Unicode Version
ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအ ပြောင်းအရွှေ့ကာလမှာ ပီအက်စ်ဂျီအသင်းမှ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ပေမယ့် လာမည့်နွေရာသီ အပြောင်းအရွေ့မှာ လက်မှတ်ထိုးကြေး ယူရိုသန်း ၈၀ အထိပေး၍ ခေါ်ယူရန် စီစဉ်ထား ကြောင်း သိရပါတယ်။
ရီးရဲလ် မက်ဒရစ်အသင်းဟာ ပြင်သစ်ကြယ်ပွင့် ဘာပေကို အသင်းရဲ့ အနာဂတ် ကစားသမားအဖြစ် ရည်ရွယ်ထားခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ပိတ်သိမ်းခါနီးမှာ ပြောင်းရွေ့ကြေး ယူရိုသန်း ၂၀၀ အထိ အသုံးပြု၍ ခေါ်ယူရန် ကြိုးပမ်းခဲ့ပါတယ်။
သို့ပေမယ့် ပီအက်စ်ဂျီ အသင်းက ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကမ်းလှမ်းမှုများကို ပယ်ချခဲ့ပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ခြင်းမရှိပဲ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှသာ ကြိုတင်သဘောတူညီမှု ရယူနိုင်ရန် ကြိုးပမ်းရမည် ဖြစ်ပါတယ်။
ထိုအချိန်မှာ ပြိုင်ဘက် အသင်းများအတွက်လည်း အခွင့်အရေးဖြစ်နေပြီး ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့် ဘာပေကို အပြိုင်အဆိုင် ကြိုးပမ်းဖွယ်ရှိခြင်းကြောင့် ရီးရဲလ်အသင်းက မြင့်မားတဲ့ လက်မှတ်ထိုးကြေးပေး၍ ခေါ်ယူနိုင်ရန် ရည်ရွယ်နေကြောင်းလည်း Marca က ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့က ယူရိုသန်း ၂၀၀ ဖြင့်ပင် ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့ ကစားသမားကို ယူရိုသန်း ၈၀ ဖြင့် ခေါ်ယူနိုင်မယ် ဆိုရင် ရီးရဲလ်မက်ဒရစ် အသင်းအတွက် ကျေနပ်ဖွယ်ရာဖြစ်ကြောင်း Marca ကဖော်ပြခဲ့ပါတယ်။ ဘာပေဟာ အခြားအသင်းများထက် ရီးရဲလ်အသင်းထံ ပြောင်းရွှေ့ရန်သာ စိတ်အားထက်သန်နေသူ ဖြစ်ပါတယ်။
Zawgyi Version
ရီးရဲလ္မက္ဒရစ္ အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီအ ေျပာင္းအေ႐ႊ႕ကာလမွာ ပီအက္စ္ဂ်ီအသင္းမွ ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပကို ေခၚယူနိုင္ျခင္း မရွိခဲ့ေပမယ့္ လာမည့္ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ လက္မွတ္ထိုးေၾကး ယူရိုသန္း ၈၀ အထိေပး၍ ေခၚယူရန္ စီစဥ္ထား ေၾကာင္း သိရပါတယ္။
ရီးရဲလ္ မက္ဒရစ္အသင္းဟာ ျပင္သစ္ၾကယ္ပြင့္ ဘာေပကို အသင္းရဲ႕ အနာဂတ္ ကစားသမားအျဖစ္ ရည္႐ြယ္ထားျခင္းျဖစ္ၿပီး ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ ပိတ္သိမ္းခါနီးမွာ ေျပာင္းေ႐ြ႕ေၾကး ယူရိုသန္း ၂၀၀ အထိ အသုံးျပဳ၍ ေခၚယူရန္ ႀကိဳးပမ္းခဲ့ပါတယ္။
သို႔ေပမယ့္ ပီအက္စ္ဂ်ီ အသင္းက ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ ကမ္းလွမ္းမႈမ်ားကို ပယ္ခ်ခဲ့ၿပီး အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ျခင္းမရွိပဲ လာမည့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွသာ ႀကိဳတင္သေဘာတူညီမႈ ရယူနိုင္ရန္ ႀကိဳးပမ္းရမည္ ျဖစ္ပါတယ္။
ထိုအခ်ိန္မွာ ၿပိဳင္ဘက္ အသင္းမ်ားအတြက္လည္း အခြင့္အေရးျဖစ္ေနၿပီး ေျပာင္းေ႐ႊ႕ေၾကးအလြတ္ျဖင့္ ေခၚယူနိုင္မည့္ ဘာေပကို အၿပိဳင္အဆိုင္ ႀကိဳးပမ္းဖြယ္ရွိျခင္းေၾကာင့္ ရီးရဲလ္အသင္းက ျမင့္မားတဲ့ လက္မွတ္ထိုးေၾကးေပး၍ ေခၚယူနိုင္ရန္ ရည္႐ြယ္ေနေၾကာင္းလည္း Marca က ေဖာ္ျပခဲ့ပါတယ္။
ဒါ့အျပင္ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ြ႕က ယူရိုသန္း ၂၀၀ ျဖင့္ပင္ ေခၚယူနိုင္ျခင္း မရွိခဲ့တဲ့ ကစားသမားကို ယူရိုသန္း ၈၀ ျဖင့္ ေခၚယူနိုင္မယ္ ဆိုရင္ ရီးရဲလ္မက္ဒရစ္ အသင္းအတြက္ ေက်နပ္ဖြယ္ရာျဖစ္ေၾကာင္း Marca ကေဖာ္ျပခဲ့ပါတယ္။ ဘာေပဟာ အျခားအသင္းမ်ားထက္ ရီးရဲလ္အသင္းထံ ေျပာင္းေ႐ႊ႕ရန္သာ စိတ္အားထက္သန္ေနသူ ျဖစ္ပါတယ္။