Spots news

မန်ယူနိုက်တက်မှာလဲ ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေ မြင်ရဦးမှာပဲ ဆိုတဲ့ ဂါရတ်ဘေးလ်

Unicode Version

ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်း ဂါရတ်ဘေးလ်ကတော့ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွေ့ ကစား‌‌မယ့် အသင်းဖော်ဟောင်း ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းတွေ ဆက်လက်ပြသနေဦးမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ် ။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်ကနေ အသင်းဟောင်း ယူနိုက်တက်ကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပေါ်တူဂီအသင်းဆီကနေ စောစေစီးစွာ ကလပ်အသင်းနဲ့ ပူးပေါင်းခဲ့တဲ့ ရော်နယ်ဒိုဟာ ကွာရန်တင်း ၅ ရက်ပြည့်သွားပြီ ဖြစ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ လေ့ကျင့်ရေးများ စတင်နေပြီ ဖြစ်သလို စက်တင်ဘာ ၁၁ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် နယူးကာဆယ်နဲ့ ပွဲစဉ်မှာလဲ ပါဝင်လာဖွယ်ရာ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ကစားစဉ်က အတွဲညီခဲ့တဲ့  အသင်းဖော်ဟောင်း ဘေးလ်ကတော့ ရော်နယ်ဒိုဟာ ပရီးမီးယးလိဂ်မှာ တောက်ပဦးမယ်လို့ ချီးကျူးခဲ့ပါတယ်။ “သူတောက်ပလာဦးမယ်ဆိုတာ ကျွန်တော်တပ်အပ်ပြောကြားနိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာကစားခဲ့ဖူးတာကြောင့် ဒီလိဂ်အကြောင်း သူသိပြီးသားပါ”လို့  ဘေးလ်က ပြောကြားခဲ့ပါတယ်။

ဘေးလ်ဟာ မနက်ဖြန်မှာကစားမယ့် အက်စ်တိုးနီးယားနဲ့ ပွဲအတွက် ဝေးလ်အသင်းနဲ့အတူ လေ့ကျင့်နေတာ ဖြစ်ပါတယ်။  ရော်နယ်ဒိုဟာ မက်ဒရစ်ကို မပြောင်းခင်မှာ ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ် သုံးကြိမ်အထိ ရယူခဲ့ပြီး ဂျူဗင်ကိုမပြောင်းခင် မက်ဒရစ်မှာ ၉ ရာသီကြာဖြတ်သန်းခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်အထိ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ ရော်နယ်ဒိုဟာ ရီးရဲလ်အတွက် ၄၅၀ ပွဲမှာ ၅၅၁ ဂိုးအထိသွင်းယူနိုင်ခဲ့ကာ ဂျူဗင်အတွက်တော့ ၁၀၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘော်လွန်းဒီအော်ဆုကိုတော့ ၂၀၀၈ ၊ ၂၀၁၃ ၊ ၂၀၁၄ ၊ ၂၀၁၆ နဲ့ ၂၀၁၇ တို့မှာရရှိခဲ့ပါတယ်။

Zawgyi Version




