Spots news

အက်စတွန်ဗီလာနဲ့ပွဲကို လွဲချော်ဖွယ်ရှိနေတဲ့ ချဲလ်ဆီးတိုက်စစ်ကစားသမား ပူလီဆစ်

Unicode Version

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ပူလီဆစ်ဟာ ဒဏ်ရာပြသနာကြောင့် ယခုအပတ် ကစားမယ့် အက်စတွန်ဗီလာ အသင်း နဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖွယ် မရှိကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံ လက်ရွေးစင် ပူလီဆစ်ဟာ ကိုဗစ်‌ကနေ ပြန်လည် သက်သာလာခဲ့ပြီးနောက် နိုင်ငံအတွက် ပွဲစဉ် ၂ပွဲကို ပါဝင်ကစားပေးခဲ့ပါတယ်။

ပူလီဆစ်ဟာ ဟွန်ဒူးရပ်စ်ကို ၄-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာကြောင့် ပွဲချိန် ၆၂မိနစ်မှာ လူစားလဲခဲ့ရပါတယ်။ အမေရိကန် လက်ရွေးစင် အသင်းနည်းပြ ဘာဟော်တာကလည်း ချဲလ်ဆီးကစားသမား ပူလီဆစ်တစ်ယောက် ဒဏ်ရာစစ်ဆေးဖို့ အသင်းကို ပြန်သွားကြောင်း ပြောပြခဲ့ပါတယ်။

ဘာဟော်တာက “ခရစ္စတီယန်က ခြေကျင်းဝတ်ဒဏ်ရာ အနည်းငယ်ရခဲ့ပါတယ်။ သူ ဒဏ်ရာကို စစ်ဆေးဖို့ လန်ဒန်ပြန်သွားပြီး အဲ့ဒီအချိန်ကျ ထပ်ပြီး သိရမှာပါ”လို့ ပြောခဲ့ပါတယ်။ ပူလီဆစ်ဟာ ချဲလ်ဆီးမှာ ဒဏ်ရာပြဿနာ အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂၀၁၉-၂၀ရာသီက ၁၅ပွဲထိကို လွဲချော်ခဲ့ပါတယ်။

ယခုနှစ်ဘောလုံးရာသီမှာတော့ အဖွင့်ပွဲစဉ်အဖြစ် ပဲလေ့စ်ကို ၃-၀ ဖြင့်အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာတော့ ပူလီဆစ်တစ်ယောက် ပါဝင်ကစားခဲ့ပါတယ်။ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲအပြီးမှာ ရမှတ် ၇ မှတ်ဖြင့် အဆင့် ၄ နေရာမှာ ရပ်တည်လျက် ရှိပါတယ်

Zawgyi Version

ပရီးမီးယားလိဂ္ ကလပ္ ခ်ဲလ္ဆီးအသင္းရဲ႕ အဓိက ကစားသမားျဖစ္တဲ့ ပူလီဆစ္ဟာ ဒဏ္ရာျပသနာေၾကာင့္ ယခုအပတ္ ကစားမယ့္ အက္စတြန္ဗီလာ အသင္း နဲ႕ပြဲစဥ္မွာ ပါဝင္နိုင္ဖြယ္ မရွိေၾကာင္း သိရပါတယ္။ အေမရိကန္နိုင္ငံ လက္ေ႐ြးစင္ ပူလီဆစ္ဟာ ကိုဗစ္‌ကေန ျပန္လည္ သက္သာလာခဲ့ၿပီးေနာက္ နိုင္ငံအတြက္ ပြဲစဥ္ ၂ပြဲကို ပါဝင္ကစားေပးခဲ့ပါတယ္။

ပူလီဆစ္ဟာ ဟြန္ဒူးရပ္စ္ကို ၄-၁ဂိုးနဲ႕ အနိုင္ရခဲ့တဲ့ ပြဲစဥ္မွာေတာ့ ေျခက်င္းဝတ္ဒဏ္ရာ ရရွိသြားခဲ့ျခင္းျဖစ္ၿပီး ဒဏ္ရာေၾကာင့္ ပြဲခ်ိန္ ၆၂မိနစ္မွာ လူစားလဲခဲ့ရပါတယ္။ အေမရိကန္ လက္ေ႐ြးစင္ အသင္းနည္းျပ ဘာေဟာ္တာကလည္း ခ်ဲလ္ဆီးကစားသမား ပူလီဆစ္တစ္ေယာက္ ဒဏ္ရာစစ္ေဆးဖို႔ အသင္းကို ျပန္သြားေၾကာင္း ေျပာျပခဲ့ပါတယ္။

ဘာေဟာ္တာက “ခရစၥတီယန္က ေျခက်င္းဝတ္ဒဏ္ရာ အနည္းငယ္ရခဲ့ပါတယ္။ သူ ဒဏ္ရာကို စစ္ေဆးဖို႔ လန္ဒန္ျပန္သြားၿပီး အဲ့ဒီအခ်ိန္က် ထပ္ၿပီး သိရမွာပါ”လို႔ ေျပာခဲ့ပါတယ္။ ပူလီဆစ္ဟာ ခ်ဲလ္ဆီးမွာ ဒဏ္ရာျပႆနာ အမ်ားအျပားနဲ႕ ရင္ဆိုင္ခဲ့ရၿပီး ၂၀၁၉-၂၀ရာသီက ၁၅ပြဲထိကို လြဲေခ်ာ္ခဲ့ပါတယ္။

ယခုႏွစ္ေဘာလုံးရာသီမွာေတာ့ အဖြင့္ပြဲစဥ္အျဖစ္ ပဲေလ့စ္ကို ၃-၀ ျဖင့္အနိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာေတာ့ ပူလီဆစ္တစ္ေယာက္ ပါဝင္ကစားခဲ့ပါတယ္။ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ ပြဲအၿပီးမွာ ရမွတ္ ၇ မွတ္ျဖင့္ အဆင့္ ၄ ေနရာမွာ ရပ္တည္လ်က္ ရွိပါတယ္