Spots news

ဒိုင်ဘာလာကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်ခဲ့တဲ့ တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူဖို့အတွက် သူ့အခြေအနေကို စောင့်ကြည့်လေ့လာ နေပြီဖြစ်ပါတယ်။

ဒိုင်ဘာလာရဲ့လက်ရှိစာချုပ်က လာမယ့်နှစ်၊နွေရာသီမှာ သက်တမ်ကုန်ဆုံးမှာ ဖြစ်လို့ ဂျူဗင်တပ်စ် အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ကြိုးစားခဲ့ပေမယ့် ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့ပြီး ဒိုင်ဘာလာ အနေနဲ့ လာမယ့်နှစ်ကျရင် အလွတ်နဲ့ အသင်းပြောင်းရွှေ့ခွင့် ရှိမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ဒိုင်ဘာလာရဲ့ အပြောင်းအရွှေ့အတွက် ဂျူဗင်တပ်စ်အသင်းနဲ့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ဖူးပြီး အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိ ဒိုင်ဘာလာရဲ့ အနေအထားအရ လာမယ့်နှစ်မှာတော့ ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက် ရှိနေပါပြီ။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီကျရင် အသင်းက တိုက်စစ် ကစားသမားနှစ်ဦးဖြစ်တဲ့ ပြင်သစ်လက်ရွေးစင် မာရှယ်နဲ့ အင်္ဂလန်လက်ရွေးစင် လင်ဂတ်ကို ရောင်းချဖို့စီစဉ်နေပြီး ဒိုင်ဘာလာနဲ့ အစားထိုးဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာ အာဂျင်တီးနား တိုက်စစ်မှူး ဒိုင်ဘာလာကို ယူနိုက်တက်အသင်းအပြင် စပါး၊ ရီးရဲလ်နဲ့ PSG အသင်း တို့ကလည်း စိတ်ဝင်စားနေတာကြောင့် အဲဒီအသင်းတွေနဲ့အပြိုင် ကြိုးပမ်းရမယ့် အနေအထားပါပဲ။

ယူနိုက်တက်အသင်းဟာ နွေရာသီကာလအတွင်း ဂျူဗင်တပ်စ် အသင်းဆီကနေ စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ပြီးဖြစ်တာကြောင့် လာမယ့်ရာသီမှာ စီရော်နယ်ဒို+ ဒိုင်ဘာလာ တိုက်စစ်အတွဲအဖက်ကို ယူနိုက်တက်အသင်းမှာ မြင်တွေ့ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဂ်ဴဗင္တပ္စ္နဲ႕ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အဆင္မေျပ ျဖစ္ခဲ့တဲ့ တိုက္စစ္မႉး ဒိုင္ဘာလာကို ေခၚယူဖို႔အတြက္ သူ႕အေျခအေနကို ေစာင့္ၾကည့္ေလ့လာ ေနၿပီျဖစ္ပါတယ္။

ဒိုင္ဘာလာရဲ႕လက္ရွိစာခ်ဳပ္က လာမယ့္ႏွစ္၊ေႏြရာသီမွာ သက္တမ္ကုန္ဆုံးမွာ ျဖစ္လို႔ ဂ်ဴဗင္တပ္စ္ အသင္းက သူ႕ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ႀကိဳးစားခဲ့ေပမယ့္ ေဆြးေႏြးမႈ အဆင္မေျပျဖစ္ခဲ့ၿပီး ဒိုင္ဘာလာ အေနနဲ႕ လာမယ့္ႏွစ္က်ရင္ အလြတ္နဲ႕ အသင္းေျပာင္းေ႐ႊ႕ခြင့္ ရွိမွာျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက ဒိုင္ဘာလာရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ ဂ်ဴဗင္တပ္စ္အသင္းနဲ႕ ခ်ိတ္ဆက္မႈေတြျပဳလုပ္ခဲ့ဖူးၿပီး အဆင္မေျပခဲ့ပါဘူး။ ဒါေပမဲ့ လက္ရွိ ဒိုင္ဘာလာရဲ႕ အေနအထားအရ လာမယ့္ႏွစ္မွာေတာ့ ေခၚယူနိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ရွိေနပါၿပီ။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ လာမယ့္ရာသီက်ရင္ အသင္းက တိုက္စစ္ ကစားသမားႏွစ္ဦးျဖစ္တဲ့ ျပင္သစ္လက္ေ႐ြးစင္ မာရွယ္နဲ႕ အဂၤလန္လက္ေ႐ြးစင္ လင္ဂတ္ကို ေရာင္းခ်ဖိဳ႕စီစဥ္ေနၿပီး ဒိုင္ဘာလာနဲ႕ အစားထိုးဖို႔ ဆႏၵရွိေနတာ ျဖစ္ပါတယ္။

ဒါေပမဲ့ လက္ရွိအခ်ိန္မွာ အာဂ်င္တီးနား တိုက္စစ္မႉး ဒိုင္ဘာလာကို ယူနိုက္တက္အသင္းအျပင္ စပါး၊ ရီးရဲလ္နဲ႕ PSG အသင္း တို႔ကလည္း စိတ္ဝင္စားေနတာေၾကာင့္ အဲဒီအသင္းေတြနဲ႕အၿပိဳင္ ႀကိဳးပမ္းရမယ့္ အေနအထားပါပဲ။

ယူနိုက္တက္အသင္းဟာ ေႏြရာသီကာလအတြင္း ဂ်ဴဗင္တပ္စ္ အသင္းဆီကေန စီေရာ္နယ္လ္ဒိုကို ေခၚယူခဲ့ၿပီးျဖစ္တာေၾကာင့္ လာမယ့္ရာသီမွာ စီေရာ္နယ္ဒို+ ဒိုင္ဘာလာ တိုက္စစ္အတြဲအဖက္ကို ယူနိုက္တက္အသင္းမွာ ျမင္ေတြ႕ရမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။