Spots news

၂၀၂ဝ ကမ္ဘာ့ဖလားအပြီးမှာ ချယ်လ်ဆီးက ထွက်ခွာဖို့ ပြင်ဆင်ထားတဲ့ ဂျော်ဂျင်ဟို

Unicode Version

ဥရောပ ချန်ပီယံလိဂ် ဆုဖလားပိုင်ရှင် ချယ်လ်ဆီးအသင်းရဲ့ အီတလီ လက်ရွေးစင်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီး မိခင်နိုင်ငံဖြစ်တဲ့ အီတလီ စီးရီးအေ မှာသာ ပြန်လည် ကစားရန် ဆန္ဒရှိ နေကြောင်း သိရပါတယ်။

အီတလီအသင်းနဲ့အတူ ယူရိုဆုဖလား အရယူထားနိုင်တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ချယ်လ်ဆီးအသင်းနှင့်အတူ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလများ တွင်လည်း အီတလီ စီးရီးအေသို့ ပြန်ရောက်နိုင်ကြောင်း သတင်းထွက်ခဲ့သူ ဖြစ်ပါတယ်။

သို့‌ ပေမယ့် ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်ဖြစ်သူက “သူ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ် ရှိနေပါ‌ ‌သေးတယ်။ သူ့မှာ အီတလီမှာ ပြန်ကစားဖို့ စိတ်ကူးလည်း ရှိနေပါတယ်။အသေချာဆုံး မျှော်လင့်ထားတာကတော့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူဖို့ သူအလိုရှိနေပါတယ် “ဟု ပြောကြားခဲ့ပါတယ်

အသက် ၂၉ နှစ်အရွယ် ရှိ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချယ်လ်ဆီးအသင်းနှင့် ချန်ပီယံလိဂ်ဖလား ရရှိခဲ့သလို၊ အီတလီလက်ရွေးစင်အသင်းနှင့်လည်း ယူရို-၂၀၂၀ ချန်ပီယံဆုကိုလဲ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဂျော်ဂျင်ဟိုဟာ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)မှ ချီးမြှင့်တဲ့ ၂၀၂၀-၂၁ ရာသီအတွက် အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ ပါသေးတယ်။ လက်ရှိမှာ ဂျော်ဂျင်ဟိုကို အီတလီထိပ်သီး ဂျူဗင်တပ်အသင်းက ခေါ်ယူလိုနေကြောင်လည်း သိရပါတယ်။

Zawgyi Version

ဥေရာပ ခ်န္ပီယံလိဂ္ ဆုဖလားပိုင္ရွင္ ခ်ယ္လ္ဆီးအသင္းရဲ႕ အီတလီ လက္ေ႐ြးစင္ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟိုဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ ခ်ယ္လ္ဆီးအသင္းကေန ထြက္ခြာၿပီး မိခင္နိုင္ငံျဖစ္တဲ့ အီတလီ စီးရီးေအ မွာသာ ျပန္လည္ ကစားရန္ ဆႏၵရွိေနေၾကာင္း သိရပါတယ္။

အီတလီအသင္းနဲ႕အတူ ယူရိုဆုဖလား အရယူထားနိုင္တဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုဟာ ခ်ယ္လ္ဆီးအသင္းႏွင့္အတူ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ၿပီး ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ ကာလမ်ား တြင္လည္း အီတလီ စီးရီးေအသို႔ ျပန္ေရာက္နိုင္ေၾကာင္း သတင္းထြက္ခဲ့သူ ျဖစ္ပါတယ္။

သို႔‌ ေပမယ့္ ေဂ်ာ္ဂ်င္ဟိုရဲ႕ ေအးဂ်င့္ျဖစ္သူက “သူ ခ်ယ္လ္ဆီးအသင္းနဲ႕ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ ရွိေနပါ‌ ‌ေသးတယ္။ သူ႕မွာ အီတလီမွာ ျပန္ကစားဖို႔ စိတ္ကူးလည္း ရွိေနပါတယ္။အေသခ်ာဆုံး ေမွ်ာ္လင့္ထားတာကေတာ့ ကမာၻ႔ဖလားခ်န္ပီယံဆုကို ရယူဖို႔ သူအလိုရွိေနပါတယ္ “ဟု ေျပာၾကားခဲ့ပါတယ္

အသက္ ၂၉ ႏွစ္အ႐ြယ္ ရွိ ေဂ်ာ္ဂ်င္ဟိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ခ်ယ္လ္ဆီးအသင္းႏွင့္ ခ်န္ပီယံလိဂ္ဖလား ရရွိခဲ့သလို၊ အီတလီလက္ေ႐ြးစင္အသင္းႏွင့္လည္း ယူရို-၂၀၂၀ ခ်န္ပီယံဆုကိုလဲ ရရွိခဲ့ပါတယ္။

ဒါ့အျပင္ ေဂ်ာ္ဂ်င္ဟိုဟာ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(UEFA)မွ ခ်ီးျမႇင့္တဲ့ ၂၀၂၀-၂၁ ရာသီအတြက္ အေကာင္းဆုံး ကစားသမားဆုကိုလည္း ဆြတ္ခူးနိုင္ခဲ့ ပါေသးတယ္။ လက္ရွိမွာ ေဂ်ာ္ဂ်င္ဟိုကို အီတလီထိပ္သီး ဂ်ဴဗင္တပ္အသင္းက ေခၚယူလိုေနေၾကာင္လည္း သိရပါတယ္။