Unicode Version
အာဆင်နယ် နောက်ခံလူ ဘင်ဝှိုက်ဟာ ကိုဗစ်ရောဂါမှ သက်သာလာသလို ရန်ပုံငွေပွဲမှာ ဒဏ်ရာရသွားခဲ့လို့ ရာသီအစပွဲစဉ်တွေကို လွဲချော်ထားခဲ့ရတဲ့ ကွင်းလယ်ကစားသမား ပါတေးတို့နှစ်ယောက်ဟာ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေကြပြီဖြစ်လို့ စနေနေ့ည နောဝစ်ချ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာပါ ပြန်လည် ပါဝင်လာဖွယ် ရှိပါတယ်။
ပါတေးဟာ ချယ်လ်ဆီးအသင်းရဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ပုံငွေပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် တစ်လနီးပါး အနားယူလိုက်ရပြီး ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း ၃ ပွဲအထိကို လွဲချော်ခဲ့သလို နောက်ခံလူ ဘင်ဝှိုက်ကတော့ ဘရန့်ဖိုဒ့်နဲ့ပွဲကို ပါဝင်ကစားပြီး ကိုဗစ်စစ်ဆေးရာ ဗိုင်းရပ်စ်ကူးစက်နေတဲ့အတွက် ချယ်လ်ဆီး မန်စီးတီးပွဲတွေကို ဆက်တိုက်လွဲချော်ခဲ့ရပါတယ်။
လက်ရှိ အချိန်မှာ ဘင်ဝှိုက်ရဲ့ ကိုဗစ်ကူးစက်မှုက ပြန်လည်သက်သာသွားခဲ့မို့ အသင်းနဲ့အတူ လေ့ကျင့်ခန်း အစီအစဉ်တွေ ပြန်လည်လုပ်ဆောင်နေသလို ခြေချင်းဝတ်ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ ကွင်းလယ်ကစားသမား ပါတေးဟာလည်း လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။
ဒါဟာ ရလဒ်တွေ ဆိုးရွားနေတဲ့ အာဆင်နယ်အတွက်တော့ သတင်းကောင်းတစ်ခုလို့ ဆိုရမှာဖြစ်ပြီး လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ နိုင်ပွဲ သရေပွဲ မရှိသေးပဲ ၃ ပွဲဆက်တိုက်လုံး အရေးနိမ့် ထားတဲ့အပြင် ၃ ပွဲလုံးမှာ ပေးဂိုးက ၉ ဂိုးအထိ ရှိထားကာ သွင်းဂိုးကတော့ မရရှိထားသေးပါဘူး။
အသင်းအတွက် အားထားရတဲ့ ကစားသမား ၂ ယောက်က ပြန်ကစားပေး နိုင်တော့မှာဖြစ်လို့ အာဆင်နယ်အတွက် စိတ်အားတတ်စရာ ဖြစ်လာနိုင်သလို နောဝစ်ချ်ကလည်း ဒီရာသီ တန်းတတ်အသင်းထဲမှာ ရလဒ်ပိုင်း အားအနည်းဆုံးအသင်း ဖြစ်နေတာမို့ အာဆင်နယ်အတွက် နိုင်ပွဲ စတင်ရရှိဖို့ အခြေအနေကောင်းလျက် ရှိနေပါတယ်။
Zawgyi Version
အာဆင္နယ္ ေနာက္ခံလူ ဘင္ဝွိုက္ဟာ ကိုဗစ္ေရာဂါမွ သက္သာလာသလို ရန္ပုံေငြပြဲမွာ ဒဏ္ရာရသြားခဲ့လို႔ ရာသီအစပြဲစဥ္ေတြကို လြဲေခ်ာ္ထားခဲ့ရတဲ့ ကြင္းလယ္ကစားသမား ပါေတးတို႔ႏွစ္ေယာက္ဟာ အသင္းနဲ႕ ေလ့က်င့္ခန္း ျပန္ဆင္းေနၾကၿပီျဖစ္လို႔ စေနေန႕ည ေနာဝစ္ခ်္အသင္းနဲ႕ ရင္ဆိုင္ရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာပါ ျပန္လည္ ပါဝင္လာဖြယ္ ရွိပါတယ္။
ပါေတးဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ရန္ပုံေငြပြဲစဥ္မွာ ေျခခ်င္းဝတ္ဒဏ္ရာ ရရွိခဲ့တာေၾကာင့္ တစ္လနီးပါး အနားယူလိုက္ရၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ေပါင္း ၃ ပြဲအထိကို လြဲေခ်ာ္ခဲ့သလို ေနာက္ခံလူ ဘင္ဝွိုက္ကေတာ့ ဘရန႔္ဖိုဒ့္နဲ႕ပြဲကို ပါဝင္ကစားၿပီး ကိုဗစ္စစ္ေဆးရာ ဗိုင္းရပ္စ္ကူးစက္ေနတဲ့အတြက္ ခ်ယ္လ္ဆီး မန္စီးတီးပြဲေတြကို ဆက္တိုက္လြဲေခ်ာ္ခဲ့ရပါတယ္။
လက္ရွိ အခ်ိန္မွာ ဘင္ဝွိုက္ရဲ႕ ကိုဗစ္ကူးစက္မႈက ျပန္လည္သက္သာသြားခဲ့မို႔ အသင္းနဲ႕အတူ ေလ့က်င့္ခန္း အစီအစဥ္ေတြ ျပန္လည္လုပ္ေဆာင္ေနသလို ေျခခ်င္းဝတ္ဒဏ္ရာကေန ျပန္ေကာင္းလာတဲ့ ကြင္းလယ္ကစားသမား ပါေတးဟာလည္း ေလ့က်င့္ခန္း ျပန္ဆင္းေနၿပီ ျဖစ္ပါတယ္။
ဒါဟာ ရလဒ္ေတြ ဆိုး႐ြားေနတဲ့ အာဆင္နယ္အတြက္ေတာ့ သတင္းေကာင္းတစ္ခုလို႔ ဆိုရမွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ အာဆင္နယ္အသင္းဟာ နိုင္ပြဲ သေရပြဲ မရွိေသးပဲ ၃ ပြဲဆက္တိုက္လုံး အေရးနိမ့္ ထားတဲ့အျပင္ ၃ ပြဲလုံးမွာ ေပးဂိုးက ၉ ဂိုးအထိ ရွိထားကာ သြင္းဂိုးကေတာ့ မရရွိထားေသးပါဘူး။
အသင္းအတြက္ အားထားရတဲ့ ကစားသမား ၂ ေယာက္က ျပန္ကစားေပး နိုင္ေတာ့မွာျဖစ္လို႔ အာဆင္နယ္အတြက္ စိတ္အားတတ္စရာ ျဖစ္လာနိုင္သလို ေနာဝစ္ခ်္ကလည္း ဒီရာသီ တန္းတတ္အသင္းထဲမွာ ရလဒ္ပိုင္း အားအနည္းဆုံးအသင္း ျဖစ္ေနတာမို႔ အာဆင္နယ္အတြက္ နိုင္ပြဲ စတင္ရရွိဖို႔ အေျခအေနေကာင္းလ်က္ ရွိေနပါတယ္။