Spots news

ရိုက်စ်ထက် ဈေးတစ်ဝက်သက်သာတဲ့ ကယ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ မန်ယူကို အကြံပေး

Unicode Version

မန်စီးတီးအသင်းရဲ့ ကစားသမားဟောင်း စကော့ ဆင်ကလဲယား ကတော့ လက်ရှိမှာ ကွင်းလယ်ခံစစ်ပိုင်း သိသိသာသာ အားနည်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ လိဒ်ယူနိုက်တက်အသင်းနဲ့ အတူ ခြေစွမ်းပြကစားနေတဲ့ အင်္ဂလန်လူငယ် ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင်ဖီးလစ်ကို ခေါ်ယူသင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်မှာတော့ ပေါ့ဘာ ၊ ဖရက်ဒ် ၊ တော်မီနေး ၊ မာတစ် ၊ ဗန်ဒီဘိခ် စတဲ့ ဗဟို ကွင်းလယ်ကစားသမား တွေရှိနေပေမယ့် မာတစ်တဦးထဲသာ ကွင်းလယ်ခံစစ်မှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိပြီး မာတစ်ကလည်း အသက်အရွယ်ကြောင့် ပုံမှန် ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ဖို့ ခက်ခဲနေပါတယ်။

ထို့ကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့နဲ့ နွေရာသီ အပြောင်းအရွှေ့တို့မှာ ထိပ်သီး ကွင်းလယ်ခံစစ် ကစားသမား တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေပြီး လက်ရှိ အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကွင်းလယ်လူ ကတော့ အင်္ဂလန်လက်‌ရွေးစင် ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ် ဖြစ်ပါတယ်။

ဆင်ကလဲယား ကတော့ ယူနိုက်တက် အသင်းအ‌နေနဲ့ ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်း ဝန်းကျင်အထိ အကုန်အကျခံကာ ခေါ်ယူရမယ့် ဒီကလန်ရိုက်စ် အစား ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင်နဲ့ ရရှိနိုင်ပြီး ဈေးတစ်ဝက်သက်သာမယ့် ကယ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ဆင်ကလဲယားက “ကယ်ဗင်ဖီးလစ်က အသင်းကြီး တသင်းမှာ ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ ။ကွင်းလယ်ခံစစ် ကစားသမား တဦးကို ရှာဖွေနေတဲ့ ယူနိုက်တက်အသင်းဟာ သူ့ကို ခေါ်ယူဖို့ မကြိုးစားတာကို အံ့အားသင့်မိပါတယ်။ ကျွန်တော့်အမြင်မှာတော့ ယူနိုက်တက်ကသာ ကွင်းလယ်ခံစစ်နေရာကို ဖြည့်တင်းနိုင်ခဲ့ရင် ချန်ပီယံဆုကို ကျိန်းသေ စိန်ခေါ်နိုင်ပါပြီ” လို့ တိုက်တွန်းစကား ပြောကြားခဲ့ပါတယ်။

Zawgyi Version

မန္စီးတီးအသင္းရဲ႕ ကစားသမားေဟာင္း စေကာ့ ဆင္ကလဲယား ကေတာ့ လက္ရွိမွာ ကြင္းလယ္ခံစစ္ပိုင္း သိသိသာသာ အားနည္းေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္း အေနနဲ႕ လိဒ္ယူနိုက္တက္အသင္းနဲ႕ အတူ ေျခစြမ္းျပကစားေနတဲ့ အဂၤလန္လူငယ္ ကြင္းလယ္ခံစစ္ ကစားသမား ကယ္ဗင္ဖီးလစ္ကို ေခၚယူသင့္ေၾကာင္း အႀကံေပးသြားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္မွာေတာ့ ေပါ့ဘာ ၊ ဖရက္ဒ္ ၊ ေတာ္မီေနး ၊ မာတစ္ ၊ ဗန္ဒီဘိခ္ စတဲ့ ဗဟို ကြင္းလယ္ကစားသမား ေတြရွိေနေပမယ့္ မာတစ္တဦးထဲသာ ကြင္းလယ္ခံစစ္မွာ အေကာင္းဆုံး ကစားနိုင္စြမ္း ရွိၿပီး မာတစ္ကလည္း အသက္အ႐ြယ္ေၾကာင့္ ပုံမွန္ ေျခစြမ္းေကာင္း တရပ္ကို ျပသနိုင္ဖို႔ ခက္ခဲေနပါတယ္။

ထို႔ေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕နဲ႕ ေႏြရာသီ အေျပာင္းအေ႐ႊ႕တို႔မွာ ထိပ္သီး ကြင္းလယ္ခံစစ္ ကစားသမား တဦးကို ေခၚယူဖို႔ ခ်ိန္႐ြယ္ေနၿပီး လက္ရွိ အသင္းရဲ႕ နံပါတ္တစ္ ပစ္မွတ္ ကြင္းလယ္လူ ကေတာ့ အဂၤလန္လက္‌ေ႐ြးစင္ ဝက္စ္ဟမ္းအသင္းရဲ႕ ကြင္းလယ္လူ ဒီကလန္ရိုက္စ္ ျဖစ္ပါတယ္။

ဆင္ကလဲယား ကေတာ့ ယူနိုက္တက္ အသင္းအ‌ေနနဲ႕ ေျပာင္းေ႐ႊ႕ေၾကး ေပါင္၁၀၀သန္း ဝန္းက်င္အထိ အကုန္အက်ခံကာ ေခၚယူရမယ့္ ဒီကလန္ရိုက္စ္ အစား ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၀သန္း ဝန္းက်င္နဲ႕ ရရွိနိုင္ၿပီး ေဈးတစ္ဝက္သက္သာမယ့္ ကယ္ဗင္ဖီးလစ္ကို ေခၚယူဖို႔ ႀကိဳးစားသင့္တယ္လို႔ တိုက္တြန္းခဲ့ပါတယ္။

ဆင္ကလဲယားက “ကယ္ဗင္ဖီးလစ္က အသင္းႀကီး တသင္းမွာ ကစားဖို႔ အဆင္သင့္ ျဖစ္ေနပါၿပီ ။ကြင္းလယ္ခံစစ္ ကစားသမား တဦးကို ရွာေဖြေနတဲ့ ယူနိုက္တက္အသင္းဟာ သူ႕ကို ေခၚယူဖို႔ မႀကိဳးစားတာကို အံ့အားသင့္မိပါတယ္။ ကြၽန္ေတာ့္အျမင္မွာေတာ့ ယူနိုက္တက္ကသာ ကြင္းလယ္ခံစစ္ေနရာကို ျဖည့္တင္းနိုင္ခဲ့ရင္ ခ်န္ပီယံဆုကို က်ိန္းေသ စိန္ေခၚနိုင္ပါၿပီ” လို႔ တိုက္တြန္းစကား ေျပာၾကားခဲ့ပါတယ္။