Spots news

စိတ်ရှည်သီးခံပေးပါရန် အာဆင်နယ်ပရိတ်သတ်များကို ဒါရိုက်တာအီဒူး တောင်းဆို

Unicode Version

အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာ အီဒူးက လက်ရှိအချိန်မှာ အသင်းရဲ့ အနာဂတ်အတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်နေဆဲအချိန်ဖြစ်ပြီး ပရိသတ်များအနေနဲ့ စိတ်ရှည်သည်းခံမှုရှိစွာဖြင့် စောင့်ကြည့်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးဆုံးသွားပြီ ဖြစ်တဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ အာဆင်နယ်အသင်းဟာ ဥရောပ ထိပ်သီးအသင်းများကြား ငွေကြေးအများဆုံးသုံးစွဲတဲ့ အသင်းအဖြစ် ပေါင်သန်း ၁၅၀ ဝန်းကျင်အကုန်ခံကာ ကစားသမားသစ်များကိုခေါ်ယူ၍ အင်အား ဖြည့်တင်းခဲ့ပါတယ်။

သို့ပေမယ့် အာဆင်နယ်အသင်း ခေါ်ယူခဲ့တဲ့ ကစားသမားသစ် ၆ ဦးမှာ ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးများနှင့် ထိုက်တန်မှုမရှိဟု ဝေဖန်သုံးသပ်မှုများရှိခဲ့ပြီး အီဒူးရဲ့ ကစားသမားသစ် ဖြည့်တင်းမှုအပေါ် အာဆင်နယ်ပရိသတ်များကလည်း သံသယစိတ်ဖြင့် ဝေဖန်ခဲ့ကြပါတယ်။

အီဒူးက ထိုဝေဖန်မှုများကို ပြန်လည်တုံ့ပြန်ခဲ့ပြီး Sky Sports သတင်းဌာနနှင့်တွေ့ဆုံရာမှာ အီဒူးက ”ကျွန်တော်တို့ခေါ်ယူခဲ့တဲ့ ကစားသမားတွေက အသက် (၂၃)နှစ်အောက် ကစားသမားတွေဖြစ်ပါတယ်။ ဒါကရေရှည်အတွက် ကျွန်တော်တို့ ဘယ်လောက်အထိ

အစီအစဉ်ဆွဲထားသလဲဆိုတာ သိသာစေပါတယ်။ ပုံမှန်အားဖြင့်တော့ ပရိသတ်တွေက အပြောင်းအရွှေ့တစ်ရာသီတည်းအတွက် ကြည့်ကြပါတယ်။ ကျွန်တော်ကတော့ ပိုမိုကြီးမားတဲ့ ပုံရိပ်တွေကို တွေ့မြင်ရလိမ့်မယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောခဲ့ပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းရဲ႕ အားကစားဒါရိုက္တာ အီဒူးက လက္ရွိအခ်ိန္မွာ အသင္းရဲ႕ အနာဂတ္အတြက္ အေျခခံအုတ္ျမစ္ကို တည္ေဆာက္ေနဆဲအခ်ိန္ျဖစ္ၿပီး ပရိသတ္မ်ားအေနနဲ႕ စိတ္ရွည္သည္းခံမႈရွိစြာျဖင့္ ေစာင့္ၾကည့္ရန္လိုအပ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ၿပီးဆုံးသြားၿပီ ျဖစ္တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္းမွာ အာဆင္နယ္အသင္းဟာ ဥေရာပ ထိပ္သီးအသင္းမ်ားၾကား ေငြေၾကးအမ်ားဆုံးသုံးစြဲတဲ့ အသင္းအျဖစ္ ေပါင္သန္း ၁၅၀ ဝန္းက်င္အကုန္ခံကာ ကစားသမားသစ္မ်ားကိုေခၚယူ၍ အင္အား ျဖည့္တင္းခဲ့ပါတယ္။

သို႔ေပမယ့္ အာဆင္နယ္အသင္း ေခၚယူခဲ့တဲ့ ကစားသမားသစ္ ၆ ဦးမွာ ေပးေခ်ခဲ့ရတဲ့ ေျပာင္းေ႐ႊ႕ေၾကးမ်ားႏွင့္ ထိုက္တန္မႈမရွိဟု ေဝဖန္သုံးသပ္မႈမ်ားရွိခဲ့ၿပီး အီဒူးရဲ႕ ကစားသမားသစ္ ျဖည့္တင္းမႈအေပၚ အာဆင္နယ္ပရိသတ္မ်ားကလည္း သံသယစိတ္ျဖင့္ ေဝဖန္ခဲ့ၾကပါတယ္။

အီဒူးက ထိုေဝဖန္မႈမ်ားကို ျပန္လည္တုံ႕ျပန္ခဲ့ၿပီး Sky Sports သတင္းဌာနႏွင့္ေတြ႕ဆုံရာမွာ အီဒူးက ”ကြၽန္ေတာ္တို႔ေခၚယူခဲ့တဲ့ ကစားသမားေတြက အသက္ (၂၃)ႏွစ္ေအာက္ ကစားသမားေတြျဖစ္ပါတယ္။ ဒါကေရရွည္အတြက္ ကြၽန္ေတာ္တို႔ ဘယ္ေလာက္အထိ

အစီအစဥ္ဆြဲထားသလဲဆိုတာ သိသာေစပါတယ္။ ပုံမွန္အားျဖင့္ေတာ့ ပရိသတ္ေတြက အေျပာင္းအေ႐ႊ႕တစ္ရာသီတည္းအတြက္ ၾကည့္ၾကပါတယ္။ ကြၽန္ေတာ္ကေတာ့ ပိုမိုႀကီးမားတဲ့ ပုံရိပ္ေတြကို ေတြ႕ျမင္ရလိမ့္မယ္လို႔ပဲ ေျပာခ်င္ပါတယ္” ဟု ေျပာခဲ့ပါတယ္။