Spots news

မက်ဆီကိုခေါ်နိုင်ယုံနဲ့ ချန်ပီယံလိဂ်မရဘူးလို့ ပီအက်စ်ဂျီကို ရော်နယ်ဒိုသတိပေး

Unicode Version

နာမည်ကျော် ဂန္တဝင် တိုက်စစ်မှူးကြီး တဦး ဖြစ်သူ ဘရာဇီးလ် တိုက်စစ်မှူးဟောင်း ရော်နယ်ဒို (ဒိုကြီး) ကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ မက်ဆီ ၊ ရာမို့စ် ၊ ဒွန်နာရမ်မာ ၊ ဟာခီမီ ၊ ဝစ်နယ်ဒန်တို့လို

ထိပ်တန်း ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားတဲ့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်လိမ့်မယ်လို့ တရားသေ မတွက်ထားသင့်ကြောင်း သတိပေးသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မက်ဆီ ၊ နေမာ ၊ အမ်ဘာပေ ၊ ဒီမာရီယာ ၊ ဗာရက်တီ ၊ မာကွင်ဟို ၊ ရာမို့စ် ၊ ဟာခီမီ ၊ ဒွန်နာရမ်မာ ၊ နာဗက် စတဲ့ ကောင်းပေ့ညွှန်းပေ့ ကမ္ဘာ့အဆင့် ကစားသမားတွေကို ပိုင်ဆိုင်ထားသလို ပိုချက်တီနိုလို ထိပ်တန်းနည်းပြ ရှိနေတာကြောင့် ဥရောပ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေပါတယ်။

ဒါပေမယ့် တချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သူ ရော်နယ်ဒိုကတော့ ထိပ်တန်းအဆင့် ကစားသမား အစုအဖွဲ့ ရှိရုံနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ပြီလို့ မယူဆသင့်ကြောင်းကို သူ့ရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ကာ သတိပေးသွားခဲ့ပါတယ်။

ဘာစီလိုနာ ၊ အင်တာမီလန် ၊ အေစီမီလန်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့လို ထိပ်တန်းအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ရော်နယ်ဒိုဟာ ၂၀၀၂ခုနှစ် ကနေ ၂၀၀၇ခုနှစ်ကြား ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်စင်စု

စီမံကိန်းထဲမှာ ပါဝင်ခဲ့သူ ဖြစ်ပြီး အဆိုပါအချိန်တုန်းက ရီးရဲလ်မက်ဒရစ် အသင်းဟာ ရော်နယ်ဒို ၊ ဖီဂို ၊ ဇီဒန်း ၊ ဘက်ခမ်း ၊ ရာအူးလ် ၊ ရော်ဘတ်တို ကားလို့စ် ၊ ကာဆီးလက်စ် စတဲ့ ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားတော့ မရခဲ့ပါဘူး။

ရော်နယ်ဒိုက “ဘယ်အသင်းက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မလဲ ဆိုတာက ပြောဖို့ စောလွန်းပါသေးတယ်။ အဲ့ဒါမျိုးက ကွာတားဖိုင်နယ်အဆင့်ကို ရောက်မှပဲ မှန်းဆလို့ ရနိုင်မှာပါ။ ပီအက်စ်ဂျီ ကတော့ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့် အပြောနဲ့ လက်တွေ့ကတော့ ခြားနားတယ်လေ။

ဘောလုံးပွဲတပွဲကို လွှမ်းမိုးနိုင်တဲ့ အခြား အကြောင်းပြချက်တွေလည်း အများကြီး ရှိပါသေးတယ်။ ကျွန်တော်က ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်စင်စုအသင်းမှာ ၅နှစ်နီးပါး ကစားခဲ့ပေမယ့် ချန်ပီယံလိဂ်တော့ မရခဲ့ပါဘူး။

ဘောလုံးပွဲတပွဲ နိုင်ဖို့ ဆိုတာက ဘယ်တော့မှ သင်္ချာလိုမျိုး တွက်ကြည့်လို့ မရဘူး။ တကယ်လို့ ခင်ဗျားအသင်းမှာ အကောင်းတကာ့ အကောင်းဆုံး ကစားသမားတွေကို ပိုင်ဆိုင်ထားရင်တောင်ပေါ့” လို့ ပြောကြားခဲ့တာပါ။

Zawgyi Version

နာမည္ေက်ာ္ ဂႏၲဝင္ တိုက္စစ္မႉးႀကီး တဦး ျဖစ္သူ ဘရာဇီးလ္ တိုက္စစ္မႉးေဟာင္း ေရာ္နယ္ဒို (ဒိုႀကီး) ကေတာ့ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ မက္ဆီ ၊ ရာမို႔စ္ ၊ ဒြန္နာရမ္မာ ၊ ဟာခီမီ ၊ ဝစ္နယ္ဒန္တို႔လို

