Spots news
လက်စတာကွင်းလယ်လူကို စိတ်ဝင်စားနေတဲ့ ဥရောပထိပ်သီး အသင်းများ
Unicode Version
ဘာစီလိုနာ ၊ ရီးရဲလ်  နဲ့ ယူနိုက်တက်တို့ဟာ လက်စတာကွင်းလယ်လူ တိုင်လီမန်းစ်ကိုခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့အကျော်အမော် ရိုမာနိုကလည်း ထိပ်တန်းအသင်းတွေဟာ လက်စတာစတားကို အနာဂတ်မှာ ခေါ်ယူဖွယ်ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။
တိုလီမန်းစ်ဟာ အန်ဒါလက်ချ်မှာကတည်းက ခြေစွမ်းပြနေတာဖြစ်ကာ ၂၀၁၇ ခုနှစ်မှာ မိုနာကိုအသင်းထံပြောင်းခဲ့ပါတယ်။ တိုင်လီမန်းစ်ဟာ လက်စတာကိုပြောင်းလာပြီးနောက် ခြေစွမ်းပြနေပြီး လီဗာပူးရဲ့စိတ်ဝင်စားမှုကို ခံခဲ့ရတာဖြစ်ပါတယ်။
အခုချိန်မှာလည်း ကလပ်အသင်းကြီးတော်တော်များများက စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ “တိုင်လီမန်းစ်ကို ကလပ်အသင်းကြီး တော်တော်များများက အလိုရှိနေပါတယ်။ လာမယ့်နွေရာသီမှာတော့ ကြီးမားတဲ့အပြောင်းအရွှေ့တစ်ခုမြင်ရတော့မှာပါ။ အဲ့ထဲမှာ ဘာစီလိုနာ နဲ့ ရီးရဲလ်တို့လည်း ပါနေပါတယ်။
ယူနိုက်တက်ကတော့ ပေါ့ဂ်ဘာအခြေအနေပေါ်မူတည်ပြီး ဘာဆက်လုပ်မလဲမသိသေးပါဘူး”လို့ ရိုမာနိုက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ကာမာဗင်ဂါကို ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း
နောက်ထပ်ကွင်းလယ်လူတစ်ဦးကို အလိုရှိနေဆဲဖြစ်ပါတယ်။ လက်စတာအသင်းကတော့ တိုင်လီမန်းစ်ကို စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်ထိန်းဖို့ ပြင်ဆင်ထားကြောင်း ရိုမာနိုက ပြောကြားခဲ့ပါတယ်
Zawgyi Version