Spots news

ရော်နယ်ဒိုကြောင့် မန်ယူလူငယ်တွေ တိုးတက်လာမယ်ဟု ရွန်းနေပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမား ရော်နယ်ဒိုဟာ သူ့ရဲ့ အသင်းဟောင်း ယူနိုက်တက်ဆီသို့ လာရောက် ပူးပေါင်းဖို့ အတွက် မန်ချက်စတာကို

ရောက်ရှိလာပြီဖြစ်ပြီး မန်ချက်စတာက အိမ်မှာ အနားယူ နေပြီဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ သူ့ရဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ခွင့်ရမှာ ဖြစ်ပါတယ်။

အင်တာဗျူးမှာ ရော်နယ်ဒိုက ” ခမ်းနားတဲ့သမိုင်းကြောင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းကို ကျွန်တော် ပြန်ရောက်လာပါပြီ။ကျွန်တော် အရမ်းပျော်နေပြီး

ပထမဆုံးပြန်ကစားပေးနိုင်မယ့်အချိန်ကို စောင့်နေပါတယ်။ ကျွန်တော်က ဒီအသင်းကို ဂိုး တွေသွင်းပေးဖို့၊ ဆုဖလားတွေ ရယူပေးဖို့ ပြန်ရောက်လာပါပြီ “ဟု ပြောကြားခဲ့ပါတယ်

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနေကလဲ အသင်းဖော်ဟောင်းရဲ့ အိမ်ပြန်ခရီးမှာ အထူးပျော်ရွှင်နေပြီး ရော်နယ်ဒိုဟာ ယူနိုက်တက် လူငယ်တိုက်စစ်မှူးတွေကို

တိုးတက်စေလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒို + ရွန်းနေ တိုက်စစ်အတွဲဟာ တချိန်က ပရီးမီးယားလိဂ်မှာ ကြောက်စရာ အကောင်းဆုံး ဖြစ်ခဲ့တာပါ။

ရွန်းနေက ” သူပြန်ရောက် လာတာက ပရိသတ်တွေအတွက်၊ ကလပ်အသင်းမှာ ရှိတဲ့လူတိုင်းအတွက် အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ပြီးတော့ သူ့ရဲ့အသင်းဖော် အတွက်ရောပေါ့ဗျာ။အဝတ်လဲခန်းထဲမှာရှိတဲ့ လူငယ် ကစားသမားတစ်ချို့တွေ ဖြစ်တဲ့

မေဆင် ဂရင်းဝုဒ် , မားကပ်ရက်ဖိုဒ့် နဲ့တခြားလူငယ်လေးတွေက သူကစားတာတွေကို အားကျပြီး အရွယ်ရောက် လာခဲ့သူတွေဖြစ်လို့ သူပြန်ရောက် လာတာက လူငယ်တွေရဲ့ ကစားပုံကိုပါ

တိုးတက်လာ စေပါလိမ့်မယ်။ သူက အခုချိန်ထိ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက်ပါ။ ဒီခေါ်ယူမှုက အရမ်းကိုကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ကစားသမား ေရာ္နယ္ဒိုဟာ သူ႕ရဲ႕ အသင္းေဟာင္း ယူနိုက္တက္ဆီသို႔ လာေရာက္ ပူးေပါင္းဖို႔ အတြက္ မန္ခ်က္စတာကို ေရာက္ရွိလာၿပီျဖစ္ၿပီး

မန္ခ်က္စတာက အိမ္မွာ အနားယူ ေနၿပီျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ယူနိုက္တက္မွာ သူ႕ရဲ႕ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ခြင့္ရမွာ ျဖစ္ပါတယ္။

အင္တာဗ်ဴးမွာ ေရာ္နယ္ဒိုက ” ခမ္းနားတဲ့သမိုင္းေၾကာင္းကို ပိုင္ဆိုင္ထားတဲ့ အသင္းကို ကြၽန္ေတာ္ ျပန္ေရာက္လာပါၿပီ။ကြၽန္ေတာ္ အရမ္းေပ်ာ္ေနၿပီး ပထမဆုံးျပန္ကစားေပးနိုင္မယ့္အခ်ိန္ကို

ေစာင့္ေနပါတယ္။ကြၽန္ေတာ္က ဒီအသင္းကို ဂိုး ေတြသြင္းေပးဖို႔၊ ဆုဖလားေတြ ရယူေပးဖို႔ ျပန္ေရာက္လာပါၿပီ “ဟု ေျပာၾကားခဲ့ပါတယ္

ယူနိုက္တက္တိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္းေနကလဲ အသင္းေဖာ္ေဟာင္းရဲ႕ အိမ္ျပန္ခရီးမွာ အထူးေပ်ာ္႐ႊင္ေနၿပီး ေရာ္နယ္ဒိုဟာ ယူနိုက္တက္ လူငယ္တိုက္စစ္မႉးေတြကို တိုးတက္ေစလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ေရာ္နယ္ဒို + ႐ြန္းေန တိုက္စစ္အတြဲဟာ တခ်ိန္က ပရီးမီးယားလိဂ္မွာ ေၾကာက္စရာ အေကာင္းဆုံး ျဖစ္ခဲ့တာပါ။

႐ြန္းေနက ” သူျပန္ေရာက္ လာတာက ပရိသတ္ေတြအတြက္၊ ကလပ္အသင္းမွာ ရွိတဲ့လူတိုင္းအတြက္ အရမ္းကို စိတ္လႈပ္ရွားစရာ ေကာင္းတဲ့ကိစၥတစ္ခုလည္း ျဖစ္ပါတယ္။ၿပီးေတာ့ သူ႕ရဲ႕အသင္းေဖာ္ အတြက္ေရာေပါ့ဗ်ာ။အဝတ္လဲခန္းထဲမွာရွိတဲ့ လူငယ္ ကစားသမားတစ္ခ်ိဳ႕ေတြ ျဖစ္တဲ့

ေမဆင္ ဂရင္းဝုဒ္ , မားကပ္ရက္ဖိုဒ့္ နဲ႕တျခားလူငယ္ေလးေတြက သူကစားတာေတြကို အားက်ၿပီး အ႐ြယ္ေရာက္ လာခဲ့သူေတြျဖစ္လို႔ သူျပန္ေရာက္ လာတာက လူငယ္ေတြရဲ႕ ကစားပုံကိုပါ

တိုးတက္လာ ေစပါလိမ့္မယ္။ သူက အခုခ်ိန္ထိ ကမာၻ႔အေကာင္းဆုံး ကစားသမား တစ္ေယာက္ပါ။ ဒီေခၚယူမႈက အရမ္းကိုေကာင္းပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။