Spots news

တောင်အမေရိကတိုက်ကြီးရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာတဲ့ မက်ဆီ

Unicode Version

ဒီနေ့မနက်ပိုင်းမှာ ကစားခဲ့တဲ့ ဘိုလီဗီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မက်ဆီက အာဂျင်တီးနားအတွက် ၃ ဂိုးအထိသွင်းယူခဲ့ကာ နိုင်ပွဲရယူပေးခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် အာဂျင်တီးနားပရိသတ်တွေရှေ့မှာ

ကိုပါအမေရိကဖလားကို ကိုင်မြှောက်ကာ အောင်ပွဲခံခဲ့တဲ့ မက်ဆီဟာ ပီလီရဲဲ့ တောင်အမေရိကဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး စုစုပေါင်း ၇၉ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ နိုင်ငံအသင်းအတွက် ကိုပါအမေရိကဖလားပြိုင်ပွဲကစကာ တောက်လျှောက်ခြေစွမ်းပြနေခဲ့တာလည်းဖြစ်ပါတယ်။ လက်ရွေးစင်ကစားသမားဘဝမှာ

ပထမဆုံးအကြိမ်အဖြစ် ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့ပြီး ပီလီရဲ့စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့လို့ မက်ဆီအတွက်တော့ ၂၀၂၁ ခုနှစ်က စိတ်ကျေနပ်စရာတွေဖြစ်ခဲ့ရပြီး အောင်မြင်တဲ့နှစ်လို့လည်း ဆိုရတော့မှာပါ။

မက်ဆီက အသင်းအတွက် ၁၄ မိနစ် နဲ့ ၆၅ နဲ့ ၈၉ မိနစ်တွေမှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း လက်ရွေးစင်အသင်းအတွက် ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၇ နောက်ပိုင်း

ဂိုးအများဆုံးပြန်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၂ မှာ အာ၈ျင်တီးနားအတွက် မက်ဆီက ၁၂ ဂိုးအထိ သွင်းယူပြီး ဂိုးအများဆုံးရတဲ့နှစ်ဖြစ်ခဲ့ကာ ဒီနှစ်မှာ အဆိုပါစံချိန်ကို လိုက်မီနိုင်မယ့် အခွင့်အရေးမျိုးကိုလည်း ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

အောက်တိုဘာလအတွင်းမှာ ပါရာဂွေး၊ ဥရုဂွေး နဲ့ ပီရူး၊ နိုဝင်ဘာလမှာ ဥရုဂွေး၊ ဘရာဇီးလ်တို့နဲ့ ကစားရဖို့ရှိနေပြီး တစ်ပွဲကိုတစ်ဂိုးနှုန်းသွင်းယူနိုင်ခဲ့မယ်ဆိုရင် အဆိုပါစံချိန်ကို လိုက်မီမှာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ တောင်အမေရိကတိုက်ရဲ့

ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မက်ဆီက နာမည်ကျော်ကစားသမားတွေကို ကျော်ဖြတ်ကာရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ခြေစစ်ပွဲအုပ်စုရပ်တည်မှုမှာတော့ အာဂျင်တီးနားက ၈ ပွဲကစားအပြီး ရှုံးပွဲမရှိသေးဘဲ ၁၈ မှတ်နဲ့ ဘရာဇီးလ်နောက် ဒုတိယနေရာမှာရှိနေပါတယ်။

Zawgyi Version

ဒီေန႕မနက္ပိုင္းမွာ ကစားခဲ့တဲ့ ဘိုလီဗီးယားနဲ႕ ကမာၻ႔ဖလားေျခစစ္ပြဲမွာ မက္ဆီက အာဂ်င္တီးနားအတြက္ ၃ ဂိုးအထိသြင္းယူခဲ့ကာ နိုင္ပြဲရယူေပးခဲ့ပါတယ္။ ဒီပြဲမတိုင္ခင္ အာဂ်င္တီးနားပရိသတ္ေတြေရွ႕မွာ

