာမည့္ရာသီတြင္ အရစ္က်စနစ္ျဖင့္ လစာယူသြားရန္ သေဘာတူခဲ့ေၾကာင္း၊

အယ္လ္ဘာ နဲ႕ ဘူးစကြက္စ္တို႔ ၂ ဦးဟာ ပီေကးၿပီးေနာက္ ကစားသမားသစ္မ်ားကို လာလီဂါမွာ မွတ္ပုံတင္နိုင္ရန္ ကူညီေပးခဲ့သူျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ဘာစီလိုနာအသင္း အေနျဖင့္ ကစားသမားသစ္မ်ားကို လာလီဂါတြင္ မွတ္ပုံတင္နိုင္ခဲ့ၿပီျဖစ္ေၾကာင္း” ေဖာ္ျပပါ ထားပါတယ္