ထိပ္တန္း ကစားသမားေတြကို ေခၚယူအားျဖည့္ထားတဲ့ ျပင္သစ္ အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္ ဆုဖလားကို ရယူနိုင္လိမ့္မယ္လို႔ တရားေသ မတြက္ထားသင့္ေၾကာင္း သတိေပးသြားခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီ ၊ ေနမာ ၊ အမ္ဘာေပ ၊ ဒီမာရီယာ ၊ ဗာရက္တီ ၊ မာကြင္ဟို ၊ ရာမို႔စ္ ၊ ဟာခီမီ ၊ ဒြန္နာရမ္မာ ၊ နာဗက္ စတဲ့ ေကာင္းေပ့ၫႊန္းေပ့ ကမာၻ႔အဆင့္ ကစားသမားေတြကို ပိုင္ဆိုင္ထားသလို ပိုခ်က္တီနိုလို ထိပ္တန္းနည္းျပ ရွိေနတာေၾကာင့္ ဥေရာပ ခ်န္ပီယံလိဂ္ဖလားကို ရယူနိုင္ဖို႔ ေရပန္းအစားဆုံး အသင္း ျဖစ္ေနပါတယ္။

ဒါေပမယ့္ တခ်ိန္က ကမာၻ႔အေကာင္းဆုံး ကစားသမား ျဖစ္ခဲ့သူ ေရာ္နယ္ဒိုကေတာ့ ထိပ္တန္းအဆင့္ ကစားသမား အစုအဖြဲ႕ ရွိ႐ုံနဲ႕ ခ်န္ပီယံလိဂ္ဖလားကို ရယူနိုင္ၿပီလို႔ မယူဆသင့္ေၾကာင္းကို သူ႕ရဲ႕ အေတြ႕အႀကဳံနဲ႕ ႏွိုင္းယွဥ္ကာ သတိေပးသြားခဲ့ပါတယ္။

ဘာစီလိုနာ ၊ အင္တာမီလန္ ၊ ေအစီမီလန္နဲ႕ ရီးရဲလ္မက္ဒရစ္အသင္းတို႔လို ထိပ္တန္းအသင္းေတြမွာ ကစားခဲ့ဖူးတဲ့ ေရာ္နယ္ဒိုဟာ ၂၀၀၂ခုႏွစ္ ကေန ၂၀၀၇ခုႏွစ္ၾကား ရီးရဲလ္မက္ဒရစ္အသင္းမွာ ကစားခဲ့စဥ္က ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ၾကယ္စင္စု

စီမံကိန္းထဲမွာ ပါဝင္ခဲ့သူ ျဖစ္ၿပီး အဆိုပါအခ်ိန္တုန္းက ရီးရဲလ္မက္ဒရစ္ အသင္းဟာ ေရာ္နယ္ဒို ၊ ဖီဂို ၊ ဇီဒန္း ၊ ဘက္ခမ္း ၊ ရာအူးလ္ ၊ ေရာ္ဘတ္တို ကားလို႔စ္ ၊ ကာဆီးလက္စ္ စတဲ့ ထိပ္တန္း ကစားသမားေတြကို ပိုင္ဆိုင္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဖလားေတာ့ မရခဲ့ပါဘူး။

ေရာ္နယ္ဒိုက “ဘယ္အသင္းက ခ်န္ပီယံလိဂ္ဖလားကို ရယူနိုင္မလဲ ဆိုတာက ေျပာဖို႔ ေစာလြန္းပါေသးတယ္။ အဲ့ဒါမ်ိဳးက ကြာတားဖိုင္နယ္အဆင့္ကို ေရာက္မွပဲ မွန္းဆလို႔ ရနိုင္မွာပါ။ ပီအက္စ္ဂ်ီ ကေတာ့ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံး ျဖစ္ေနပါတယ္။ ဒါေပမယ့္ အေျပာနဲ႕ လက္ေတြ႕ကေတာ့ ျခားနားတယ္ေလ။

ေဘာလုံးပြဲတပြဲကို လႊမ္းမိုးနိုင္တဲ့ အျခား အေၾကာင္းျပခ်က္ေတြလည္း အမ်ားႀကီး ရွိပါေသးတယ္။ ကြၽန္ေတာ္က ရီးရဲလ္မက္ဒရစ္ရဲ႕ ၾကယ္စင္စုအသင္းမွာ ၅ႏွစ္နီးပါး ကစားခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ေတာ့ မရခဲ့ပါဘူး။

ေဘာလုံးပြဲတပြဲ နိုင္ဖို႔ ဆိုတာက ဘယ္ေတာ့မွ သခၤ်ာလိုမ်ိဳး တြက္ၾကည့္လို႔ မရဘူး။ တကယ္လို႔ ခင္ဗ်ားအသင္းမွာ အေကာင္းတကာ့ အေကာင္းဆုံး ကစားသမားေတြကို ပိုင္ဆိုင္ထားရင္ေတာင္ေပါ့” လို႔ ေျပာၾကားခဲ့တာပါ။