Spots news

ဆာနေးကို ကစားသမား သုံးဦး အလိုက်ပေးခေါ်ယူဖို့ ပြင်ဆင်ထားတဲ့ ချဲလ်ဆီး

Unicode Version

ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချဲလ်ဆီးအသင်းဟာ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းမှ တောင်ပံကစားသမား ဆာနေးကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဗြိတိန်မီဒီယာတစ်ခုက ဖော်ပြထားပါတယ်။

အသက် ၂၅ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဂျာမနီလက်ရွေးစင်ကစားသမား ဆာနေးဟာ ၂၀၂၀ မှာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးအသင်းမှ မွေးရပ်မြေ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ခဲ့သော်လည်း ဘိုင်ယန်မြူးနစ် အသင်းမှာ ခြေစွမ်းပြရန် ရုန်းကန်နေရပါတယ်။

ဥရောပချန်ပီယံ ချဲလ်ဆီးအသင်းရဲ့ ဂျာမန်လူမျိုး နည်းပြချုပ် တူချယ်က ဆာနေးကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး လာမည့်နွေရာသီတွင် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်သွားဖွယ်ရှိကာ အသင်းရဲ့ ကစားသမားသုံးဦးအထိ ဆာနေးအတွက် အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ဆာနေးကို ခေါ်ယူရေးအတွက် ပြောင်းရွေ့ကြေး သုံးစွဲဖို့ထက် ကစားသမား အလဲအထပ် ဖြင့်သာ ခေါ်ယူသွားရန် စိတ်ဝင်စားနေပြီး ဟတ်ဆန်အိုဒွိုင်း၊ ဇီးယက်ချ်နှင့် ပူလီဆစ်တို့ သုံးဦးအနက်မှ တစ်ဦးကို အလိုက်ပေး၍ ကမ်းလှမ်းသွားဖွယ် ရှိကြောင်းသိရပါတယ်။

လတ်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆာနေးကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ယူသွားဖို့အတွက် အာဆင်နယ် စပါးနဲ့ ချဲလ်ဆီးအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ ချဲလ်ဆီးက ဆာနေးကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ အင္အားႀကီးကလပ္ ခ်ဲလ္ဆီးအသင္းဟာ ဘြန္ဒက္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္အသင္းမွ ေတာင္ပံကစားသမား ဆာေနးကို ေခၚယူရန္ စိတ္ဝင္စားေနေၾကာင္း ၿဗိတိန္မီဒီယာတစ္ခုက ေဖာ္ျပထားပါတယ္။

အသက္ ၂၅ ႏွစ္ အ႐ြယ္ ရွိၿပီျဖစ္တဲ့ ဂ်ာမနီလက္ေ႐ြးစင္ကစားသမား ဆာေနးဟာ ၂၀၂၀ မွာ ပရီးမီးယားလိဂ္ ကလပ္ မန္စီးတီးအသင္းမွ ေမြးရပ္ေျမ ဘိုင္ယန္ျမဴးနစ္သို႔ ေျပာင္းေ႐ႊ႕ခဲ့ေသာ္လည္း ဘိုင္ယန္ျမဴးနစ္ အသင္းမွာ ေျခစြမ္းျပရန္ ႐ုန္းကန္ေနရပါတယ္။

ဥေရာပခ်န္ပီယံ ခ်ဲလ္ဆီးအသင္းရဲ႕ ဂ်ာမန္လူမ်ိဳး နည္းျပခ်ဳပ္ တူခ်ယ္က ဆာေနးကို ေခၚယူရန္ စိတ္ဝင္စားေနၿပီး လာမည့္ေႏြရာသီတြင္ ကမ္းလွမ္းမႈတစ္ခု ျပဳလုပ္သြားဖြယ္ရွိကာ အသင္းရဲ႕ ကစားသမားသုံးဦးအထိ ဆာေနးအတြက္ အလိုက္ေပးကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးဟာ ဆာေနးကို ေခၚယူေရးအတြက္ ေျပာင္းေ႐ြ႕ေၾကး သုံးစြဲဖို႔ထက္ ကစားသမား အလဲအထပ္ ျဖင့္သာ ေခၚယူသြားရန္ စိတ္ဝင္စားေနၿပီး ဟတ္ဆန္အိုဒြိုင္း၊ ဇီးယက္ခ်္ႏွင့္ ပူလီဆစ္တို႔ သုံးဦးအနက္မွ တစ္ဦးကို အလိုက္ေပး၍ ကမ္းလွမ္းသြားဖြယ္ ရွိေၾကာင္းသိရပါတယ္။

လတ္တေလာမွာ ထြက္ေပၚေနတဲ့ သတင္းေတြအရ ဆာေနးကို ပရီးမီးယားလိဂ္ၿပိဳင္ပြဲဆီ ျပန္လည္ေခၚယူသြားဖို႔အတြက္ အာဆင္နယ္ စပါးနဲ႕ ခ်ဲလ္ဆီးအသင္းတို႔ကေန အၿပိဳင္စိတ္ဝင္စားေနၾကၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိထားတဲ့ ခ်ဲလ္ဆီးက ဆာေနးကို ေခၚယူဖို႔ အေျခအေန အေကာင္းဆုံး ျဖစ္ေနရပါတယ္။