Spots news

အာဂျင်ကစားသမား ၄ ဦးကို ဖမ်းဖို့လုပ်ခဲ့လို့ ပွဲပျက်ခဲ့တဲ့ ဘရာဇီးလ်-အာဂျင်တီးနားပွဲစဉ်

Unicode Version

မနေ့က ကစားခဲ့တဲ့ ဘရာဇီးလ် နဲ့ အာဂျင်တီးနားတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကတော့ ရှုပ်ထွေးလှတဲ့ စည်းမျဉ်းတွေ၊ မဖြစ်ညစ်ကျယ်လုပ်မှုတွေကြောင့် ပွဲပျက်သွားခဲ့ရပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း ကစားရတဲ့အချိန်မှာ သက်ဆိုင်ရာအစိုးရတွေရဲ့ ကပ်ရောဂါအဆင့်သတ်မှတ်မှုတွေက ဘောလုံးပွဲတွေကို ရိုက်ခတ်လာခဲ့တာဖြစ်ပါတယ်။

ဗြိတိန်ဟာ ဘရာဇီးလ်ကို ကိုဗစ်အနီရောင်အဆင့်သတ်မှတ်ထားသလို အပြန်အလှန်အားဖြင့်လည်း ဘရာဇီးလ်ကလည်း ဗြိတိန်ကို အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဗြိတိန်က အနီရောင့်အဆင့်နိုင်ငံတွေကနေ

ပြည်ဝင်လာသူတိုင်းကို ၁၀ ရက်ကြာ ကွာရန်တင်းဝင်ဖို့ စည်းကမ်းသတ်မှတ်ထားသလို ဘရာဇီးလ်ကလည်း အနီရောင်အဆင့်နိုင်ငံမှာ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း နေခဲ့သူတွေကို ကွာရန်တင်းဝင်ဖို့ သတ်မှတ်ထားပါတယ်။

ဒီပွဲမှာတော့ လိုဆယ်ဆို၊ ရိုမဲရို၊ မာတီနက်ဇ်တို့က အာဂျင်တီးနားရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ပွဲစတင်ကစားပြီး ငါးမိနစ်အကြာမှာပဲ အာဂျင်တီးနားကျန်းမာရေးအာဏာပိုင်တွေက ကွင်းအတွင်းဝင်ရောက်လာခဲ့ပြီး

အဆိုပါကစားသမားတွေကို ဖမ်းဆီးထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ အနီရောင်အဆင့်နိုင်ငံဖြစ်တဲ့ ဗြိတိန်မှာ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း အဆိုပါကစားသမားတွေရှိနေခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

ဘရာဇီးလ်မှာ ပရီးမီးယားလိဂ်အခြေစိုက်ကစားသမားတွေ မပါဝင်ခဲ့ဘဲ အာဂျင်တီးနားကတော့ ပါဝင်ခဲ့ပါတယ်။ ဘရာဇီးလ်မှာ ဂိုးသမားတွေဖြစ်တဲ့ အယ်လစ်ဆန်၊ အီဒါဆန်၊ ရစ်ချာလီဆန်၊ ဂျီးဆပ်အစရှိတဲ့ ကစားသမားတွေ မပါဝင်ခဲ့ဘဲ

အာဂျင်တီးနားက လူစုံတက်စုံရှိနေခဲ့ပါတယ်။ ဒီလိုဖမ်းဆီးထိန်းသိမ်းဖို့ ကြိုးစားမှုကို မက်ဆီဦးဆောင်ပြီး ကန့်ကွက်ခဲ့ကာ ပြုလုပ်ခဲ့မယ်ဆိုရင်တော့ ကစားသမားအားလုံး ကွင်းအတွင်းကထွက်ကာ ကစားမှုာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒီနောက်မှာတော့ ညှိနှိုင်းမှုတွေပြုလုပ်မရခဲ့ဘဲ ပွဲပျက်သွားခဲ့ရတာဖြစ်ပါတယ်။ ဘရာဇီးလ်အနေနဲ့ အာဂျင်တီးနားမှာလူစုံတက်စုံပါဝင်နေပြီး သူတို့အသင်းမှာမပါဝင်တာကြောင့် တမင်သက်သက်ပွဲပျက်အောင် ပြုမူတယ်လို့ ပြစ်တင်ခံနေရပါတယ်။

မက်ဆီကလည်း သူတို့အသင်း ဘရာဇီးလ်ကိုရောက်နေတာ ၄ ရက်အထိ ရှိနေပြီး ပွဲကစားတော့မှ အခုလိုမျိုးလာရောက်ပြုလုပ်တဲ့အပေါ် ဒေါသအကြီးအကျယ်ထွက်နေခဲ့ကာ ပြင်းပြင်းထန်ထန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Zawgyi Version

