Unicode Version
ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်လာမယ့်သူလို့ ထင်ကြေေးပးခံနေရတဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းဟာ နော်ဝေအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်တိုက်ခြေစွမ်းပြနေပါတယ်။ မနေ့ညက ကစားခဲ့တဲ့
ဂျီဘရော်တာနဲ့ပွဲမှာလည်း ဟာလန်းက ဟက်ထရစ်သွင်းယူခဲ့ပြီး လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးဟက်ထရစ်ကို ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ RMC Sport က ဖော်ပြခဲ့ပါတယ်။
နော်ဝေကတစ်ဖက်သတ်ဖိကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှုပေါင်း ၄၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကာ ၅-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဟာလန်းက အကောင်းဆုံးခြေစွမ်းပြခဲ့တာဖြစ်ပေမယ့်
အံ့အားသင့်စရာလွဲချော်မှုကိုတော့ သူ ရင်ဆိုင်ခဲ့ရပါသေးတယ်။ လက်ရှိမှာတော့ ဘောလုံးရာသီသစ်စတင်ချိန်ကစပြီး ဟာလန်းက ပြိုင်ပွဲစုံသွင်းဂိုး ၈ ဂိုးအထိ ကလပ်နဲ့နိုင်ငံအတွက် သွင်းယူထားပြီးဖြစ်ပါတယ်။
ပွဲချိန်အတွင်း ဟာလန်းဟာ ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ကို ၂ မီတာအကွာကနေ ကန်သွင်းရာမှာ အံ့အားသင့်ဖွယ်လွဲချော်ခဲ့ပါတယ်။ အဆိုပါကန်သွင်းချက်သာ ဂိုးဝင်ခဲ့မယ်ဆိုရင် တစ်ပွဲတည်း ၄ ဂိုးအထိ သွင်းယူနိုင်မှာဖြစ်ပေမယ့်
မယုံနိုင်စရာကောင်းအောင် လွဲချော်ခဲ့ပါတယ်။ ဟာလန်းအတွက် နိုင်ငံသွင်းဂိုးကတော့ ၈ ပွဲကစားပြီးချိန်မှာ ၁၂ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့နှစ်အတွင်း ရရှိခဲ့တဲ့ ၆ ဂိုးကို လိုက်မီခဲ့ပြီလည်းဖြစ်ပါတယ်။
ဒေါ့မွန်အတွက်လည်း ပြိုင်ပွဲစုံ ၅ ပွဲမှာ ၆ ဂိုးအထိ သွင်းယူပေးထားပြီး ခြေစွမ်းပြနေတဲ့ နော်ဝေတိုက်စစ်မှူးကို အလိုရှိနေတဲ့ အသင်းတွေအတွက်တော့ ပိုပြီးစိတ်ဝင်စားစရာကောင်းလာခဲ့ပြီဖြစ်ပါတယ်။ ဒေါ့မွန်ကတော့ သူတို့ရဲ့တိုက်စစ်မှူးကို
ဒီရာသီမှာ ရောင်းချသွားမှာမဟုတ်ဘူးလို့ ပြောဆိုထားပေမယ့် လာမယ့်နှစ်မှာ ကစားသမားရဲ့ တန်ဖိုးက စာချုပ်ပါသဘောတူညီမှုအရ လျော့ကျတော့မှာဖြစ်ပြီး အပြိုင်အဆိုင်ကမ်းလှမ်းမှုတွေ မြင်တွေ့ရဖွယ်ရှိနေပြီဖြစ်ပါတယ်။
