Spots news

ယူနိုက်တက် တတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဖွယ်ရှိတဲ့ ရော်နယ်ဒို

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းကို တကျော့ပြန်လည် ရောက်ရှိလာတဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုဟာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနှင့် ဒုတိယအသင်းခေါင်းဆောင် ဖာနန်ဒက်စ်တို့ မပါဝင်နိုင်တဲ့ ပွဲများမှာ အသင်း ခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ဖွယ်ရှိကြောင်း အိတ်စ်ပရပ်စ်သတင်းစာက ဖော်ပြထားပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်က မပြောင်းရွေ့ခင်က ၂၀၀၈ အချို့ပွဲစဉ် (ဘော်လ်တန်ကို ၂-၀ ဖြင့်နိုင်သောပွဲ) များမှာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ဘူးပါတယ်။ ယခု ပြန်လည်‌ရောက်ရှိလာသော ရော်နယ်ဒိုအနေနဲ့ ယခုနှစ်ဘောလုံးရာသီတွင်လည်း အချို့ပွဲများ၌ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရဖွယ်ရှိ‌ကြောင်း သိရပါတယ်။

ရော်နယ်ဒိုဟာ ၂၀၀၃ မှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် စတင်ပါဝင်ကစားပြီးနောက်ပိုင်း နိုင်ငံလက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ် ၁၂၂ ကြိမ် ပါဝင်ကစားခဲ့ပါတယ်။ မကြာမီကလည်း နိုင်ငံလက်ရွေးစင်အတွက် ဂိုးအများဆုံးသွင်းသော ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယခုနှစ်ရာသီမှာ ယူနိုက်တက်အတွက် ပွဲစဉ်တိုင်း အသင်းခေါင်းဆောင်မဖြစ်သော်လည်း မက်ဂွိုင်းယားနှင့် ဖာနန်ဒက်စ်တို့ရဲ့နောက် တတိယခေါင်းဆောင် ဖြစ်လာဖွယ်ရှိပြီး မက်ဂွိုင်းယားနဲ့ ဘရူနို မပါဝင်တဲ့ပွဲများမှာ အသင်းခေါင်းဆောင်လက်ပတ်နှင့် ရော်နယ်ဒိုကို မြင်တွေ့ရဖွယ်ရှိပါတယ်။

လက်ရှိ ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားက “သူရောက်လာတာကို မယုံကြည်နိုင်လောက်အောင်ဖြစ်ရပါတယ်။ လက်ရှိ အင်္ဂလန်အသင်းအတွက် အာရုံစိုက်နေလို့ ရော်နယ်ဒိုနဲ့ မတွေ့ရသေးပေမယ့် ကျွန်တော်အတွက်တော့ ရော်နယ်ဒိုဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ကစားသမားဖြစ်ပါတယ်။ ”

“ သူ့ကိုခေါ်ယူနိုင်တာဟာ သိပ်ကောင်းပြီး ယူနိုက်တက်အတွက် ရော်နယ်ဒိုက အများကြီးအကျိုးပြုပါလိမ့်မယ်။ ရော်နယ်ဒိုဆီကနေလည်း အသင်းဖော်တွေက အများကြီးသင်ယူနိုင်မှာဖြစ်ပါတယ်။ သေချာတာက ယူနိုက်တက်အတွက် ဂိုးတွေအများကြီး ရော်နယ်ဒို သွင်းယူမှာပဲဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းကို တေက်ာ့ျပန္လည္ ေရာက္ရွိလာတဲ့ ကမာၻ႔အေကာင္းဆုံး ကစားသမား ခရစၥတီယာနို ေရာ္နယ္ဒိုဟာ အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားႏွင့္ ဒုတိယအသင္းေခါင္းေဆာင္ ဖာနန္ဒက္စ္တို႔ မပါဝင္နိုင္တဲ့ ပြဲမ်ားမွာ အသင္း ေခါင္းေဆာင္လက္ပတ္ကို ဝတ္ဆင္ဖြယ္ရွိေၾကာင္း အိတ္စ္ပရပ္စ္သတင္းစာက ေဖာ္ျပထားပါတယ္။

