Spots news

ယူနိုက်တက်က စိတ်ဝင်စားနေတဲ့ ဒီကလန်ရိုက်စ်ကို လာမည့်နွေမှာ ရောင်းမယ့် ဝက်စ်ဟမ်း

Unicode Version

ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ကာ လာမယ့်နွေရာသီမှာ ခေါ်ယူဖွယ်ရှိနေပါတယ်။ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ အခုအပြောင်းအရွှေ့မှာ ရော်နယ်ဒို ၊ ဆန်ချို နဲ့ ဗာရာနီတို့ကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကွင်းလယ်ပိုင်းက လိုအပ်ချက်ရှိနေဆဲဖြစ်ကာ မာတစ်ကလည်း အခုရာသီအကုန် လောက်အထိပဲ အသုံးပြုလို့ရမယ့် အနေအထားမျိုးဖြစ်နေပါတယ်။ ဒါပေမယ့် သတင်းဌာနတစ်ခုကတော့ ယူနိုက်တက်ဟာ ကွင်းလယ်လူတစ်ဦးရှာဖွေနေဆဲဖြစ်ကာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကိုအလိုရှိနေဆဲဖြစ်ပါတယ်။

ကလပ်အသင်းပရိသတ်တွေကလည်း ယခင်အပြောင်းအရွှေ့တွေကတည်းက ဒီကလန်ရိုက်စ်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်သားရဲ့လက်ရှိတန်ကြေးက ပေါင်သန်း ၁၀၀ ရှိနေပေမယ့်  လာမယ့်နွေမှာတော့ တန်ကြေးလျော့ချပေးဖွယ်ရှိနေပါတယ်။

ရိုက်စ်ရဲ့စာချုပ်သက်တမ်းက ၂၀၂၄ အထိ ရှိနေတာဖြစ်ကာ ဝက်စ်ဟမ်းအနေနဲ့ လိုချင်တဲ့တန်ကြေးမျိုးတောင်းဆိုနိုင်တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ယခင် အပြောင်းအရွှေ့တုန်းက အင်္ဂလန်သားကို ချိတ်ဆက်ခဲ့ပေမယ့် မေဆင်မောင့် ပေါ်လာခဲ့တာကြောင့် မခေါ်ယူခဲ့တာဖြစ်ပါတယ်။

ရိုက်စ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဟန်ဂေရီနဲ့ပွဲမှာ နိုင်ငံတကာသွင်းဂိုး ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဆောက်ဂိတ်ကတော့ ဒီကလန်ရိုက်စ်ရဲ့စွမ်းဆောင်ရည်ကို သဘောကျနေပါတယ်။

Zawgyi Version

ယူနိုက္တက္အသင္းဟာ ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္ရိုက္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္ကာ လာမယ့္ေႏြရာသီမွာ ေခၚယူဖြယ္ရွိေနပါတယ္။ ဆိုးလ္ရွားရဲ႕ ယူနိုက္တက္ဟာ အခုအေျပာင္းအေ႐ႊ႕မွာ ေရာ္နယ္ဒို ၊ ဆန္ခ်ိဳ နဲ႕ ဗာရာနီတို႔ကို ေခၚယူထားနိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ကြင္းလယ္ပိုင္းက လိုအပ္ခ်က္ရွိေနဆဲျဖစ္ကာ မာတစ္ကလည္း အခုရာသီအကုန္ ေလာက္အထိပဲ အသုံးျပဳလို႔ရမယ့္ အေနအထားမ်ိဳးျဖစ္ေနပါတယ္။ ဒါေပမယ့္ သတင္းဌာနတစ္ခုကေတာ့ ယူနိုက္တက္ဟာ ကြင္းလယ္လူတစ္ဦးရွာေဖြေနဆဲျဖစ္ကာ ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္ရိုက္စ္ကိုအလိုရွိေနဆဲျဖစ္ပါတယ္။

ကလပ္အသင္းပရိသတ္ေတြကလည္း ယခင္အေျပာင္းအေ႐ႊ႕ေတြကတည္းက ဒီကလန္ရိုက္စ္ကို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္သားရဲ႕လက္ရွိတန္ေၾကးက ေပါင္သန္း ၁၀၀ ရွိေနေပမယ့္  လာမယ့္ေႏြမွာေတာ့ တန္ေၾကးေလ်ာ့ခ်ေပးဖြယ္ရွိေနပါတယ္။

ရိုက္စ္ရဲ႕စာခ်ဳပ္သက္တမ္းက ၂၀၂၄ အထိ ရွိေနတာျဖစ္ကာ ဝက္စ္ဟမ္းအေနနဲ႕ လိုခ်င္တဲ့တန္ေၾကးမ်ိဳးေတာင္းဆိုနိုင္တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ ယခင္ အေျပာင္းအေ႐ႊ႕တုန္းက အဂၤလန္သားကို ခ်ိတ္ဆက္ခဲ့ေပမယ့္ ေမဆင္ေမာင့္ ေပၚလာခဲ့တာေၾကာင့္ မေခၚယူခဲ့တာျဖစ္ပါတယ္။

ရိုက္စ္ဟာ ၿပီးခဲ့တဲ့အပတ္တုန္းက ဟန္ေဂရီနဲ႕ပြဲမွာ နိုင္ငံတကာသြင္းဂိုး ဒုတိယေျမာက္ဂိုးကို သြင္းယူခဲ့ပါတယ္။ ေဆာက္ဂိတ္ကေတာ့ ဒီကလန္ရိုက္စ္ရဲ႕စြမ္းေဆာင္ရည္ကို သေဘာက်ေနပါတယ္။