Unicode Version
ဘာစီလိုနာအသင်းရဲ့ ဝါရင့် နောက်ခံလူ ဂျာရတ်ပီကေးဟာ မကြာတော့တဲ့ အချိနိကာလအတွင်း ကစားသမားဘဝက အနားယူသွားဖို့ ဆုံးဖြတ်ထားပြီး
ဘာစီလိုနာ အသင်းမှာပဲ အနားယူသွားမှာ ဖြစ်ကာ ၂၀၂၁-၂၂ ရာသီဟာ သူ့အတွက် ကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
အသက်၃၄နှစ်အရွယ် ရှိပြီဖြစ်တဲ့ စပိန်ဝါရင့် နောက်ခံလူဟာ ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုတွေနဲ့ အနားယူလို နေတာပါ။ ပီကေးဟာ
လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သလို ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် မှာလည်း ၄နှစ်ကြာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။
၂၀၀၈ခုနှစ်မှာ ဘာစီလိုနာအသင်းသို့ ပြန်လည် ရောက်လာကာ ဘာစီလိုနာ အတွက် ပွဲပေါင်း ၅၆၈ ပွဲအထိ အဓိက နောက်ခံလူ အဖြစ် ခြေစွမ်းပြ
ကစားပေးထားပြီး လက်ရှိမှာလဲ အသင်းရဲ့ ဘဏ္ဍာရေး ပြသနာတွေကို လစာလျော့ယူပေးကာ တစ်ဖက်တစ်လမ်းကနေ ကူညီထားတဲ့ သူလဲဖြစ်ပါတယ်။
ပီကေးက “ဘာကာမှာ ကျွန်တော် အနားယူသွားမှာပါ။ ဒီနှစ်က နောက်ဆုံးနှစ် ဖြစ်နိုင်ပါတယ် ရက်စ် ကျွန်တော် တစ်နှစ်ပြီးတစ်နှစ် ကစားနေပါတယ်။
ဒါကြောင့် လာမယ့်နှစ်မှာ ဆက်ရှိမလားဆိုတာ အာမ မခံနိုင်ပါဘူး ဘာကာကို ကျွန်တော် မကူညီနိုင်တော့ဘူးလို့ ယူဆတဲ့အချိန် အနားယူသွားပါမယ်” ဟု ဆိုခဲ့ပါတယ်။
ပီကေးဟာ ဘာစီလိုနာ အသင်းနဲ့ အတူ လာလီဂါဖလား ၈ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၃ကြိမ် အထိရရှိထားပြီး စပိန်လက်ရွေးစင် အသင်းနဲ့အတူ ၁၀၂ပွဲ ကစားကာ ယူရို၊ ကမ္ဘာ့ဖလားတွေကို ရယူထားနိုင်သူ ဖြစ်ပါတယ်။
Zawgyi Version
ဘာစီလိုနာအသင္းရဲ႕ ဝါရင့္ အဓိက ေနာက္ခံလူ ဂ်ာရတ္ပီေကးဟာ မၾကာေတာ့တဲ့ အခ်ိနိကာလအတြင္း ကစားသမားဘဝက အနားယူသြားဖို႔
ဆုံးျဖတ္ထားၿပီး ဘာစီလိုနာ အသင္းမွာပဲ အနားယူသြားမွာ ျဖစ္ကာ ၂၀၂၁-၂၂ ရာသီဟာ သူ႕အတြက္ ကစားသမားဘဝ ေနာက္ဆုံးရာသီ ျဖစ္သြားနိုင္တယ္လို႔ ဆိုပါတယ္။
အသက္၃၄ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ စပိန္ဝါရင့္ ေနာက္ခံလူဟာ ဘာစီလိုနာအသင္းနဲ႕အတူ ေအာင္ျမင္မႈေတြနဲ႕ အနားယူလိုေနတာပါ။ ပီေကးဟာ
လာမာစီယာအကယ္ဒမီကေန ထြက္ေပၚလာခဲ့သလို ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာ ယူနိုက္တက္ မွာလည္း ၄ႏွစ္ၾကာ ကစားခဲ့ဖူးသူ ျဖစ္ပါတယ္။
၂၀၀၈ခုႏွစ္မွာ ဘာစီလိုနာအသင္းသို႔ ျပန္လည္ေရာက္လာကာ ဘာစီလိုနာအတြက္ ပြဲေပါင္း ၅၆၈ပြဲအထိ အဓိက ေနာက္ခံလူ အျဖစ္ ေျခစြမ္းျပကစားေပးထားၿပီး
လက္ရွိမွာလဲ အသင္းရဲ႕ ဘ႑ာေရး ျပသနာေတြကို လစာေလ်ာ့ယူေပးကာ တစ္ဖက္တစ္လမ္းကေန ကူညီထားတဲ့ သူလဲျဖစ္ပါတယ္။
ပီေကးက “ဘာကာမွာ ကြၽန္ေတာ္ အနားယူသြားမွာပါ။ ဒီႏွစ္က ေနာက္ဆုံးႏွစ္ ျဖစ္နိုင္ပါတယ္ ရက္စ္ ကြၽန္ေတာ္ တစ္ႏွစ္ၿပီးတစ္ႏွစ္ ကစားေနပါတယ္။
ဒါေၾကာင့္ လာမယ့္ႏွစ္မွာ ဆက္ရွိမလားဆိုတာ အာမ မခံနိုင္ပါဘူး ဘာကာကို ကြၽန္ေတာ္ မကူညီနိုင္ေတာ့ဘူးလို႔ ယူဆတဲ့အခ်ိန္ အနားယူသြားပါမယ္” ဟု ဆိုခဲ့ပါတယ္။
ပီေကးဟာ ဘာစီလိုနာအသင္းနဲ႕ အတူ လာလီဂါဖလား ၈ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၃ႀကိမ္ အထိရရွိထားၿပီး စပိန္လက္ေ႐ြးစင္ အသင္းနဲ႕အတူ ၁၀၂ပြဲ ကစားကာ ယူရို၊ ကမာၻ႔ဖလားေတြကို ရယူထားနိုင္သူ ျဖစ္ပါတယ္။