Spots news

အာဆင်နယ်ကို ပြန်လည်ကိုင်တွယ်ဖို့ ရှိမရှိကို အတည်ပြုပေးလိုက်တဲ့ အာဆင်ဝင်းဂါး

Unicode Version

ပရီးမီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးကတော့ သူ့အနေနဲ့ အသင်းဟောင်း အာဆင်နယ်အသင်းကို နည်းပြအဖြစ် ဘယ်တော့မှ ပြန်လည်ကိုင်တွယ်မှာ မဟုတ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ အသင်းရဲ့သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် ရာသီအစ အဆိုးရွားဆုံး အခြေအနေအဖြစ် ရမှတ်မရှိ၊ ရဂိုးမရှိ အမှတ်ပေးဇယား အောက်ခြေမှာ အဆင့် ၂၀ နေရာ၌ ရပ်တည်နေပြီး နည်းပြဖြစ်သူ အာတီတာရဲ့အနာဂတ်မှာ တည်ငြိမ်မှု မရှိဖြစ်နေပါတယ်

ထို့ကြောင့် အသင်းနဲ့အတူ ဆုဖလား ‌အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး လက်ရှိမှာလဲ နည်းပြအလုပ်ကနေ ခနတာ အနားယူနေတဲ့ ကလရှည်နည်းပြဟောင်းကြီး အာစင်ဝင်းဂါးအ‌နေနဲ့မှာ တကျော့ပြန်လည်ပြီး အသင်းဟောင်း အာဆင်နယ်အသင်းကို ပြန်လည်ကိုင်တွယ် ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။

သို့‌ပေမယ့် အာစင်ဝင်းဂါးက beIN Sports ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းရာမှာ ” ကျွန်တော် အီမရိတ်စ်ကွင်းကို ပြန်မှာလားဆိုတဲ့မေးခွန်းကို အဖြေပေးရမယ်ဆိုရင် ကျွန်တော်ဟာ အာဆင်နယ်အသင်းက လုံးလုံးလျားလျား အပြီးသတ်ထွက်ခွာခဲ့တာပါလို့ အကြိမ်ကြိမ်ပြော ထားပြီးဖြစ်ပါတယ်”ဟု ပြောကြား ခဲ့ပါတယ်။

Zawgyi Version


လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ အသင်းရဲ့သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် ရာသီအစ အဆိုးရွားဆုံး အခြေအနေအဖြစ် ရမှတ်မရှိ၊ ရဂိုးမရှိ အမှတ်ပေးဇယား အောက်ခြေတွင် အဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး နည်းပြဖြစ်သူ အာတီတာရဲ့အနာဂတ်မှာ တည်ငြိမ်မှု မရှိဖြစ်နေပါတယ်