ကိုပါအေမရိကဖလားကို ကိုင္ျမႇောက္ကာ ေအာင္ပြဲခံခဲ့တဲ့ မက္ဆီဟာ ပီလီရဲဲ့ ေတာင္အေမရိကဂိုးသြင္းအမ်ားဆုံးစံခ်ိန္ကို ေက်ာ္ျဖတ္နိုင္ခဲ့ၿပီး စုစုေပါင္း ၇၉ ဂိုးအထိ ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ အာဂ်င္တီးနားတိုက္စစ္မႉးဟာ နိုင္ငံအသင္းအတြက္ ကိုပါအေမရိကဖလားၿပိဳင္ပြဲကစကာ ေတာက္ေလွ်ာက္ေျခစြမ္းျပေနခဲ့တာလည္းျဖစ္ပါတယ္။ လက္ေ႐ြးစင္ကစားသမားဘဝမွာ

ပထမဆုံးအႀကိမ္အျဖစ္ ကိုပါအေမရိကဖလားကို ရယူနိုင္ခဲ့ၿပီး ပီလီရဲ႕စံခ်ိန္ကိုပါ ေက်ာ္ျဖတ္နိုင္ခဲ့လို႔ မက္ဆီအတြက္ေတာ့ ၂၀၂၁ ခုႏွစ္က စိတ္ေက်နပ္စရာေတြျဖစ္ခဲ့ရၿပီး ေအာင္ျမင္တဲ့ႏွစ္လို႔လည္း ဆိုရေတာ့မွာပါ။

မက္ဆီက အသင္းအတြက္ ၁၄ မိနစ္ နဲ႕ ၆၅ နဲ႕ ၈၉ မိနစ္ေတြမွာ သြင္းယူေပးခဲ့တာလည္းျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္အတြင္း လက္ေ႐ြးစင္အသင္းအတြက္ ၈ ဂိုးအထိ သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး ၂၀၁၇ ေနာက္ပိုင္း

ဂိုးအမ်ားဆုံးျပန္သြင္းနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ၂၀၁၂ မွာ အာ၈်င္တီးနားအတြက္ မက္ဆီက ၁၂ ဂိုးအထိ သြင္းယူၿပီး ဂိုးအမ်ားဆုံးရတဲ့ႏွစ္ျဖစ္ခဲ့ကာ ဒီႏွစ္မွာ အဆိုပါစံခ်ိန္ကို လိုက္မီနိုင္မယ့္ အခြင့္အေရးမ်ိဳးကိုလည္း ပိုင္ဆိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေအာက္တိုဘာလအတြင္းမွာ ပါရာေဂြး၊ ဥ႐ုေဂြး နဲ႕ ပီ႐ူး၊ နိုဝင္ဘာလမွာ ဥ႐ုေဂြး၊ ဘရာဇီးလ္တို႔နဲ႕ ကစားရဖို႔ရွိေနၿပီး တစ္ပြဲကိုတစ္ဂိုးႏႈန္းသြင္းယူနိုင္ခဲ့မယ္ဆိုရင္ အဆိုပါစံခ်ိန္ကို လိုက္မီမွာလည္းျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေတာင္အေမရိကတိုက္ရဲ႕

ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ မက္ဆီက နာမည္ေက်ာ္ကစားသမားေတြကို ေက်ာ္ျဖတ္ကာရပ္တည္နိုင္ခဲ့ၿပီျဖစ္ပါတယ္။ ေျခစစ္ပြဲအုပ္စုရပ္တည္မႈမွာေတာ့ အာဂ်င္တီးနားက ၈ ပြဲကစားအၿပီး ရႈံးပြဲမရွိေသးဘဲ ၁၈ မွတ္နဲ႕ ဘရာဇီးလ္ေနာက္ ဒုတိယေနရာမွာရွိေနပါတယ္။