Spots news

ပြင်သစ်ကြယ်ပွင့် ချူအိုမီနီကို မန်ယူသို့လာကစားရန် စည်းရုံးနေတဲ့ ပေါ့ဘာ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပြင်သစ် လက်ရွေးစင်အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ပေါလ်ပေါ့ဘာ ကတော့ လတ်တလောမှာ သူနဲ့ အတွဲညီနေတဲ့ ပြင်သစ်လက်ရွေးစင် အသင်းဖော် ချူအိုမီနီနဲ့ ပွဲတွေ အများကြီး ကစားချင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မိုနာကိုအသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ချူအိုမီနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မိုနာကိုအသင်းနဲ့အတူ တောက်ပခဲ့တာကြောင့် ပြင်သစ်အသင်း အတွက် ရွေးချယ်ခံရဖြစ်ပြီး ပြင်သစ်အသင်းက နောက်ဆုံး ကစားခဲ့တဲ့ ယူကရိန်းအသင်းနဲ့ပွဲစဉ်မှာ ပေါ့ဘာနဲ့အတူ ပွဲထွက် ကစားခွင့် ရခဲ့သူဖြစ်ပါတယ်။

ကွင်းလယ်ခံစစ်နေရာမှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိသလို တိကျတဲ့ အဝေးဘောတွေ ပေးပို့နိုင်စွမ်း ရှိတဲ့ ချူအိုမီနီရဲ့ ခြေစွမ်းတွေကြောင့် လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေကြပါတယ်။

ချူအိုမီနီကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ သူ့ရဲ့ စံပြ ဘောလုံးသမား ဖြစ်ကြောင်းနဲ့ ပေါ့ဘာ လုပ်သမျှ အရာတိုင်းကို လိုက်လုပ်မိတဲ့ အထိ ရူးသွပ်ဖူးကြောင်း အင်တာဗျူးတခုမှာ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာက ချူအိုမီနီနဲ့ တွဲဖက် ကစားရတာဟာ ကျေနပ်စရာကောင်းကြောင်းနဲ့ အမြဲတမ်း တွဲကစားချင်ကြောင်း ပြောကြားလာပြီး ချူအိုမီနီကို မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာအောင် စည်းရုံးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပေါ့ဘာက – “သူက ကောင်လေး တယောက် မဟုတ်တော့ပါဘူး။ သူက လူကြီးတယောက် ဖြစ်နေပါပြီ။ ပြီးတော့ သူနဲ့အတူ တွဲကစားရတာက အတော်လေးကို ကျေနပ်ဖို့ ကောင်းပါတယ်။ သူက ကျွန်တော့်ကို ထောက်ပံ့မှုတွေ အများကြီး လုပ်ပေးတယ်။ အားအင်လည်း ရှိတယ်။

နည်းစနစ်ပိုင်းလည်း ကြွယ်ဝတယ်။ ပြီးတော့ ကြံ့ခိုင်မှုပိုင်းကလည်း အတော် ကောင်းပါတယ်။ သူနဲ့အတူ ပွဲတွေ အများကြီး ကစားရဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ အမြဲတမ်းလည်း သူနဲ့ တဖက်ထဲမှာပဲ ကစားချင်ပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ ျပင္သစ္ လက္ေ႐ြးစင္အသင္းတို႔ရဲ႕ အဓိက ကြင္းလယ္လူ ေပါလ္ေပါ့ဘာ ကေတာ့ လတ္တေလာမွာ သူနဲ႕ အတြဲညီေနတဲ့ ျပင္သစ္လက္ေ႐ြးစင္ အသင္းေဖာ္ ခ်ဴအိုမီနီနဲ႕ ပြဲေတြ အမ်ားႀကီး ကစားခ်င္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

မိုနာကိုအသင္းရဲ႕ ကြင္းလယ္ခံစစ္ ကစားသမား ခ်ဴအိုမီနီဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ မိုနာကိုအသင္းနဲ႕အတူ ေတာက္ပခဲ့တာေၾကာင့္ ျပင္သစ္အသင္း အတြက္ ေ႐ြးခ်ယ္ခံထားရသူ ျဖစ္ၿပီး ျပင္သစ္အသင္းက ေနာက္ဆုံး ကစားခဲ့တဲ့ ယူကရိန္းအသင္းနဲ႕ပြဲစဥ္မွာ ေပါ့ဘာနဲ႕အတူ ပြဲထြက္ ကစားခြင့္ ရခဲ့သူလည္း ျဖစ္ပါတယ္။

ကြင္းလယ္ခံစစ္ေနရာမွာ အေကာင္းဆုံး ကစားနိုင္စြမ္း ရွိသလို တိက်တဲ့ အေဝးေဘာေတြ ေပးပို႔နိုင္စြမ္း ရွိတဲ့ ခ်ဴအိုမီနီရဲ႕ ေျခစြမ္းေတြေၾကာင့္ လက္ရွိမွာ သူ႕ကို ေခၚယူဖို႔ အတြက္ ပရီးမီးယားလိဂ္ အင္အားႀကီးအသင္းေတြ ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ ခ်ယ္လ္ဆီးအသင္းတို႔က စိတ္ဝင္စားေနၾကပါတယ္။

ခ်ဴအိုမီနီကေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ေပါလ္ေပါ့ဘာဟာ သူ႕ရဲ႕ စံျပ ေဘာလုံးသမား ျဖစ္ေၾကာင္းနဲ႕ ေပါ့ဘာ လုပ္သမွ် အရာတိုင္းကို လိုက္လုပ္မိတဲ့ အထိ ႐ူးသြပ္ဖူးေၾကာင္း အင္တာဗ်ဴးတခုမွာ ဖြင့္ဟ ေျပာၾကားခဲ့ပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ေပါ့ဘာက ခ်ဴအိုမီနီနဲ႕ တြဲဖက္ ကစားရတာဟာ ေက်နပ္စရာေကာင္းေၾကာင္းနဲ႕ အၿမဲတမ္း တြဲကစားခ်င္ေၾကာင္း ေျပာၾကားလာၿပီး ခ်ဴအိုမီနီကို မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕လာေအာင္ စည္း႐ုံးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ေပါ့ဘာက – “သူက ေကာင္ေလး တေယာက္ မဟုတ္ေတာ့ပါဘူး။ သူက လူႀကီးတေယာက္ ျဖစ္ေနပါၿပီ။ ၿပီးေတာ့ သူနဲ႕အတူ တြဲကစားရတာက အေတာ္ေလးကို ေက်နပ္ဖို႔ ေကာင္းပါတယ္။ သူက ကြၽန္ေတာ့္ကို ေထာက္ပံ့မႈေတြ အမ်ားႀကီး လုပ္ေပးတယ္။ အားအင္လည္း ရွိတယ္။

နည္းစနစ္ပိုင္းလည္း ႂကြယ္ဝတယ္။ ၿပီးေတာ့ ႀကံ့ခိုင္မႈပိုင္းကလည္း အေတာ္ ေကာင္းပါတယ္။ သူနဲ႕အတူ ပြဲေတြ အမ်ားႀကီး ကစားရဖို႔ ေမွ်ာ္လင့္ပါတယ္။ ၿပီးေတာ့ အၿမဲတမ္းလည္း သူနဲ႕ တဖက္ထဲမွာပဲ ကစားခ်င္ပါတယ္” လို႔ ဖြင့္ဟ ေျပာၾကားခဲ့တာပါ။