Spots news

ဒီနေ့ညမှာ ကစားကြမယ့် ကာရာဘောင်ဖလား ဆီးမီးဖိုင်နယ်ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားကြမယ့် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင် ပရိတ်သတ်တွေ အနေနဲ့မဖြစ်မနေသိထားသင့်သောအချက် သုံးချက် “

ဒီနေ့ညမှာ ကစားကြမယ့် ကာရာဘောင်ဖလား ဆီးမီးဖိုင်နယ်ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားကြမယ့် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင် ပရိတ်သတ်တွေ မဖြစ်မနေ သိထားသင့်တဲ့ အချက်တွေကတော့

ဒီနေ့ည 2 နာရီ ခွဲ အချိန် တွင် ယှဉ်ပြိုင်မယ့် ကာရာ‌ဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ယူနိုက်တက် ကော မန်စီးတီး အသင်းကော အရန်ကစားသမားအင်အား ၉ ဦးအထိ ခေါ်ယူခွင့်ရှိတယ်လို့သိရပြီး လူစားလဲခွင့် ၅ ဦးအထိ ခွင့်ပြုထားကြောင်းသိရပါတယ်။ ဒါ့အပြင် ယခု ဆီမီးဖိုင်နယ် ပွဲစဉ်ဟာ အရင်နှစ်တေကလိုမျိုး နှစ်ကျော့ ယှဉ်ပြိုင်ရမည် မဟုတ်ဘဲ တစ်ကျော့ထဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး

အနိုင်အရှုံးမပေါ်ပဲ သရေရလဒ်ထွက်ပေါ်ပါက အချိန်ပို ဆက်လက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီးအချိန်ပိုမှာပါ ထပ်မံလို့ အနိုင်အရှုံး မပေါ်ပေါက်ခဲ့ပါက ပယ်နယ်တီ အဆုံးအဖြတ်ခံယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲတစ်လျောက် အသုံးမပြုခဲ့သောVAR စနစ်ကိုလည်း ယခု ဆီမီးဖိုင်နယ်မှစတင်ပြီးအသုံးပြုသွားမှာဖြစ်ကြောင်းသိရပါတယ်။

ဒုတိယတစ်ချက်ကတော့
ကိုဗစ် ရောဂါပိုးနဲ့ပါတ်သတ်ပြီး ထုတ်ပြန်ချက်အရ မန်စီးတီးအသင်းမှ Kyle Walker,Jesus, Garciaတို့ဟာ ကိုရိုနာ ရောဂါ Positive ဖြစ်နေသေးတာကြောင့် ပါဝင်ခွင့်ရမည်မဟုတ်ကြောင်းသိရပါသည်။

ထို့အပြင် ဂိုးသမား Ederson နဲ့ F.Torresတို့ဟာလည်း သီးခြား Isolated နေနေရခြင်း ကြောင့်လွဲချော်မည် ဖြစ်ကြောင်း သိရပါသည် နှစ်ဖက်အသင်းကစားသမားများ၏ ဒါဏ်ရာရ လူစာရင်းတွင် မန်စီးတီးအသင်း၌ Laporte နဲ့ Ake တို့ ရှိနပြီး မန်ချက်စတာယူနိုက်တက် ဘက်တွင်တော့ ဂျုံးတစ်ဦးသာ ဒါဏ်ရာ ရရှိပြီး ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ဖြစ်သူ ကာဗာနီကတော့ ပွဲပါယ်ပြစ်ဒါဏ်ကြောင့် လွဲချော်မှာ ဖြစ်ကြောင်းသိရပါတယ်။

ဒါ့အပြင် မန်ချကိစတာဒါဘီပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် Martin Atkinsonက ကိုင်တွယ်မည်ဖြစ်ပြီး စည်းကြပ်ဒိုင်များအဖြစ် Harry Lennard နဲ့ Nick Hopton တို့က တာဝန်ယူကိုင်တွယ်သွားကြမည်ဖြစ်သည်။

စတုတ္ထဒိုင် အဖြစ် David Coote ကတာဝန်ယူမည်ဖြစ်ပြီး VAR ဒိုင်လူကြီးအဖြစ် Jonathan Moss ကကိုင်တွယ်ကာ VAR Assist အဖြစ် Lee Betts က တာဝန်ယူမည်ဖြစ်ကြောင်း သိရပါတယ်။

နံပါတ်သုံး အချက် ကတော့
ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ဟာ လက်တလော တွင် ခြေစွမ်းကောင်းများ ပြသနေကြပြီး ယူနိုက်တက် အသင်းက နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင် တစ်ပွဲသရေ ရလဒ်ကို ရရှိကာ မန်စီးတီးအသင်းကလည်းနောက်ဆုံး ၅ ပွဲမှာ ၅ ပွဲနိုင် တစ်ပွဲသရေ ရလဒ်ကို ပိုင်တိုင်ထားပါတယ်။

ဒါ့အပြင် နှစ်သင်းနောက်ဆုံးတွေ့ကြုံမှု ၅ ကြိမ်မှာ ယူနိုက်တက် အသင်းက ၃ ကြိမ်အနိုင်ရပြီး တစ်ကြိမ်သရေရကာ စီးတီးအသင်းက တစ်ကြိမ် အနိုင်ရရှိထားကြောင်း သိရပါသည်။

ကာရာဘောင်းဖလားနောက်ဆုံးတွေ့ဆုံမှု မှာလည်း ပြီးခဲ့တဲ့ နှစ်ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်ပြီး ယူနိုက်တက်က တစ်ကြိမ်၊ စီးတီးက တစ်ကြိမ်စီအနိုင်ရရှိခဲ့ကြပေမယ့် အဝေးဂိုးစည်းမျဉ်းကြောင့် ယူနိုက်တက်အသင်းပြိုင်ပွဲမှ ထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။