Spots news

အဆန်စီယိုကို ဇန်နဝါရီအပြောင်းအရွေ့ကာလမှာ ခေါ်ယူဖို့ ပြင်ဆင်ထားတဲ့ လီဗာပူး

Unicode Version

လီဗာပူးအသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့စျေးကွက်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန် ကွင်းလယ်ကစားသမား အဆန်စီယိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းနဲ့ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

စပိန်ကွင်းလယ် ကစားသမား အဆန်စီယိုဟာ ရီးရဲလ်မက်ဒရစ်မှာ ပုံမှန်ပွဲထွက်ခွင့် မရှိပဲ ဒီရာသီမှာလဲ တစ်ပွဲမှ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ကစားခွင့် မရရှိထားပဲ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ အရန်ကစားသမားအဖြစ် ၃ ပွဲလုံးကို ကစားထားရပါတယ်။

ထို့ကြောင့် အဆန်စီယိုဟာ ဇန်နဝါရီမှာ ရီးရဲလ်ကနေ ထွက်ခွာသွားဖို့ အလိုရှိနေပြီးကို အဆန်စီယိုကို ခေါ်ယူဖို့ အတွက် လီဗာပူးအသင်းအပြင် စပါးအသင်းကနေ ခေါ်ယူချင်နေပြီး အေစီမီလန်အသင်းကလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။

လီဗာပူးအသင်းဟာ ဝိုင်နယ်ဒန်ကို အသင်းကနေ လက်လွတ်ထားရပြီးကတည်းက အစားထိုး ခေါ်ယူမှုတွေ မလုပ်ဆောင်ထားတာကြောင့် အဆန်စီယိုကိုသာ ခေါ်ယူဖို့ အလိုရှိနေပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ပုံမှန်နေရာတစ်ခု ပေးလာနိုင်မှာ ဖြစ်တဲ့အတွက် အဆန်စီယိုအနေနဲ့လဲ ပုံမှန်ပွဲထွက်ခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းကတော့ ကွင်းလယ်လူ အဆန်စီယိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၃၄ သန်းလောက်အထိ အလိုရှိနေပြီး လီဗာပူးဘက်ကလည်း ပေါင် ၂၆ သန်းနဲ့သာ ကမ်းလှမ်းချင်နေတာကြောင့် ပြောင်းရွှေ့ကြေးပိုင်းကို ဆက်လက်ညှိနှိုင်းရဖွယ် ရှိနေပါတယ်။

Zawgyi Version

လီဗာပူးအသင္းဟာ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္း ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ စပိန္ ကြင္းလယ္ကစားသမား အဆန္စီယိုကို ေခၚယူဖို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၆ သန္းနဲ႕ ကမ္းလွမ္းမႈေတြ စတင္လုပ္ေဆာင္သြားဖို႔ ျပင္ဆင္ေနၿပီ ျဖစ္ေၾကာင္း သိရပါတယ္။

စပိန္ကြင္းလယ္ ကစားသမား အဆန္စီယိုဟာ ရီးရဲလ္မက္ဒရစ္မွာ ပုံမွန္ပြဲထြက္ခြင့္ မရွိပဲ ဒီရာသီမွာလဲ တစ္ပြဲမွ ပြဲထြက္ ကစားသမားအျဖစ္ ပါဝင္ကစားခြင့္ မရရွိထားပဲ ၿပီးခဲ့တဲ့ ပြဲစဥ္ေတြမွာ အရန္ကစားသမားအျဖစ္ ၃ ပြဲလုံးကို ကစားထားရပါတယ္။

ထို႔ေၾကာင့္ အဆန္စီယိုဟာ ဇန္နဝါရီမွာ ရီးရဲလ္ကေန ထြက္ခြာသြားဖို႔ အလိုရွိေနၿပီးကို အဆန္စီယိုကို ေခၚယူဖို႔ အတြက္ လီဗာပူးအသင္းအျပင္ စပါးအသင္းကေန ေခၚယူခ်င္ေနၿပီး ေအစီမီလန္အသင္းကလည္း ေစာင့္ၾကည့္လ်က္ ရွိေနပါတယ္။

လီဗာပူးအသင္းဟာ ဝိုင္နယ္ဒန္ကို အသင္းကေန လက္လြတ္ထားရၿပီးကတည္းက အစားထိုး ေခၚယူမႈေတြ မလုပ္ေဆာင္ထားတာေၾကာင့္ အဆန္စီယိုကိုသာ ေခၚယူဖို႔ အလိုရွိေနၿပီး အသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ ပုံမွန္ေနရာတစ္ခု ေပးလာနိုင္မွာ ျဖစ္တဲ့အတြက္ အဆန္စီယိုအေနနဲ႕လဲ ပုံမွန္ပြဲထြက္ခြင့္ေတြ ရရွိမွာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ အသင္းကေတာ့ ကြင္းလယ္လူ အဆန္စီယိုအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၃၄ သန္းေလာက္အထိ အလိုရွိေနၿပီး လီဗာပူးဘက္ကလည္း ေပါင္ ၂၆ သန္းနဲ႕သာ ကမ္းလွမ္းခ်င္ေနတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးပိုင္းကို ဆက္လက္ညွိႏွိုင္းရဖြယ္ ရွိေနပါတယ္။