မေန႕က ကစားခဲ့တဲ့ ဘရာဇီးလ္ နဲ႕ အာဂ်င္တီးနားတို႔ရဲ႕ ကမာၻ႔ဖလားေျခစစ္ပြဲကေတာ့ ရႈပ္ေထြးလွတဲ့ စည္းမ်ဥ္းေတြ၊ မျဖစ္ညစ္က်ယ္လုပ္မႈေတြေၾကာင့္ ပြဲပ်က္သြားခဲ့ရပါတယ္။ ကိုဗစ္ကပ္ေရာဂါကာလအတြင္း ကစားရတဲ့အခ်ိန္မွာ သက္ဆိုင္ရာအစိုးရေတြရဲ႕ ကပ္ေရာဂါအဆင့္သတ္မွတ္မႈေတြက ေဘာလုံးပြဲေတြကို ရိုက္ခတ္လာခဲ့တာျဖစ္ပါတယ္။

ၿဗိတိန္ဟာ ဘရာဇီးလ္ကို ကိုဗစ္အနီေရာင္အဆင့္သတ္မွတ္ထားသလို အျပန္အလွန္အားျဖင့္လည္း ဘရာဇီးလ္ကလည္း ၿဗိတိန္ကို အနီေရာင္အဆင့္အျဖစ္ သတ္မွတ္ထားခဲ့ပါတယ္။ ၿဗိတိန္က အနီေရာင့္အဆင့္နိုင္ငံေတြကေန ျပည္ဝင္လာသူတိုင္းကို ၁၀ ရက္ၾကာ ကြာရန္တင္းဝင္ဖို႔ စည္းကမ္းသတ္မွတ္ထားသလို ဘရာဇီးလ္ကလည္း အနီေရာင္အဆင့္နိုင္ငံမွာ ၿပီးခဲ့တဲ့ ၁၄ ရက္အတြင္း ေနခဲ့သူေတြကို ကြာရန္တင္းဝင္ဖို႔ သတ္မွတ္ထားပါတယ္။

ဒီပြဲမွာေတာ့ လိုဆယ္ဆို၊ ရိုမဲရို၊ မာတီနက္ဇ္တို႔က အာဂ်င္တီးနားရဲ႕ ပြဲထြက္လူစာရငး္မွာ ပါဝင္ခဲ့ပါတယ္။ ပြဲစတင္ကစားၿပီး ငါးမိနစ္အၾကာမွာပဲ အာဂ်င္တီးနားက်န္းမာေရးအာဏာပိုင္ေတြက ကြင္းအတြင္းဝင္ေရာက္လာခဲ့ၿပီး အဆိုပါကစားသမားေတြကို ဖမ္းဆီးထိန္းသိမ္းဖို႔ ႀကိဳးစားခဲ့ပါတယ္။ အနီေရာင္အဆင့္နိုင္ငံျဖစ္တဲ့ ၿဗိတိန္မွာ ၿပီးခဲ့တဲ့ ၁၄ ရက္အတြင္း အဆိုပါကစားသမားေတြရွိေနခဲ့တာေၾကာင့္လည္းျဖစ္ပါတယ္။

ဘရာဇီးလ္မွာ ပရီးမီးယားလိဂ္အေျခစိုက္ကစားသမားေတြ မပါဝင္ခဲ့ဘဲ အာဂ်င္တီးနားကေတာ့ ပါဝင္ခဲ့ပါတယ္။ ဘရာဇီးလ္မွာ ဂိုးသမားေတြျဖစ္တဲ့ အယ္လစ္ဆန္၊ အီဒါဆန္၊ ရစ္ခ်ာလီဆန္၊ ဂ်ီးဆပ္အစရွိတဲ့ ကစားသမားေတြ မပါဝင္ခဲ့ဘဲ အာဂ်င္တီးနားက လူစုံတက္စုံရွိေနခဲ့ပါတယ္။ ဒီလိုဖမ္းဆီးထိန္းသိမ္းဖို႔ ႀကိဳးစားမႈကို မက္ဆီဦးေဆာင္ၿပီး ကန႔္ကြက္ခဲ့ကာ ျပဳလုပ္ခဲ့မယ္ဆိုရင္ေတာ့ ကစားသမားအားလုံး ကြင္းအတြင္းကထြက္ကာ ကစားမႈာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ညွိႏွိုင္းမႈေတြျပဳလုပ္မရခဲ့ဘဲ ပြဲပ်က္သြားခဲ့ရတာျဖစ္ပါတယ္။ ဘရာဇီးလ္အေနနဲ႕ အာဂ်င္တီးနားမွာလူစုံတက္စုံပါဝင္ေနၿပီး သူတို႔အသင္းမွာမပါဝင္တာေၾကာင့္ တမင္သက္သက္ပြဲပ်က္ေအာင္ ျပဳမူတယ္လို႔ ျပစ္တင္ခံေနရပါတယ္။ မက္ဆီကလည္း သူတို႔အသင္း ဘရာဇီးလ္ကိုေရာက္ေနတာ ၄ ရက္အထိ ရွိေနၿပီး ပြဲကစားေတာ့မွ အခုလိုမ်ိဳးလာေရာက္ျပဳလုပ္တဲ့အေပၚ ေဒါသအႀကီးအက်ယ္ထြက္ေနခဲ့ကာ ျပင္းျပင္းထန္ထန္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။