Spots news

ဘရာဇီး နဲ့ ကလပ်အကြား ဗြာများသွားခဲ့ရတဲ့ ကစားသမားများ

Unicode Version

ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဟာ ယခု နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ် အတွင်း ကိုဗစ်ကို အကြောင်းပြကာ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းဖို့ ငြင်းဆန်ခဲ့တဲ့ ပရီးမီးယားလိဂ်

ကစားသမားတွေကို ပွဲပယ်ပြစ်ဒဏ် ချပေးဖို့ တောင်းဆိုခဲ့ရာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က တောင်းဆိုမှုကို လက်ခံခဲ့ကြောင်း သိရပါတယ်။

FIFAဟာ ပရီးမီးယားလိဂ်ရဲ့ ဘရာဇီးလ် လက်ရွေးစင် ကစားသမားတွေ ဖြစ်တဲ့ ဖာဘင်ဟို ၊ ဖာမီနို ၊ အယ်လီဆန်(လီဗာပူး) ၊ သီယာဂို ဆေးလ်ဗား(ချယ်လ်ဆီး) ၊ အီဒါဆန် ၊ ဂျေဇူး (မန်စီးတီး) ၊ ဖရက်ဒ် (မန်ယူ) ၊ ရာဖင်ညာ (လိဒ်) စတဲ့

ကစားသမားတွေကို ၅ရက် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် ဒီကစားသမား ၈ဦးစလုံးဟာ ယခုတပတ်မှာ ကစားကြမယ့် သက်ဆိုင်ရာ ကလပ်တွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်သွားမှာပဲ ဖြစ်ပါတယ်။

အဲဗာတန်အသင်းရဲ့ ကစားသမား ဖြစ်သူ ရစ်ချာလီဆင်ကလည်း ဘရာဇီးလ်အသင်းနဲ့ ပူးပေါင်းဖို့ ငြင်းဆန်ခဲ့ပေမယ့် ရစ်ချာလီဆင်ဟာ ဘရာဇီးလ်အသင်း အတွက် အိုလံပစ်ပြိုင်ပွဲ ကစားပေးခဲ့တာကြောင့် ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဟာ ရစ်ချာလီဆန်ကို သက်ညှာပေးခဲ့ကြောင်းလည်း သိရှိရပါတယ်။

Zawgyi Version



