Unicode Version
ဝါရင့်တိုက်စစ်မှူးကြီးကားလို့စ်တဲဗက်ဇ်ဟာ ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေပြီဖြစ်လို့ သူသာ အနားယူဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီဆိုရင် သူနဲ့အတူ ကလပ်အသင်းများစွာ တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းတွေနဲ့ သူရဲ့နှုတ်ဆက်ပွဲကို ကျင်းပသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တဲဗက်ဇ်ဟာ မန်ယူနိုက်တက် မန်စီးတီး ဝက်စ်ဟမ်း ဂျုဗင်တပ်စတဲ့ ထိပ်တန်း ကလပ်အသင်းတွေအပြင် တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာ ဘရာဇီးလ်ကလပ် ကိုရင်သီယန်နဲ့ သူရဲ့မွေးရပ်မြေကလပ် ဘိုကာဂျူနီယာအသင်းတွေမှာ ကစားသမားဘဝကို ကျင်လည်ခဲ့ဖူးတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ တဲဗက်ဇ်ဟာ ဘိုကာဂျူနီယာအသင်းနဲ့ လမ်းခွဲခဲ့တဲ့နောက်မှာ ကစားသမားဘဝကနေ ခေတ္တအနားယူဖို့ လိုအပ်တယ်ဆိုပြီး အခုချိန်ထိ ဘယ်အသင်းနဲ့မှ လက်မတွဲပဲ Free Agent ကစားသမားအဖြစ် ဆက်ရှိနေသလို အနားယူဖို့ကလည်း မသေချာသေးဘူးလို့ သိရှိရပါတယ်။
တဲဗက်ဇ်က “ ကျွန်တော် အနားယူဖြစ်မယ်ဆိုရင် နှုတ်ဆက်ပွဲတစ်ပွဲကို ကျင်းပချင်ပါတယ်။ ဂိုးသမားဘူဖွန် ညာနောက်ခံလူ ဟူဂိုအီဘားယာ ရီယိုဖာဒီနန်နဲ့ ဂါဘရီရယ်ဟိန့်ဇ် ဘယ်ခြမ်းမှာ အီဗရာ
ကွင်းလယ်မှာ ပီယာလို ပေါလ်ပေါ့ဘာနဲ့ ပေါလ်စခိုး တိုက်စစ်မှာက ရော်နယ်လ်ဒို လီယွန်နယ်မက်ဆီနဲ့ ဝိန်းရွန်နီတို့ ထားမယ်။ ကျွန်တော်ကတော့ အရန်ခုံမှာပဲ ထိုင်ကြည့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
တဲဗက်ဇ် ရွေးချယ်သွားတဲ့ ကစားသမားထဲမှာ အသင်းဟောင်း ယူနိုက်တက်က(၅)ယောက်အထိ ပါဝင်လာခဲ့ပြီး ဂျုဗင်တပ်စ်အသင်းရဲ့ ကစားသမားတွေကို ၄ ယောက်အထိ ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် မန်စီးတီးအသင်းမှာ ကစားခဲ့တုန်း တွဲဖက်ကစားခဲ့သူတွေတော့ ပါဝင်လာခြင်း မရှိပါဘူး။
Zawgyi Version
ဝါရင့္တိုက္စစ္မႉးႀကီး ကားလို႔စ္တဲဗက္ဇ္ဟာ ကစားသမားဘဝ ေနဝင္ခ်ိန္ကို ေရာက္ရွိေနၿပီျဖစ္လို႔ သူသာ အနားယူဖို႔ ဆုံးျဖတ္ခ်က္ ခ်လိဳက္ၿပီဆိုရင္ သူနဲ႕အတူ ကလပ္အသင္းမ်ားစြာ တြဲဖက္ကစားခဲ့ဖူးတဲ့ အသင္းေဖာ္ေဟာင္းေတြနဲ႕ သူရဲ႕ႏႈတ္ဆက္ပြဲကို က်င္းပသြားမယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
တဲဗက္ဇ္ဟာ မန္ယူနိုက္တက္ မန္စီးတီး ဝက္စ္ဟမ္း ဂ်ဳဗင္တပ္စတဲ့ ထိပ္တန္း ကလပ္အသင္းေတြအျပင္ တ႐ုတ္စူပါလိဂ္ကလပ္ ရွန္ဟိုင္းရွင္ဟြာ ဘရာဇီးလ္ကလပ္ ကိုရင္သီယန္နဲ႕ သူရဲ႕ေမြးရပ္ေျမကလပ္ ဘိုကာဂ်ဴနီယာအသင္းေတြမွာ ကစားသမားဘဝကို က်င္လည္ခဲ့ဖူးတာ ျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ တဲဗက္ဇ္ဟာ ဘိုကာဂ်ဴနီယာအသင္းနဲ႕ လမ္းခြဲခဲ့တဲ့ေနာက္မွာ ကစားသမားဘဝကေန ေခတၱအနားယူဖို႔ လိုအပ္တယ္ဆိုၿပီး အခုခ်ိန္ထိ ဘယ္အသင္းနဲ႕မွ လက္မတြဲပဲ Free Agent ကစားသမားအျဖစ္ ဆက္ရွိေနသလို အနားယူဖို႔ကလည္း မေသခ်ာေသးဘူးလို႔ သိရွိရပါတယ္။
တဲဗက္ဇ္က “ ကြၽန္ေတာ္ အနားယူျဖစ္မယ္ဆိုရင္ ႏႈတ္ဆက္ပြဲတစ္ပြဲကို က်င္းပခ်င္ပါတယ္။ ဂိုးသမားဘူဖြန္ ညာေနာက္ခံလူ ဟူဂိုအီဘားယာ ရီယိုဖာဒီနန္နဲ႕ ဂါဘရီရယ္ဟိန႔္ဇ္ ဘယ္ျခမ္းမွာ အီဗရာ
ကြင္းလယ္မွာ ပီယာလို ေပါလ္ေပါ့ဘာနဲ႕ ေပါလ္စခိုး တိုက္စစ္မွာက ေရာ္နယ္လ္ဒို လီယြန္နယ္မက္ဆီနဲ႕ ဝိန္း႐ြန္နီတို႔ ထားမယ္။ ကြၽန္ေတာ္ကေတာ့ အရန္ခုံမွာပဲ ထိုင္ၾကည့္မယ္” လို႔ ေျပာဆိုသြားခဲ့ပါတယ္။
တဲဗက္ဇ္ ေ႐ြးခ်ယ္သြားတဲ့ ကစားသမားထဲမွာ အသင္းေဟာင္း ယူနိုက္တက္က(၅)ေယာက္အထိ ပါဝင္လာခဲ့ၿပီး ဂ်ဳဗင္တပ္စ္အသင္းရဲ႕ ကစားသမားေတြကို ၄ ေယာက္အထိ ပါဝင္ခဲ့ပါတယ္။ သို႔ေပမယ့္ မန္စီးတီးအသင္းမွာ ကစားခဲ့တုန္း တြဲဖက္ကစားခဲ့သူေတြေတာ့ ပါဝင္လာျခင္း မရွိပါဘူး။