Spots news

ချဲလ်ဆီးကွင်းလယ်မှာ မတူကွဲပြားတဲ့ပုံစံကို မြင်တွေ့ရမယ် ဆိုတဲ့ ဆာအူလ်

Unicode Version

ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမားသစ် ဆာအူလ်က က ပရီးမီးယားလိဂ်မှာ တိုးတက်လာပြီး အသွင်သစ်ဖြင့် သူ့ရဲ့ခြေစွမ်းကို မြင်တွေ့ရမည်ဟု ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ စပိန်လက်ရွေးစင် ကွင်းလယ်လူ ဆာအူလ်ဟာ အပြောင်းအရွှေ့ရဲ့ ‌နောက်ဆုံးနေ့မှာ အက်သလက်တီကိုမက်ဒရစ်မှ ချဲလ်ဆီးသို့ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

ဆာအူလ်ဟာ ချဲလ်ဆီးအသင်း ကွင်းလယ်မှာ ကန်တေ၊ ဂျော်ဂျင်ဟို၊ ကိုဗာဆစ်တို့နှင့်အပြိုင် နေရာရရှိရေး ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။အပြိုင်အဆိုင် ကြိုးစားရမှာ ဖြစ်ပေမယ့် စတန်းဖို့ဘရစ်ချ်မှာ နေရာတစ်နေရာ အခိုင်အမာရမည်ဟု ယုံကြည်ကြောင်း ဆာအူလ်နီဂက်စ်က ပြောဆိုထားပါတယ်။

“ချဲလ်ဆီးမှာရှိနေတဲ့ ကွင်းလယ်ကစားသမား သုံးယောက်စလုံးက အဆင့်သိပ်မြင့်ပါတယ်။ သူတို့နဲ့ ယှဉ်ပြိုင်ဖို့က ခက်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် စိတ်နှစ်မြှုပ်ပြီး ကြိုးစားရင် နေရာရနိုင်မယ်လို့ ယူဆပါတယ်။ ကျွန်တော့်ရဲ့ အကြိုက်ဆုံးနေရာမှာ

ကစားခွင့်ရဖို့ ချဲလ်ဆီးက ကတိပေးထားပါတယ်။ ဒီကိစ္စက ကျွန်တော့်ရဲ့ အသင်းပြောင်းရွှေ့ရေးမှာ အဓိကကျတဲ့အချက် ဖြစ်ပါတယ်။ အသင်းပြောင်းလာပြီးတဲ့နောက် ပိုကောင်းတဲ့ခြေစွမ်းနဲ့ နီဂက်စ်ကို မြင်တွေ့ရမှာပါ”ဟု ဆာအူလ်က ပြောဆိုခဲ့ပါတယ်။

ဆာအူလ်ဟာ ယခုအခါ လန်ဒန်မှာ ချဲလ်ဆီးအသင်းနှင့်အတူ လေ့ကျင့်နေပါတယ်။ချဲလ်ဆီးမှာ ကျောနံပါတ် ၁၇ ဂျာစီကို ဝတ်ဆင်သွားမည်ဖြစ်ပြီး ယခုတစ်ပတ်အတွင်း ကစားမည့် ချဲလ်ဆီးရဲ့ အိမ်ကွင်းပွဲစဉ်နှစ်ပွဲဖြစ်တဲ့ ဗီလာနှင့်ပရီးမီးယားလိဂ်ပွဲစဉ်နှင့် ဇင်းနစ်နှင့်ချန်ပီယံလိဂ် ပွဲစဉ်တို့တွင် ပါဝင်လာဖွယ်ရှိပါတယ်။

Zawgyi Version

ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္ကစားသမားသစ္ ဆာအူလ္က က ပရီးမီးယားလိဂ္မွာ တိုးတက္လာၿပီး အသြင္သစ္ျဖင့္ သူ႕ရဲ႕ေျခစြမ္းကို ျမင္ေတြ႕ရမည္ဟု ထုတ္ေဖာ္ေျပာဆို လိုက္ပါတယ္။ စပိန္လက္ေ႐ြးစင္ ကြင္းလယ္လူ ဆာအူလ္ဟာ အေျပာင္းအေ႐ႊ႕ရဲ႕ ‌ေနာက္ဆုံးေန႕မွာ အက္သလက္တီကိုမက္ဒရစ္မွ ခ်ဲလ္ဆီးသို႔ ေရာက္ရွိလာျခင္း ျဖစ္ပါတယ္။

ဆာအူလ္ဟာ ခ်ဲလ္ဆီးအသင္း ကြင္းလယ္မွာ ကန္ေတ၊ ေဂ်ာ္ဂ်င္ဟို၊ ကိုဗာဆစ္တို႔ႏွင့္အၿပိဳင္ ေနရာရရွိေရး ႀကိဳးပမ္းသြားရမွာ ျဖစ္ပါတယ္။အၿပိဳင္အဆိုင္ ႀကိဳးစားရမွာ ျဖစ္ေပမယ့္ စတန္းဖို႔ဘရစ္ခ်္မွာ ေနရာတစ္ေနရာ အခိုင္အမာရမည္ဟု ယုံၾကည္ေၾကာင္း နီဂက္စ္က ေျပာဆိုထားပါတယ္။

“ခ်ဲလ္ဆီးမွာရွိေနတဲ့ ကြင္းလယ္ကစားသမား သုံးေယာက္စလုံးက အဆင့္သိပ္ျမင့္ပါတယ္။ သူတို႔နဲ႕ ယွဥ္ၿပိဳင္ဖို႔က ခက္ပါလိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္ စိတ္ႏွစ္ျမႇုပ္ၿပီး ႀကိဳးစားရင္ ေနရာရနိုင္မယ္လို႔ ယူဆပါတယ္။ ကြၽန္ေတာ့္ရဲ႕ အႀကိဳက္ဆုံးေနရာမွာ

ကစားခြင့္ရဖို႔ ခ်ဲလ္ဆီးက ကတိေပးထားပါတယ္။ ဒီကိစၥက ကြၽန္ေတာ့္ရဲ႕ အသင္းေျပာင္းေ႐ႊ႕ေရးမွာ အဓိကက်တဲ့အခ်က္ ျဖစ္ပါတယ္။ အသင္းေျပာင္းလာၿပီးတဲ့ေနာက္ ပိုေကာင္းတဲ့ေျခစြမ္းနဲ႕ နီဂက္စ္ကို ျမင္ေတြ႕ရမွာပါ”ဟု ဆာအူလ္က ေျပာဆိုခဲ့ပါတယ္။

ဆာအူလ္ဟာ ယခုအခါ လန္ဒန္မွာ ခ်ဲလ္ဆီးအသင္းႏွင့္အတူ ေလ့က်င့္ေနပါတယ္။ခ်ဲလ္ဆီးမွာ ေက်ာနံပါတ္ ၁၇ ဂ်ာစီကို ဝတ္ဆင္သြားမည္ျဖစ္ၿပီး ယခုတစ္ပတ္အတြင္း ကစားမည့္ ခ်ဲလ္ဆီးရဲ႕ အိမ္ကြင္းပြဲစဥ္ႏွစ္ပြဲျဖစ္တဲ့ ဗီလာႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္ႏွင့္ ဇင္းနစ္ႏွင့္ခ်န္ပီယံလိဂ္ ပြဲစဥ္တို႔တြင္ ပါဝင္လာဖြယ္ရွိပါတယ္။