ေရာ္နယ္ဒိုဟာ ယူနိုက္တက္က မေျပာင္းေ႐ြ႕ခင္က ၂၀၀၈ အခ်ိဳ႕ပြဲစဥ္ (ေဘာ္လ္တန္ကို ၂-၀ ျဖင့္နိုင္ေသာပြဲ) မ်ားမွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းေခါင္းေဆာင္အျဖစ္ ကစားခဲ့ဘူးပါတယ္။ ယခု ျပန္လည္‌ေရာက္ရွိလာေသာ ေရာ္နယ္ဒိုအေနနဲ႕ ယခုႏွစ္ေဘာလုံးရာသီတြင္လည္း အခ်ိဳ႕ပြဲမ်ား၌ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူရဖြယ္ရွိ‌ေၾကာင္း သိရပါတယ္။

ေရာ္နယ္ဒိုဟာ ၂၀၀၃ မွာ ေပၚတူဂီလက္ေ႐ြးစင္အသင္းအတြက္ စတင္ပါဝင္ကစားၿပီးေနာက္ပိုင္း နိုင္ငံလက္ေ႐ြးစင္ အသင္းေခါင္းေဆာင္အျဖစ္ ၁၂၂ ႀကိမ္ ပါဝင္ကစားခဲ့ပါတယ္။ မၾကာမီကလည္း နိုင္ငံလက္ေ႐ြးစင္အတြက္ ဂိုးအမ်ားဆုံးသြင္းေသာ ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ယခုႏွစ္ရာသီမွာ ယူနိုက္တက္အတြက္ ပြဲစဥ္တိုင္း အသင္းေခါင္းေဆာင္မျဖစ္ေသာ္လည္း မက္ဂြိုင္းယားႏွင့္ ဖာနန္ဒက္စ္တို႔ရဲ႕ေနာက္ တတိယေခါင္းေဆာင္ ျဖစ္လာဖြယ္ရွိၿပီး မက္ဂြိုင္းယားနဲ႕ ဘ႐ူနို မပါဝင္တဲ့ပြဲမ်ားမွာ အသင္းေခါင္းေဆာင္လက္ပတ္ႏွင့္ ေရာ္နယ္ဒိုကို ျမင္ေတြ႕ရဖြယ္ရွိပါတယ္။

လက္ရွိ ယူနိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားက “သူေရာက္လာတာကို မယုံၾကည္နိုင္ေလာက္ေအာင္ျဖစ္ရပါတယ္။ လက္ရွိ အဂၤလန္အသင္းအတြက္ အာ႐ုံစိုက္ေနလို႔ ေရာ္နယ္ဒိုနဲ႕ မေတြ႕ရေသးေပမယ့္ ကြၽန္ေတာ္အတြက္ေတာ့ ေရာ္နယ္ဒိုဟာ ကမာၻ႔အႀကီးက်ယ္ဆုံး ကစားသမားျဖစ္ပါတယ္။ ”

“ သူ႕ကိုေခၚယူနိုင္တာဟာ သိပ္ေကာင္းၿပီး ယူနိုက္တက္အတြက္ ေရာ္နယ္ဒိုက အမ်ားႀကီးအက်ိဳးျပဳပါလိမ့္မယ္။ ေရာ္နယ္ဒိုဆီကေနလည္း အသင္းေဖာ္ေတြက အမ်ားႀကီးသင္ယူနိုင္မွာျဖစ္ပါတယ္။ ေသခ်ာတာက ယူနိုက္တက္အတြက္ ဂိုးေတြအမ်ားႀကီး ေရာ္နယ္ဒို သြင္းယူမွာပဲျဖစ္ပါတယ္” ဟု ေျပာဆိုခဲ့ပါတယ္။