Spots news

ရော်နယ်ဒိုရဲ့ပုံစံ အောင်ပွဲခံဖြစ်ခဲ့တဲ့ အကြောင်း ရင်းကို ပြောပြလာတဲ့ လင်ဂတ်

Unicode Version

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန် နဲ့ အန်ဒိုရာ အသင်းတို့ ပွဲစဉ်မှာ အန်ဒိုရာဘက်ကို ဂိုးသွင်းယူပြီးနောက် ပြုလုပ်ခဲ့တဲ့ အောင်ပွဲခံပုံစံဟာ ပြန်လည်ရောက်ရှိလာတဲ့ ယူနိုက်တက်အသင်းကစားဖော် ရော်နယ်ဒိုကို ကြိုဆိုလိုက်ခြင်းဖြစ်ကြောင်း အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်က ပြောဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့က အန်ဒိုရာနှင့် ကစားတဲ့ ပွဲမှာ အင်္ဂလန်က ၄-၀ ဖြင့် အနိုင်ရရှိပြီး လင်ဂတ်က ၂ ဂိုးသွင်းကာ အသင်းဖော် ဆာကာအတွက်လဲ ခေါင်းတိုက်ဂိုးတစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ လင်ဂတ်ဟယ ၂၀၁၈ နိုဝင်ဘာနောက်ပိုင်း ရက်ပေါင်း ၁၀၂၂ ရက်အကြာမှ နိုင်ငံအသင်း အင်္ဂလန်အတွက် ဂိုးပြန်သွင်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ပထမဂိုးသွင်းယူပြီးနောက် လင်ဂတ်ဟယ ရော်နယ်ဒို အောင်ပွဲခံတဲ့ပုံစံကို အတုခိုးပြီး ပြုလုပ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကနေ အသင်းဟောင်း ယူနိုက်တက်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ နိုဝင်ဘာ ၁၁ ရက် နယူးကာဆယ်နှင့် အိုးထရက်ဖို့ဒ်မှာ ကစားမည့်ပွဲ၌ ယူနိုက်တက်အတွက် ပါဝင်ကစားဖွယ် ရှိနေပါတယ်။

“ကျွန်တော်နဲ့ မေဆင်မောင့်တို့က ဂိုးသွင်းရင် အောင်ပွဲခံမယ့်ပုံစံနဲ့ပတ်သက်ပြီး စကားပြောဖြစ်ခဲ့ကြသလို ရော်နယ်ဒိုပုံစံ အောင်ပွဲခံဖို့နဲ့ ကျွန်တော် ဂိုးသွင်းရင် လုပ်ပြမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကို ကြိုဆိုတဲ့အနေနဲ့ လုပ်ခဲ့တာပါ။ သူဟာ လျင်လျင်မြန်မြန်နဲ့ အသားကျပြီး အသင်းကို ကြီးကြီးမားမား ကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု လင်ဂတ်က ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ရော်နယ်ဒို ပြန်လည် ရောက်ရှိလာ ခြင်းကြောင့် မန်ယူနိုက်တက်မှာ လင်ဂတ်ရဲ့ ပွဲကစားချိန် ပိုမိုလျော့နည်းသွားဖွယ်ရှိသော်လည်း နည်းပြ ဆိုးရှားက လင်ဂတ်ဟာ သူ့ရဲ့ အနာဂတ်အစီအစဉ်မှာ ပါဝင်ကြောင်း ပြောဆိုထားပါတယ်။

Zawgyi Version

မေန႕ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အဂၤလန္ နဲ႕ အန္ဒိုရာ အသင္းတို႔ ပြဲစဥ္မွာ အန္ဒိုရာဘက္ကို ဂိုးသြင္းယူၿပီးေနာက္ ျပဳလုပ္ခဲ့တဲ့ ေအာင္ပြဲခံပုံစံဟာ ျပန္လည္ေရာက္ရွိလာတဲ့ ယူနိုက္တက္အသင္းကစားေဖာ္ ေရာ္နယ္ဒိုကို ႀကိဳဆိုလိုက္ျခင္းျဖစ္ေၾကာင္း အဂၤလန္ ကြင္းလယ္တိုက္စစ္ ကစားသမား လင္ဂတ္က ေျပာဆိုလိုက္ပါတယ္။

တနဂၤေႏြေန႕က အန္ဒိုရာႏွင့္ ကစားတဲ့ ပြဲမွာ အဂၤလန္က ၄-၀ ျဖင့္ အနိုင္ရရွိၿပီး လင္ဂတ္က ၂ ဂိုးသြင္းကာ အသင္းေဖာ္ ဆာကာအတြက္လဲ ေခါင္းတိုက္ဂိုးတစ္ဂိုး ဖန္တီးေပးနိုင္ခဲ့ပါတယ္။ လင္ဂတ္ဟယ ၂၀၁၈ နိုဝင္ဘာေနာက္ပိုင္း ရက္ေပါင္း ၁၀၂၂ ရက္အၾကာမွ နိုင္ငံအသင္း အဂၤလန္အတြက္ ဂိုးျပန္သြင္းနိုင္ခဲ့ျခင္း ျဖစ္ပါတယ္။

ပထမဂိုးသြင္းယူၿပီးေနာက္ လင္ဂတ္ဟယ ေရာ္နယ္ဒို ေအာင္ပြဲခံတဲ့ပုံစံကို အတုခိုးၿပီး ျပဳလုပ္ခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အသင္းကေန အသင္းေဟာင္း ယူနိုက္တက္ဆီသို႔ ျပန္လည္ေရာက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟယ နိုဝင္ဘာ ၁၁ ရက္ နယူးကာဆယ္ႏွင့္ အိုးထရက္ဖို႔ဒ္မွာ ကစားမည့္ပြဲ၌ ယူနိုက္တက္အတြက္ ပါဝင္ကစားဖြယ္ ရွိေနပါတယ္။

“ကြၽန္ေတာ္နဲ႕ ေမဆင္ေမာင့္တို႔က ဂိုးသြင္းရင္ ေအာင္ပြဲခံမယ့္ပုံစံနဲ႕ပတ္သက္ၿပီး စကားေျပာျဖစ္ခဲ့ၾကသလို ေရာ္နယ္ဒိုပုံစံ ေအာင္ပြဲခံဖို႔နဲ႕ ကြၽန္ေတာ္ ဂိုးသြင္းရင္ လုပ္ျပမယ္ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။ ေရာ္နယ္ဒိုကို ႀကိဳဆိုတဲ့အေနနဲ႕ လုပ္ခဲ့တာပါ။ သူဟာ လ်င္လ်င္ျမန္ျမန္နဲ႕ အသားက်ၿပီး အသင္းကို ႀကီးႀကီးမားမား ကူညီနိုင္မယ္လို႔ ယုံၾကည္ပါတယ္” ဟု လင္ဂတ္က ေျပာဆိုခဲ့ပါတယ္။

ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉး ေရာ္နယ္ဒို ျပန္လည္ ေရာက္ရွိလာ ျခင္းေၾကာင့္ မန္ယူနိုက္တက္မွာ လင္ဂတ္ရဲ႕ ပြဲကစားခ်ိန္ ပိုမိုေလ်ာ့နည္းသြားဖြယ္ရွိေသာ္လည္း နည္းျပ ဆိုးရွားက လင္ဂတ္ဟာ သူ႕ရဲ႕ အနာဂတ္အစီအစဥ္မွာ ပါဝင္ေၾကာင္း ေျပာဆိုထားပါတယ္။