Zawgyi Version
ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးျဖစ္လာမယ့္သူလို႔ ထင္ေၾကေးပးခံေနရတဲ့ ေဒါ့မြန္တိုက္စစ္မႉးဟာလန္းဟာ ေနာ္ေဝအတြက္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဆက္တိုက္ေျခစြမ္းျပေနပါတယ္။ မေန႕ညက ကစားခဲ့တဲ့
ဂ်ီဘေရာ္တာနဲ႕ပြဲမွာလည္း ဟာလန္းက ဟက္ထရစ္သြင္းယူခဲ့ၿပီး လက္ေ႐ြးစင္အသင္းႀကီးအတြက္ ပထမဆုံးဟက္ထရစ္ကို ရယူနိုင္ခဲ့ၿပီျဖစ္တယ္လို႔ RMC Sport က ေဖာ္ျပခဲ့ပါတယ္။
ေနာ္ေဝကတစ္ဖက္သတ္ဖိကစားနိုင္ခဲ့ၿပီး ဂိုးကန္သြင္းမႈေပါင္း ၄၃ ႀကိမ္အထိ ျပဳလုပ္နိုင္ခဲ့ကာ ၅-၁ နဲ႕ အနိုင္ရရွိခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ ဟာလန္းက အေကာင္းဆုံးေျခစြမ္းျပခဲ့တာျဖစ္ေပမယ့္
အံ့အားသင့္စရာလြဲေခ်ာ္မႈကိုေတာ့ သူ ရင္ဆိုင္ခဲ့ရပါေသးတယ္။ လက္ရွိမွာေတာ့ ေဘာလုံးရာသီသစ္စတင္ခ်ိန္ကစၿပီး ဟာလန္းက ၿပိဳင္ပြဲစုံသြင္းဂိုး ၈ ဂိုးအထိ ကလပ္နဲ႕နိုင္ငံအတြက္ သြင္းယူထားၿပီးျဖစ္ပါတယ္။
ပြဲခ်ိန္အတြင္း ဟာလန္းဟာ ဂိုးသမားမရွိေတာ့တဲ့ ဂိုးေပါက္ကို ၂ မီတာအကြာကေန ကန္သြင္းရာမွာ အံ့အားသင့္ဖြယ္လြဲေခ်ာ္ခဲ့ပါတယ္။ အဆိုပါကန္သြင္းခ်က္သာ ဂိုးဝင္ခဲ့မယ္ဆိုရင္ တစ္ပြဲတည္း ၄ ဂိုးအထိ သြင္းယူနိုင္မွာျဖစ္ေပမယ့္
မယုံနိုင္စရာေကာင္းေအာင္ လြဲေခ်ာ္ခဲ့ပါတယ္။ ဟာလန္းအတြက္ နိုင္ငံသြင္းဂိုးကေတာ့ ၈ ပြဲကစားၿပီးခ်ိန္မွာ ၁၂ ဂိုးအထိ ရွိသြားခဲ့ၿပီျဖစ္ကာ ၿပီးခဲ့တဲ့ႏွစ္အတြင္း ရရွိခဲ့တဲ့ ၆ ဂိုးကို လိုက္မီခဲ့ၿပီလည္းျဖစ္ပါတယ္။
ေဒါ့မြန္အတြက္လည္း ၿပိဳင္ပြဲစုံ ၅ ပြဲမွာ ၆ ဂိုးအထိ သြင္းယူေပးထားၿပီး ေျခစြမ္းျပေနတဲ့ ေနာ္ေဝတိုက္စစ္မႉးကို အလိုရွိေနတဲ့ အသင္းေတြအတြက္ေတာ့ ပိုၿပီးစိတ္ဝင္စားစရာေကာင္းလာခဲ့ၿပီျဖစ္ပါတယ္။ ေဒါ့မြန္ကေတာ့ သူတို႔ရဲ႕တိုက္စစ္မႉးကို
ဒီရာသီမွာ ေရာင္းခ်သြားမွာမဟုတ္ဘူးလို႔ ေျပာဆိုထားေပမယ့္ လာမယ့္ႏွစ္မွာ ကစားသမားရဲ႕ တန္ဖိုးက စာခ်ဳပ္ပါသေဘာတူညီမႈအရ ေလ်ာ့က်ေတာ့မွာျဖစ္ၿပီး အၿပိဳင္အဆိုင္ကမ္းလွမ္းမႈေတြ ျမင္ေတြ႕ရဖြယ္ရွိေနၿပီျဖစ္ပါတယ္။