Spots news

မန်ယူနိုက်တက်ကို ခနတာအတွက် ပြန်လာတာမဟုတ်ဘူးဆိုတဲ့ ရော်နယ်ဒို

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို အိုးထရတ်ဖိုဒ့် အိမ်ပြန်ခရီးကို တဖန်ပြန်လည် ရောက်ရှိလာတာဟာ ခနတာ မဟုတ်ပဲ စာချုပ် ၂ နှစ်သာ ချုပ်ဆိုထားပေမယ့် ယူနိုက်တက်မှာပဲ ကာလရှည် ဆက်လက်ရှိနေဖို့ ရည်ရွယ်ထားတာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၀၃ခုနှစ်ကနေ ၂၀၀၉ခုနှစ်အထိ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ နည်းပြဖာဂူဆန် အောက်မှာ အကောင်းဆုံး ခြေစွမ်းပြကစားခဲ့ပြီး အောင်မြင်မှုတွေ ရယူခဲ့သလို ရီးရဲလ်မက်ဒရစ်နဲ့ ဂျုဗင်တပ်စ်အသင်းတွေဆီ ဆက်လက်ပြောင်းရွှေ့ခဲ့ပြီး အခုလက်ရှိမှာတော့ အသင်းဟောင်း ယူနိုက်တက်ဆီ တကျော့ပြန် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ သရဲနီဟောင်း ရော်နယ်ဒိုကို ၂ နှစ်စာချုပ်နဲ့ ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအထိ ကျော်လွန်ပြီး အသင်းမှာ ကာလရှည်ကြာစွာ ဆက်လက်ရှိနေနိုင်တယ်လို့ ရော်နယ်ဒိုက ပြောဆိုလာခဲ့ပါတယ်။

ရော်နယ်ဒိုက “ကျွန်တော် ဒီနေရာကို အလည်အပတ်သဘောနဲ့ ရောက်လာခဲ့တာ မဟုတ်ဘူး။ ကျွန်တော် ဒီဂျာစီကို ဝတ်ဆင်ခဲ့ပြီး အရေးပါလှတဲ့ အောင်မြင်မှုတွေကို အရယူဆောင်နိုင်ခဲ့တယ်။ အခုလည်း ဒီလို အောင်မြင်မှုတွေကို ထပ်မံရယူဖို့အတွက် ပြန်လာခဲ့တာပါ။

ကျွန်တော်နဲ့ ကျွန်တော်ရဲ့ အသင်းဖော်တွေအတူတူ စွမ်းဆောင်နိုင်ကြပါလိမ့်မယ်။ကျွန်တော် ယူနိုက်တက်နဲ့ ရှေ့ဆက်သွားဖို့ အဆင့်သင့်ပါပဲ။ ကျွန်တော်က ဒီအသင်းမှာ နောက် ၃၊၄ နှစ်အတွင်း အရေးပါ အရာရောက်တဲ့ သူတစ်ယောက်အဖြစ် ဆက်ရှိနေဦးမှာပါ” လို့ MUTV နဲ့ အင်တာဗျူးအစီအစဉ်မှာ ပြောဆိုသွားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္ဒို အိုးထရတ္ဖိုဒ့္ အိမ္ျပန္ခရီးကို တဖန္ျပန္လည္ ေရာက္ရွိလာတာဟာ ခနတာ မဟုတ္ပဲ စာခ်ဳပ္ ၂ ႏွစ္သာ ခ်ဳပ္ဆိုထားေပမယ့္ ယူနိုက္တက္မွာပဲ ကာလရွည္ ဆက္လက္ရွိေနဖို႔ ရည္႐ြယ္ထားတာ ျဖစ္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။

ေရာ္နယ္ဒိုဟာ ၂၀၀၃ခုႏွစ္ကေန ၂၀၀၉ခုႏွစ္အထိ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ နည္းျပဖာဂူဆန္ ေအာက္မွာ အေကာင္းဆုံး ေျခစြမ္းျပကစားခဲ့ၿပီး ေအာင္ျမင္မႈေတြ ရယူခဲ့သလို ရီးရဲလ္မက္ဒရစ္နဲ႕ ဂ်ဳဗင္တပ္စ္အသင္းေတြဆီ ဆက္လက္ေျပာင္းေ႐ႊ႕ခဲ့ၿပီး အခုလက္ရွိမွာေတာ့ အသင္းေဟာင္း ယူနိုက္တက္ဆီ တေက်ာ့ျပန္ ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

ယူနိုက္တက္အသင္းက အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ့ သရဲနီေဟာင္း ေရာ္နယ္ဒိုကို ၂ ႏွစ္စာခ်ဳပ္နဲ႕ ျပန္လည္ေခၚယူခဲ့တာ ျဖစ္ေပမယ့္လည္း ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းအထိ ေက်ာ္လြန္ၿပီး အသင္းမွာ ကာလရွည္ၾကာစြာ ဆက္လက္ရွိေနနိုင္တယ္လို႔ ေရာ္နယ္ဒိုက ေျပာဆိုလာခဲ့ပါတယ္။

ေရာ္နယ္ဒိုက “ကြၽန္ေတာ္ ဒီေနရာကို အလည္အပတ္သေဘာနဲ႕ ေရာက္လာခဲ့တာ မဟုတ္ဘူး။ ကြၽန္ေတာ္ ဒီဂ်ာစီကို ဝတ္ဆင္ခဲ့ၿပီး အေရးပါလွတဲ့ ေအာင္ျမင္မႈေတြကို အရယူေဆာင္နိုင္ခဲ့တယ္။ အခုလည္း ဒီလို ေအာင္ျမင္မႈေတြကို ထပ္မံရယူဖို႔အတြက္ ျပန္လာခဲ့တာပါ။

ကြၽန္ေတာ္နဲ႕ ကြၽန္ေတာ္ရဲ႕ အသင္းေဖာ္ေတြအတူတူ စြမ္းေဆာင္နိုင္ၾကပါလိမ့္မယ္။ကြၽန္ေတာ္ ယူနိုက္တက္နဲ႕ ေရွ႕ဆက္သြားဖို႔ အဆင့္သင့္ပါပဲ။ ကြၽန္ေတာ္က ဒီအသင္းမွာ ေနာက္ ၃၊၄ ႏွစ္အတြင္း အေရးပါ အရာေရာက္တဲ့ သူတစ္ေယာက္အျဖစ္ ဆက္ရွိေနဦးမွာပါ” လို႔ MUTV နဲ႕ အင္တာဗ်ဴးအစီအစဥ္မွာ ေျပာဆိုသြားခဲ့ပါတယ္။