Spots news

သွင်းဂိုးတွေ သွင်းလို့ အားမရသေးဘူးဆိုတဲ့ နော်ဝေကြယ်ပွင့် ဟာလန်း

Unicode Version

နော်ဝင်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းက သူ့ရဲ့ ကစားသမားဘဝ သွင်းဂိုး အရေအတွက် လုံလောက်မှု မရှိသေးကြောင်း အားမရသေးဘူးလို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။ ဟာလန်းဟာ ဂျီဘရော်တာနဲ့ ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် နော်ဝေအသင်းအတွက် ၁၅ပွဲမှာ ၁၂ဂိုးသွင်းယူထားနိုင်ပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့ဘောလုံး လောကရဲ့ အလားအလာ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ ကလပ်အသင်းအတွက် ယခုရာသီ ၅ပွဲမှာ ၆ဂိုးသွင်းယူထားပြီးဖြစ်သလို လက်ရွေးစင်အသင်းအတွက်လည်း ဂိုးတွေ သွင်းယူနေဆဲဖြစ်ပါတယ်။

ဂျီဘရော်တာနဲ့ပွဲမတိုင်ခင် လတ်ဗီးယား၊ နယ်သာလန်တို့နဲ့ပွဲတွေမှာလည်း တစ်ဂိုးစီသွင်းယူခဲ့တဲ့ ဟာလန်းဟာ လက်ရှိဂိုးသွင်းနှုန်းကို အားမရနိုင်သေးဘဲ ဆက်လက်ကြိုးစားသွားဦးမယ်လို့ ပြောပါတယ်။ ”ကျွန်တော့်အနေနဲ့ ဂိုးတွေ

လုံလုံလောက်လောက် မသွင်းနိုင်သေးပါဘူး။ ဒါပေမဲ့ ပျမ်းမျှတစ်ပွဲ တစ်ဂိုးနှုန်းတော့ သွားနေပါတယ်။ ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးခံယူချက်အနေနဲ့ ပွဲအရေအတွက် သွင်းဂိုးပမာဏပိုများသင့်တယ်လို့ ထင်ပါတယ်”လို့ ဟာလန်းက ပြောပါတယ်။

ဟာလန်းဟာ အခုမှ အသက် ၂၁နှစ်ပဲရှိသေးပြီး ၃၃ဂိုးနဲ့ နော်ဝေရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဂျော်ဂျင်ဂျူဗီရဲ့မှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးများနေပါတယ်။ နော်ဝေအသင်းနည်းပြ ဆိုလ်ဘက်ကန်က လာမယ့် ၃၊ ၄နှစ်အတွင်း အဲဒီစံချိန်ကို ဟာလန်းချိုးဖျက်နိုင်လိမ့်မယ်လို့ မှတ်ချက်ပေးထားပါတယ်။

Zawgyi Version

ေနာ္ဝင္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ တိုက္စစ္မႉး ဟာလန္းက သူ႕ရဲ႕ ကစားသမားဘဝ သြင္းဂိုး အေရအတြက္ လုံေလာက္မႈ မရွိေသးေၾကာင္း အားမရေသးဘူးလို႔ ဖြင့္ဟ ေျပာဆိုလိုက္ပါတယ္။ ဟာလန္းဟာ ဂ်ီဘေရာ္တာနဲ႕ ပြဲမွာ ဟက္ထရစ္သြင္းယူနိုင္ခဲ့ၿပီးေနာက္ ေနာ္ေဝအသင္းအတြက္ ၁၅ပြဲမွာ ၁၂ဂိုးသြင္းယူထားနိုင္ပါတယ္။

လက္ရွိအခ်ိန္မွာ ကမာၻ႔ေဘာလုံး ေလာကရဲ႕ အလားအလာ အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္တဲ့ ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းဟာ ကလပ္အသင္းအတြက္ ယခုရာသီ ၅ပြဲမွာ ၆ဂိုးသြင္းယူထားၿပီးျဖစ္သလို လက္ေ႐ြးစင္အသင္းအတြက္လည္း ဂိုးေတြ သြင္းယူေနဆဲျဖစ္ပါတယ္။

ဂ်ီဘေရာ္တာနဲ႕ပြဲမတိုင္ခင္ လတ္ဗီးယား၊ နယ္သာလန္တို႔နဲ႕ပြဲေတြမွာလည္း တစ္ဂိုးစီသြင္းယူခဲ့တဲ့ ဟာလန္းဟာ လက္ရွိဂိုးသြင္းႏႈန္းကို အားမရနိုင္ေသးဘဲ ဆက္လက္ႀကိဳးစားသြားဦးမယ္လို႔ ေျပာပါတယ္။ ”ကြၽန္ေတာ့္အေနနဲ႕ ဂိုးေတြ

လုံလုံေလာက္ေလာက္ မသြင္းနိုင္ေသးပါဘူး။ ဒါေပမဲ့ ပ်မ္းမွ်တစ္ပြဲ တစ္ဂိုးႏႈန္းေတာ့ သြားေနပါတယ္။ ကြၽန္ေတာ့္ရဲ႕ပုဂၢိဳလ္ေရးခံယူခ်က္အေနနဲ႕ ပြဲအေရအတြက္ သြင္းဂိုးပမာဏပိုမ်ားသင့္တယ္လို႔ ထင္ပါတယ္”လို႔ ဟာလန္းက ေျပာပါတယ္။

ဟာလန္းဟာ အခုမွ အသက္ ၂၁ႏွစ္ပဲရွိေသးၿပီး ၃၃ဂိုးနဲ႕ ေနာ္ေဝရဲ႕ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ထားတဲ့ ေဂ်ာ္ဂ်င္ဂ်ဴဗီရဲ႕မွတ္တမ္းကို ေက်ာ္ျဖတ္နိုင္ဖို႔ အခြင့္အေရးမ်ားေနပါတယ္။ ေနာ္ေဝအသင္းနည္းျပ ဆိုလ္ဘက္ကန္က လာမယ့္ ၃၊ ၄ႏွစ္အတြင္း အဲဒီစံခ်ိန္ကို ဟာလန္းခ်ိဳးဖ်က္နိုင္လိမ့္မယ္လို႔ မွတ္ခ်က္ေပးထားပါတယ္။