Spots news

နည်းပြဆိုးလ်ရှားက ပွဲထွက်ခွင့်ပေးမယ်လို့ ယုံကြည်နေတဲ့ ဗန်ဒီဘိခ်

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်မရဖြစ်နေတဲ့ နယ်သာလန်ကွင်းလယ်ဗန်ဒီဘိခ်က နည်းပြဆိုးလ်ရှားဟာ သူ့ကိုလိုအပ်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဗန်ဒီဘိခ်ဟာ အေဂျက်ဇ်ကနေ ယူနိုက်တက်ကို

ပြောင်းရွှေ့လာပြီးကတည်းက အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရပြီး ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ အဲဗာတန်ကိုပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ပေမယ့် ဆိုးလ်ရှားက ငြင်းဆန်ခဲ့ပါတယ်။

ယူနိုက်တက်အနာဂတ်အတွက် ဆိုးလ်ရှားနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ရာမှာ အေပေါင်းဆန်မှုတွေရှိခဲ့တယ်လို့လည်း ဟော်လန်ကွင်းလယ်လူက ဆိုပါတယ်။ ရော်နယ်ဒိုရောက်လာပြီးနောက်ပိုင်း ကွင်းလယ်မှာပါ

ကစားပုံအနေအထားပြောင်းလဲတော့မှာဖြစ်လို့ ဗန်ဒီဘိခ်ကစားခွင့်ရဖို့က ပိုမိုမသေမချာဖြစ်လာခဲ့ပြီး အေးဂျင့်ဖြစ်သူက အသင်းသစ်ရှာဖွေပေးခဲ့ပေမယ့် ယူနိုက်တက်က ငြင်းဆန်ခဲ့ပါတယ်။

ဗန်ဒီဘိခ်က “အဲဗာတန်က စိတ်ဝင်စားနေတဲ့အကြောင်းကို နည်းပြနဲ့စကားပြောခဲ့ပါတယ်၊ ကလပ်အသင်းနဲ့ရောပေါ့၊ သူတို့က ကျွန်တော့်ကို ဒီမှာပဲဆက်ရှိနေစေချင်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်၊

ဆိုးလ်ရှားကလည်း ကျွန်တော့်အပေါ် တကယ်အပြုသဘောဆောင်ပြီးတော့ ပြောခဲ့တယ်၊ ငါမင်းကို လိုအပ်တယ်၊ မင်းကို ဒီမှာပဲ ဆက်ထိန်းသိမ်းထားမယ်လို့ သူပြောခဲ့ပါတယ်”

“ဒီရာသီအစက ဘယ်လောက်ခက်ခဲနေလဲ ကျွန်တော်မြင်ပါတယ်၊ တစ်မိနစ်လေးတောင်မှ ကျွန်တော်မကစားရသေးဘူး၊ ဒါပေမယ့် သူက လေ့ကျင့်ကွင်းမှာ ငါနေ့တိုင်းတွေ့နေရပဲ၊ အခုဆိုရင် အရင်ကနဲ့မတူတဲ့ ဒွန်နီကို ငါတွေ့နေရပြီလို့ ပြောပါတယ်၊

တကယ်အပြုသဘောဆောင်ပြောခဲ့ကြတာပါ၊ ကျွန်တော့်စိတ်ခံစားချက်လည်း ကောင်းမွန်ပါတယ်၊ ကောင်းမွန်တဲ့ပုံစံမှာရှိနေပြီး ဘယ်လောက်ထိတိုးတက်လာလဲဆိုတာ အားလုံးကို ပြသနိုင်ပါတယ်” လို့ ဗန်ဒီဘိခ်က Rio Ferdianand ရဲဲ့ Five podcast မှာ ပြောဆိုခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ပြဲကစားခြင့္မရျဖစ္ေနတဲ့ နယ္သာလန္ကြင္းလယ္ဗန္ဒီဘိခ္က နည္းျပဆိုးလ္ရွားဟာ သူ႕ကိုလိုအပ္တဲ့အေၾကာင္း ေျပာဆိုခဲ့တယ္လို႔ ဖြင့္ဟလိုက္ပါတယ္။ ဗန္ဒီဘိခ္ဟာ ေအဂ်က္ဇ္ကေန

