Spots news

အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံး ၅ ဦးစာရင်းထဲ ပါဝင်လာတဲ့ ဟယ်ရီကိန်း

Unicode Version

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးအသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ အန်ဒိုရာအသင်းတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား ၅ဦး စာရင်းထဲ ဝင်ရောက်နိုင်ခဲ့ပါတယ်။

ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ အန်ဒိုရာအသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားကာ ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ရဲ့ သွင်းဂိုး ၂ဂိုး ၊ လူငယ် တောင်ပံ ကစားသမား ဆာကာရဲ့ သွင်းဂိုး ၁ဂိုးနဲ့ ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုး ၁ဂိုးတို့ကြောင့် ၄-၀ ဆိုတဲ့ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ အဆိုပါပွဲစဉ်မှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် မရခဲ့ပေမယ့် ပွဲကစားချိန် ၆၂မိနစ်မှာတော့ ဘန်းဖို့ဒ်နဲ့ လူစားလဲကာ ဝင်ရောက် ကစားခွင့် ရခဲ့ပြီး ပွဲကစားချိန် ၇၂မိနစ်မှာတော့ ပင်နယ်တီကနေ တဆင့် အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

အဆိုပါသွင်းဂိုးကြောင့် ဟယ်ရီကိန်းရဲ့ အင်္ဂလန် လက်ရွေးစင်အသင်း အတွက် သွင်းယူပေးခဲ့တဲ့ သွင်းဂိုး အရေအတွက်ဟာ စုစုပေါင်း ၄၀ဂိုး အထိ ရှိလာခဲ့ပြီး အင်္ဂလန်အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား စာရင်းရဲ့ ပဥ္စမနေရာမှာ ဂန္တဝင် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်နဲ့အတူ ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ်။

လက်ရှိ အင်္ဂလန်အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက သွင်းဂိုး ၅၃ဂိုးနဲ့အတူ ရပ်တည်နေတာ ဖြစ်ပြီး ဟယ်ရီကိန်းဟာ လက်ရှိမှာ အသက် ၂၈နှစ် အရွယ်သာ ရှိသေးသလို သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် မကြာခင်မှာပဲ ဝိန်းရွန်းနီရဲ့ စံချိန်ကို ကျော်ဖြတ်ကာ အင်္ဂလန်အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်နိုင်ဖွယ် ရှိပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ စပါးအသင္းနဲ႕ အဂၤလန္ လက္ေ႐ြးစင္အသင္းတို႔ရဲ႕ အဓိက တိုက္စစ္မႉး ဟယ္ရီကိန္းဟာ ယမန္ေန႕ညမွာ ကစားခဲ့တဲ့ အဂၤလန္အသင္းနဲ႕ အန္ဒိုရာအသင္းတို႔ရဲ႕ ကမာၻ႔ဖလား ေျခစစ္ပြဲမွာ အသင္းအတြက္ သြင္းဂိုး ၁ဂိုး သြင္းယူနိုင္ခဲ့ၿပီးေနာက္ အဂၤလန္ လက္ေ႐ြးစင္အသင္းရဲ႕ ထာဝရ ဂိုးသြင္း အမ်ားဆုံး ကစားသမား ၅ဦး စာရင္းထဲ ဝင္ေရာက္နိုင္ခဲ့ပါတယ္။

ဝင္ဘေလကြင္းမွာ ကစားခဲ့တဲ့ အဆိုပါပြဲစဥ္မွာ အဂၤလန္အသင္းဟာ အန္ဒိုရာအသင္းကို ပြဲစပြဲဆုံး ဖိအားေပး ကစားကာ ကြင္းလယ္တိုက္စစ္ ကစားသမား လင္ဂတ္ရဲ႕ သြင္းဂိုး ၂ဂိုး ၊ လူငယ္ ေတာင္ပံ ကစားသမား ဆာကာရဲ႕ သြင္းဂိုး ၁ဂိုးနဲ႕ ဟယ္ရီကိန္းတို႔ရဲ႕ သြင္းဂိုး ၁ဂိုးတို႔ေၾကာင့္ ၄-၀ ဆိုတဲ့ ရလဒ္နဲ႕ သက္ေတာင့္သက္သာ အနိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။

အဂၤလန္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းဟာ အဆိုပါပြဲစဥ္မွာ ပြဲထြက္ ကစားသမား အျဖစ္ ပါဝင္ ကစားခြင့္ မရခဲ့ေပမယ့္ ပြဲကစားခ်ိန္ ၆၂မိနစ္မွာေတာ့ ဘန္းဖို႔ဒ္နဲ႕ လူစားလဲကာ ဝင္ေရာက္ ကစားခြင့္ ရခဲ့ၿပီး ပြဲကစားခ်ိန္ ၇၂မိနစ္မွာေတာ့ ပင္နယ္တီကေန တဆင့္ အသင္းအတြက္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူ ေပးနိုင္ခဲ့ပါတယ္။

အဆိုပါသြင္းဂိုးေၾကာင့္ ဟယ္ရီကိန္းရဲ႕ အဂၤလန္ လက္ေ႐ြးစင္အသင္း အတြက္ သြင္းယူေပးခဲ့တဲ့ သြင္းဂိုး အေရအတြက္ဟာ စုစုေပါင္း ၄၀ဂိုး အထိ ရွိလာခဲ့ၿပီး အဂၤလန္အသင္းရဲ႕ ထာဝရ ဂိုးသြင္းအမ်ားဆုံး ကစားသမား စာရင္းရဲ႕ ပၪၥမေနရာမွာ ဂႏၲဝင္ တိုက္စစ္မႉးေဟာင္း မိုက္ကယ္အိုဝင္နဲ႕အတူ ပူးတြဲ ရပ္တည္နိုင္ခဲ့ပါတယ္။

လက္ရွိ အဂၤလန္အသင္းရဲ႕ ထာဝရ ဂိုးသြင္းအမ်ားဆုံး ကစားသမား အျဖစ္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္းနီက သြင္းဂိုး ၅၃ဂိုးနဲ႕အတူ ရပ္တည္ေနတာ ျဖစ္ၿပီး ဟယ္ရီကိန္းဟာ လက္ရွိမွာ အသက္ ၂၈ႏွစ္ အ႐ြယ္သာ ရွိေသးသလို သူ႕ရဲ႕ ဂိုးသြင္းစြမ္းရည္ေၾကာင့္ မၾကာခင္မွာပဲ ဝိန္း႐ြန္းနီရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ကာ အဂၤလန္အသင္းရဲ႕ ထာဝရ ဂိုးသြင္းအမ်ားဆုံး ကစားသမား အျဖစ္ မွတ္တမ္းဝင္နိုင္ဖြယ္ ရွိပါတယ္။