ယူနိုက္တက္ကိုေျပာင္းေ႐ႊ႕လာၿပီးကတည္းက အရန္ခုံမွာသာ အခ်ိန္ကုန္ေနခဲ့ရၿပီး ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ကာလမွာ အဲဗာတန္ကိုေျပာင္းေ႐ႊ႕ဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ဆိုးလ္ရွားက ျငင္းဆန္ခဲ့ပါတယ္။

ယူနိုက္တက္အနာဂတ္အတြက္ ဆိုးလ္ရွားနဲ႕ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ရာမွာ ေအေပါင္းဆန္မႈေတြရွိခဲ့တယ္လို႔လည္း ေဟာ္လန္ကြင္းလယ္လူက ဆိုပါတယ္။ ေရာ္နယ္ဒိုေရာက္လာၿပီးေနာက္ပိုင္း ကြင္းလယ္မွာပါ

ကစားပုံအေနအထားေျပာင္းလဲေတာ့မွာျဖစ္လို႔ ဗန္ဒီဘိခ္ကစားခြင့္ရဖို႔က ပိုမိုမေသမခ်ာျဖစ္လာခဲ့ၿပီး ေအးဂ်င့္ျဖစ္သူက အသင္းသစ္ရွာေဖြေပးခဲ့ေပမယ့္ ယူနိုက္တက္က ျငင္းဆန္ခဲ့ပါတယ္။

ဗန္ဒီဘိခ္က “အဲဗာတန္က စိတ္ဝင္စားေနတဲ့အေၾကာင္းကို နည္းျပနဲ႕စကားေျပာခဲ့ပါတယ္၊ ကလပ္အသင္းနဲ႕ေရာေပါ့၊ သူတို႔က ကြၽန္ေတာ့္ကို ဒီမွာပဲဆက္ရွိေနေစခ်င္တယ္လို႔ ပြင့္ပြင့္လင္းလင္းေျပာခဲ့ပါတယ္၊

ဆိုးလ္ရွားကလည္း ကြၽန္ေတာ့္အေပၚ တကယ္အျပဳသေဘာေဆာင္ၿပီးေတာ့ ေျပာခဲ့တယ္၊ ငါမင္းကို လိုအပ္တယ္၊ မင္းကို ဒီမွာပဲ ဆက္ထိန္းသိမ္းထားမယ္လို႔ သူေျပာခဲ့ပါတယ္”

“ဒီရာသီအစက ဘယ္ေလာက္ခက္ခဲေနလဲ ကြၽန္ေတာ္ျမင္ပါတယ္၊ တစ္မိနစ္ေလးေတာင္မွ ကြၽန္ေတာ္မကစားရေသးဘူး၊ ဒါေပမယ့္ သူက ေလ့က်င့္ကြင္းမွာ ငါေန႕တိုင္းေတြ႕ေနရပဲ၊ အခုဆိုရင္ အရင္ကနဲ႕မတူတဲ့ ဒြန္နီကို ငါေတြ႕ေနရၿပီလို႔ ေျပာပါတယ္၊

တကယ္အျပဳသေဘာေဆာင္ေျပာခဲ့ၾကတာပါ၊ ကြၽန္ေတာ့္စိတ္ခံစားခ်က္လည္း ေကာင္းမြန္ပါတယ္၊ ေကာင္းမြန္တဲ့ပုံစံမွာရွိေနၿပီး ဘယ္ေလာက္ထိတိုးတက္လာလဲဆိုတာ အားလုံးကို ျပသနိုင္ပါတယ္” လို႔ ဗန္ဒီဘိခ္က Rio Ferdianand ရဲဲ့ Five podcast မွာ ေျပာဆိုခဲ့ပါတယ္။